တောင်ကြီးမြို့မှာ ခရီးသွားရာဇဝင်အမှန်မပြောတဲ့လူတစ်ဦး ကွာရန်တင်းစင်တာကနေ ထွက်ပြေး

နိုဝင်ဘာ ၂၄-၂၀၂၀
နေနန်းနွယ်(VOM)

တောင်ကြီးမြို့ရှိ အထက (၅) Quarantine centerမှာ ခရီးသွားရာဇဝင်အမှန်မပြောတဲ့ လူတစ်ယောက် ထွက်ပြေးပျောက်ဆုံးနေတယ်လို့သိရပါတယ်။

“သူက ၂၂ ရက်နေ့ ည ၁ နာရီလောက်က စပျောက်သွားတာပေါ့။ သူ့ အခန်းဖော်ကောင်လေးက ည အိမ်သာထသွားတဲ့အချိန်မှာ သတိထားမိတာပါ၊ အိပ်ယာထဲမှာ မတွေ့တော့ အစက အိမ်သာသွားတယ်ပဲထင်နေတာ၊ မနက်မိုးလင်းတဲ့ထိ အခန်းထဲပြန်မလာမှ ထွက်ပြေးသွားပြီဆိုပြီး အန်တီတို့ကို လာပြောပြတာ၊ သူက ဘယ်ကလာလဲတော့ အတိအကျမပြောနိုင်ဘူး သတင်းတွေက မျိုးစုံထွက်နေတာပဲ၊ ရန်ကုန်ကလို့လည်း ပြောတယ် နေပြည်တော်ကလို့လည်းကြားတယ်၊ နောက်ထပ်ကြားတာက သူက ရပ်ကွက်အုပ်ချုပ်ရေးမှူးဆီမှာ ကွာရန်တင်း ဝင်ချင်တယ်လာပြောပြီး ဝင်နေတယ်လို့လည်း ကြားတယ်။ သူ့ခြေထောက်က ကျည်မှန်ပြီး ကျည်ဆိပ်တက်ပြီး ဖြတ်ထားရတာ၊ ခေါင်းထဲလည်း ကျည်မှန်ထားလို့ စိတ်သိပ်မမှန်ဘူးလို့တော့ သူ့အိမ်က ပြောတာပဲ။ သူက ၁၄ ရက်နေ့ကတည်းက စ ဝင်တာဆိုတော့ ၁၀ ရောက်လောက်တော့ရှိပြီ။ အဖြေစစ်ထားတာလည်း Negative ထွက်ထားတယ်။ ခုထိတော့ ရှာနေဆဲပဲ”လို့ အထက(၅) ကွာရန်တင်းစင်တာ တာဝန်ခံ ဒေါ်ရီရီသိန်းက ပြောပါတယ်။

ထွက်ပြေးပျောက်ဆုံးသွားသူမှာ အသက် ၃၉ နှစ်အရွယ် အမျိုးသားဖြစ်ပြီး နိုဝင်ဘာလ ၁၄ ရက်နေ့ကစပြီး Quarantine center မှာရောက်ရှိနေသူဖြစ်တဲ့အပြင် ဆေးစစ်ချက်အဖြေ negative ထွက်ထားတယ်လို့လည်း သိရပါတယ်။

တောင်ကြီးမြို့ အထက (၅) Quarantine center မှာ လက်ရှိအချိန်ထိ ကွာရန်တင်းဝင်နေသူ ၁၅ ယောက်ရှိတယ်လို့ သိရပါတယ်။

#voiceofmyanmar #VOM #တောင်ကြီး

Related posts

✕
VOM News

FREE
VIEW