ကျောက်ဆည် ဒီဇင်ဘာ ၁၁-၂၀၁၈
မောင်တာရာ(VOM)
ကျောက်ဆည်မြို့မှာ ဒီဇင်ဘာလ ၁၀ ရက်နေ့ က မြွေမျိုးစုံ သယ်ဆောင်လာတဲ့ လိုင်စင်မဲ့မော်တော်ယာဉ် တစ်စီးကို ကျောက်ဆည်မြို့၊ ပေါက်တောမီးပွိုင့် အနီးမှာ စည်းကမ်းပျက်မော်တော်ယာဉ်တွေ ကို စစ်ဆေးဆောင်ရွက်နေတဲ့ အချိန်မှာ ဖမ်းဆီးရမိခဲ့ပါတယ်။
ဖမ်းဆီးတဲ့အချိန် 7K/4663နံပါတ်တပ်ထားတဲ့ TOYOTA IPSUM ကားဟာ စစ်ဆေးမှုတွေလုပ်နေတဲ့ ပေ၁၀၀အကွာမှာ ရုတ်တရက် ရပ်လိုက်ပြီး ယာဉ်မောင်းဖြစ်သူ ထွက်ပြေးသွားတာတွေ့ရှိရတဲ့ အတွက် မသင်္ကာ၍ ကားကို စစ်ဆေးရာလိုင်စင်မဲ့ မော်တော်ယာဉ် ဖြစ်နေတာကို တွေ့ရှိရပြီး ယာဉ်ပေါ်မှာ ပလပ်စတစ်ခြင်း ၂၂ ခြင်း၊အဝတ်ထုတ်သုံးထုတ် နဲ့ ထုတ်ထားတဲ့ မြွေပွေး ၂၀ ကောင် မြွေဟောက် ၂၁ ကောင် လင်းမြွေ ၃၀၉ ကောင် ပါ တွေ့ရှိရတဲ့ အတွက် ကျောက်ဆည်မြို့နယ် သစ်တောဦးစီးဌာနကို လွဲပြောင်းအပ်နှံ ပေးခဲ့ပါတယ်။
ဒီ ဖြစ်စဉ်နဲ့ ပတ်သက်ပြီး ဆက်လက် စုံးစမ်းရာ ယာဉ်မောင်းသူမှာ စဥ့်ကိုင်မြို့၊ပင်းချားကျေးရွာနေ ဦးခင်ဇော် ဆိုသူ ဖြစ်ကြောင်း သိရှိရပါတယ်။
၎င်း ယာဉ်မောင်းကို ကျောက်ဆည်မြို့မှ ရဲစခန်းက (ပ)၉၉၅ /၂၀၁၈ ပို့/သွင်း ဥပဒေပုဒ်မ ၈ အရ လည်းကောင်း၊ (ပ)၉၉၃/၂၀၁၈ ဇီဝမျိုးစုံ မျိုးကွဲ နဲ့ သဘာဝပတ်ဝန်းကျင် ထိန်းသိမ်းရေး နယ်မြေများ ကာကွယ်စောင့်ရှောက် ခြင်းဆိုင်ရာ ဥပဒေပုဒ်မ ၃၉ (က) အရ အမှုဖွင့်အရေးယူဆောင်ရွက်ထားပါတယ်။
#voiceofmyanmar#ကျောက်ဆည်#မြွေတင်လာတဲ့လိုင်စင်မဲ့ကားဖမ်းမိ#