ဒေါ်အောင်ဆန်းစုကြည်ကို ၁၂ မှုမြောက် အဖြစ် အမှုထပ်ဖွင့်ပြန်

နေပြည်တော် ၊ နိုဝင်ဘာ ၂၀-၂၀၂၁
KT(VOM)
 
သမ္မတ ဦးဝင်းမြင့်နဲ့ နိုင်ငံတော်အတိုင်ပင်ခံပုဂ္ဂိုလ် ဒေါ်အောင်ဆန်းစုကြည်တို့ကို အဂတိလိုက်စားမှုဥပဒေနဲ့ နေပြည်တော်၊ ဘုရားကုန်းရဲစခန်းမှာ အမှုထပ်ဖွင့်ထားတယ်ဆိုပြီး နိုင်ငံပိုင်ရုပ်သံက သတင်းကြေညာသွားပါတယ်။
 
အရင်ကလည်း ဒေါ်အောင်ဆန်းစုကြည်ကို ပို့ကုန်သွင်းကုန်ဥပဒေပုဒ်မ ၈၊ ဆက်သွယ်ရေးဥပဒေပုဒ်မ ၆၇၊ ရာဇသတ်ကြီးဥပဒေပုဒ်မ ၅၀၅ (ခ)၊ သဘာဝဘေးအန္တရာယ်ဆိုင်ရာစီမံခန့်ခွဲရေးဥပဒေပုဒ်မ ၂၅ နဲ့ (၂) မှု၊ နိုင်ငံတော်လျှို့ဝှက်ချက် အက်ဥပဒေပုဒ်မ ၃-၁ (ဂ) ၊ အဂတိလိုက်စားမှုတိုက်ဖျက်ရေး ဥပဒေပုဒ်မ ၅၅ တွေအပါအဝင် အမှုပေါင်း ၁၁ မှုနဲ့ တရားစွဲထားပြီး အမှုရင်ဆိုင်နေရတာဖြစ်ပါတယ်။
 
#voiceofmyanmar #VOM #အဂတိလိုက်စားမှုဥပဒေ #ဦးဝင်းမြင့် #ဒေါ်အောင်ဆန်းစုကြည်

Related posts

Leave a Comment

VOM News

FREE
VIEW