မန္တလေး၊ ဒီဇင်ဘာ ၁၄-၂၀၁၈
ဟိန်းကို(VOM)
မန္တလေးမြို့မှာ ယနေ့နံနက် ၂နာရီကျော်က ချမ်းအေးသာစြံမို့နယ်၊ ပြည်ကြီးပျော်ဘွယ်အနောက်ရပ်ကွက်၊ အကွက်အမှတ် ၂၈၇ ၊ တိမ်ပြာတန်းရပ် က လျှပ်စစ်ပစ္စည်းတွေသိုလှောင်တဲ့ ဂိုဒေါင်အတွင်းမှာ သွယ်တန်းထားတဲ့ လျှုပ်စစ်ပလပ်ခုံအပူလွန်ကဲပြီး အနီးရှိခြင်ဆေးခွေ ဂျပ်ဖာများပေါ်ကို မီးပွားလွင့်စင်ရာမှ မီးလောင်ကျွမ်းခဲ့ရခြင်း ဖြစ်တယ်လို့ မန္တလေးခရိုင်မီးသတ်ဦးစီးဌာန က သိရပါတယ်။
မီးလောင်မှုကြောင့် လျှပ်စစ်ပစ္စည်းတွေသိုလှောင်ထားတဲ့ ဂိုဒေါင်တစ်လုံး နဲ့ ပရဆေး ၊ ဓာတ်မြေသြဇာအိတ် နဲ့ ရေချိုးခန်းသုံးပစ္စည်းတွေ သိုလှောင်ထားတဲ့ ဂိုဒေါင်တစ်လြံး မီးလောင်းဆုံးရှုံးခဲ့ပြီး တန်ဖိုးငွေကျပ် သိန်းတစ်ထောင့်ခုနှစ်ရာငါးသိန်းခြောက်သောင်းနှစ်ထောင် ဆုံးရှုံးခဲ့ပြီး အရန်မီးသတ်တပ်ဖွဲ့ဝင် သုံးဦး ဒဏ်ရာရ(မစိုးရိမ်ရ) ခဲ့ပါတယ်။
မီးလောင်မှုကြောင့် ဂိုဒေါင်တာဝန်ခံ အား နယ်မြေခံအမှတ်(၆)ရဲစခန်းက ( ပ-၆၈၄\၂၀၁၈ ) ပုဒ်မ ၂၈၅ ( မီးနှင့်သို့တည်းမဟုတ် မီးလောင်လွယ်သောအရာဝတ္ထု နှင့် စပ်လျဉ်း၍ ပေါ့ဆခြင်း)ဖြင့် အမှုဖွင့်အရေးယူပါတယ်။
#voiceofmyanmar#မန္တလေး#မီးလောင်ဆုံးရှုံးမှု#