ရေးမြို့မရဲစခန်းက အချုပ်သား ၃၄ ဦး ကိုဗစ်ပိုးတွေ့

ဇန်နဝါရီ ၂၁ -၂၀၂၁
ကောင်းလက်ျာ(VOM)

မွန်ပြည်နယ်၊ ရေးမြို့နယ် မြို့မရဲစခန်းအချုပ်ခန်းမှ အချုပ်သား ၃၄ ဦးမှာ ကိုဗစ်ပိုးစစ်ဆေးတွေ့ရှိခဲ့ပြီး‌ ရဲစခန်းကို ဒီကနေ့က စတင်ပြီး ဆီမီးလော့ခ်ဒေါင်းချလိုက်ပြီဖြစ်တယ်လို့ ရေးမြို့မရဲစခန်းကနေ သိရပါတယ်။

” ၁၉ ရက်နေ့က ထောင်ကိုပို့မယ့်အချုပ်သားကို စစ်ဆေးရာက ပိုးတွေ့လို့ ထိစပ်သူတွေကို ဒီကနေ့ စစ်ဆေးခဲ့တာပါ။ စစ်ဆေးသူ ၇၃ ဦးကို စစ်ဆေးတယ်၊ ၃၄ဦး ကိုဗစ်တွေ့‌တော့ စခန်းကို ဆီမီးလော့ဒေါင်းချတယ်။ အချုပ်ခန်းကိုတော့ လုံးဝပိတ်ထားတယ်”လို့ ရေးမြို့မရဲစခန်းမှ စခန်းမှူး ဒု-ရဲမှူးဝင်းမြင့်ကပြောပါတယ်။

ကိုဗစ်ပိုးတွေ့တဲ့ အချုပ်သား ၃၄ ဦးကို မော်လမြိုင်ဆေးရုံကိုပို့ဆောင်ကာ ကြပ်မတ်ကုသမှုခံယူနေရတယ်လို့လည်း သိရပါတယ်။

ရေးမြို့မရဲစခန်းက ပိုးတွေ့တဲ့အချုပ်သားတွေဟာ မူးယစ်ဆေးဝါးမ‌ှုနဲ့ အချုပ်ကျခံနေရတဲ့ အချုပ်သား ၁၁ ဦး၊ အခြားအမှု အချုပ်ကျခံနေရသူ ၂၃ ဦးပါဝင်ပြီး အခုလက်ရှိ ပိုးမတွေ့တဲ့ အချုပ်သား ၁၀၀ နီးပါးရှိနေတယ်လို့ရေးမြို့နယ်ရဲတပ်ဖွဲ့မ‌ှူးရုံ‌းကနေ သိရပါတယ်။

လက်တစ်လော ရေးမြို့မရဲစခန်းက အချုပ်ခန်းကို သီးခြားစောင့်ကြည့်နေပြီး ရဲစခန်းတာဝန်ကျ ရဲတပ်ဖွဲ့ဝင်တွေ၊ မိသားစုဝင်တွေ နဲ့ အချုပ်သားစုစုပေါင်း၂၀၀ နီးပါးကို အသွားအလာကန့်သတ်ထားတဲ့အပြင် ကိုဗစ်ပိုးရှိ-မရှိ ထပ်မံစစ်ဆေးသွားဖို့ ရှိနေတယ်လို့ သိရပါတယ်။

#voiceofmyanmar #VOM #ရေး #အချုပ်သား၃၄ဦး #ကိုဗစ်ပိုးတွေ့

Related posts

Leave a Comment

VOM News

FREE
VIEW