ဧရာဝတီမြစ် ရေလမ်းကြောင်းကောင်းမွန်ရေး အတွက် ကျပ် သန်း(၁၇၀) အသုံးပြု လုပ်ဆောင်မည်

ကသာ ဇန်နဝါရီ ၆-၂၀၁၉

နိုင်ကြီး (ကသာ) (VOM)

စစ်ကိုင်းတိုင်း ကသာမြို့နယ်အတွင်းမှာ ဧရာဝတီမြစ်အတွင်း သဲသောင်ဖြစ်ထွန်းတာ များပြားလွန်းလာတာကြောင့် ရေလမ်းကြောင်း ကောင်းမွန်စေဖို့အတွက် အုန်းပင်ရဲ့ပင်စည်တွေနဲ့ ပြုလုပ်ထားတဲ့ အုန်းတုံး ရေလွှဲရေကာတာ လုပ်ငန်းကို ကသာမြို့ရေလမ်း နယ်မြေအတွင်း ၂၀၁၉ ခုနှစ် အစောပိုင်းမှာ ဆောင်ရွက်သွားမှာ ဖြစ်ကြောင်း သိရပါတယ် ။

ကသာမြို့နယ်အတွင်း ဖြတ်သန်းစီးဆင်းနေတဲ့ ဧရာဝတီမြစ်ဟာ အနယ်ကျမှုတွေ များလာတာကြောင့် သဲသောင်ဖြစ်ထွန်းမှုတွေ များပြားလာပြီး နှစ်စဉ်လိုလို  ဧရာဝတီမြစ်ရေလမ်းကြောင်း ကြပ်တည်းလာပါတယ် ။ ရေလမ်းကြောင်း ကောင်းမွန်လာစေဖို့ အတွက် ၂၀၁၈ – ၂၀၁၉ ဘဏ္ဍာနှစ် ပြည်ထောင်စု ရန်ပုံငွေ ကျပ် သန်း(၁၇၀) နဲ့ ဒေသ(၅) မန္တလေးတိုင်ရုံး ရဲ့ ကြီးကြပ်မှု နှင့်အတူ အုန်းတုံး ရေလွှဲရေကာတာ လုပ်ငန်းကို လုပ်ကိုင်ဆောင်ရွက်သွားမှာ ဖြစ်ကြောင်း ရေအရင်းအမြှစ်နှင့် မြစ်ချောင်းများ ဖွံ့ဖြိုးတိုးတက်ရေး ဦးစီးဌာန ၊ ကသာမြို့နယ်ရုံး က သိရပါတယ် ။

ယမန်နှစ်ကလည်း ကသာမြို့နယ်အတွင်း က ဧရာဝတီမြစ်မှာ သဲသောင်ဖြစ်ထွန်းမှု များပြားခဲ့တာကြောင့် သောင်တူးစက်များနဲ့ တူးဖော်ပြီး ရေလမ်းကြောင်း ကောင်းမွန်အောင် လုပ်ဆောင်ခဲ့ရာမှာ ငွေကျပ် သိန်းပေါင်း ထောင်ကျော်အသုံးပြုခဲ့သော်လည်း ယခုနှစ်မှာ သဲသောင်ပြင်တွေ အများအပြား ပေါ်ပေါက်လာပြန်ကြောင်း တွေ့ရှိရပါတယ် ။

#voiceofmyanmar#ကသာ#ဧရာဝတီမြစ်ရေလမ်းကြောင်း

Related posts

Leave a Comment

VOM News

FREE
VIEW