မန္တလေး ဇန်နဝါရီ ၂၁ -၂၀၂၁
ဖြူဖြူ (VOM)
ရွေးကောက်ပွဲမှာ အပြတ်အသတ်အနိုင်ရရှိခဲ့တဲ့ အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ်ပါတီ(NLD) အနေနဲ့ လာမယ့် အစိုးရသက်တမ်းအတွက် ဘယ်လိုဝန်ကြီးချုပ်တွေရွေးချယ်ခန့်အပ်မလဲဆိုတာကို အများကစိတ်ဝင်တစားရှိနေသလို တိုင်းရင်းသားပါတီတွေ ပါဝင်လာမလားဆိုတာကိုလည်း စိတ်ဝင်စားနေကြပါတယ်။
NLD ပါတီရဲ့ ဒုဥက္ကဌလည်းဖြစ်တဲ့ မန္တလေးတိုင်းဝန်ကြီးချုပ်ဒေါက်တာဇော်မြင့်မောင်ကတော့ တိုင်းရင်းသားတွေပါဝင်မှုများလာမယ်လို့ပြောဆိုပြီး အခြေခံဥပဒေပြဌာန်းချက်အရ အစိုးရဖွဲ့နိုင်တဲ့ အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ်ပါတီကပဲ ဖြစ်ဖို့များတယ်လို့လည်း ဆိုပါတယ်။
#voiceofmyanmar #VOM #NLD #ဒေါက်တာဇော်မြင့်မောင်