မူလွန်ကျောင်းအုပ်ဆရာမတဦးနဲ့အတူ စိတ်ကြွဆေးပြား သိန်း ၂၀၀ ကျော်ဖိုးဖမ်းမိ

နိုဝင်ဘာ ၂၇ -၂၀၁၈

ဗျဂ္ဃ (Voice Of Myanmar)

စစ်ကိုင်းတိုင်း၊ မုံရွာမြို့၊ နတ်လူထိပ်ပန်ရပ်ကွက်မှာ  မူလွန်ကျောင်းအုပ်၁ဦးထံကနေ 88/1 စာတမ်းပါ ပန်းရောင်စိတ်ကြွဆေးပြား ၁၉၈ ပြားစီပါ အထုပ် ၂၇ ထုပ် စုစုပေါင်း ၅၃၄၆ ပြား၊ ကာလပေါက်ဈေး ကျပ်သိန်းပေါင်း ၂၆၇ သိန်းကျော်တန်ဖိုးရှိ မူးယစ်ဆေးဝါးတွေကို ရှာဖွေတွေ့ရှိခဲ့ပြီး မူးယစ်ဆေးဝါးနဲ့အတူ ကျောင်းအုပ်ဆရာမ ဒေါ်နုနုလွင်နှင့် မူးယစ်ဆေးဝါး လာရောက်ပို့ဆောင်သူ ဒေါ်နာဘို တို့ကို ဖမ်းဆီးရမိခဲ့တာဖြစ်ပါတယ်။

အခုဖမ်းဆီးရမိမှုက မုံရွာမြို့မရဲစခန်း မူးယစ်ပုဒ်မ ၁၇/၂၀၁၈အမှုက ကွင်းဆက်ဖြစ်တယ်လို့လည်း ရဲတပ်ဖွဲ့သတင်းတွေအရသိရပါတယ်။ ကျောင်းအုပ်ဆရာမက ရှမ်းပြည်နယ်၊ တန့်ယန်းမြို့နယ်ကနေ ချောင်းဦးမြို့နယ်၊ ကံကြီးကုန်းကျေးရွာ၊ မူလွန်ကျောင်းမှာ ကျောင်းအုပ်အဖြစ် ၂၀၁၄ ခုနှစ်က အပြောင်းကျခဲ့ပြီး ဒေါ်နာဘိုကတော့ ရှမ်းပြည်နယ်၊ တန့်ယန်းမြို့နယ်၊ မိုင်းကောင်းကျေးရွာနေသူဖြစ်ကာ မူးယစ်ဆေးဝါး အရောင်းအဝယ်အတွက် ချိန်းဆိုတာကနေ မူးယစ်တပ်ဖွဲ့၊ ရဲတပ်ဖွဲ့၊ သက်သေတွေက အသွင်ယူ ဖမ်းဆီးရမိခဲ့တာဖြစ်ပါတယ်။

မူးယစ်ဆေးဝါးတွေနဲ့ ပတ်သက်ပြီး နောက်ထပ်လည်း ကွင်းဆက်တရားခံတွေဖမ်းဆီးဖို့အပြင် သိမ်းဆည်းစရာတွေ ကျန်နေသေးတယ်လို့ သိရပါတယ်။  လောလောဆယ်မှာတော့ ဖမ်းဆီးရမိထားတာတွေကို မုံရွာမြို့မစခန်းမှာ အမှုဖွင့် အရေးယူဖို့ လုပ်ဆောင်နေတယ်လို့ ရဲတပ်ဖွဲ့ ကနဦး သတင်းတွေမှာ ဖော်ပြထားပါတယ်။

#voiceofmyanmar #မူလွန်ကျောင်းဆရာမနဲ့မူးယစ်

Related posts

Leave a Comment

VOM News

FREE
VIEW