မောင်တောမှာ (၆)ကြိမ်မြောက် မြိုအမျိုးသားနေ့ ကျင်းပ

မေ ၆-၂၀၂၂
SW(VOM)

(၆)ကြိမ်မြောက် မြိုအမျိုးသားနေ့ကို မောင်တောမြို့၊ သုံးမိုင်ရပ်ကွက် ဘုန်းတော်ကြီးကျောင်းမှာ ဒီကနေ့ ဧပြီလ ၆ ရက်နေ့ မနက်ပိုင်းက ကျင်းပခဲ့ပါတယ်။

မြိုအမျိုးသားနေ့ ကျင်းပရတာဟာ ရိုးရာဓလေ့၊ စာပေ၊ ယဥ်ကျေးမှု တို့ကို ဖော်ထုတ်လိုတဲ့ ရည်ရွယ်ချက်တွေနဲ့ ကျင်းပတာဖြစ်တယ်လို့ သိရပါတယ်။

မြိုစာပေနဲ့ ယဥ်ကျေးမှာအသင်း ဥက္ကဋ္ဌ ဦးဇနီဖြူက ” မြိုအမျိုးသားနေ့ကတော့ နှစ်စဥ်နှစ်တိုင်းကျင်းပလာတာ အခုဆိုရင် ၆ ကြိမ်မြောက် ဖြစ်သွားပါပြီ။ တခြားမျိုးနွယ်စုတွေမှာလည်း အမျိုးသားနေ့ဆိုတာရှိတဲ့အတွက် ကျနော်တို့လည်း ကျင်းပရတာဖြစ်ပါတယ် ” လို့ ပြောပါတယ်။

မြိုလူမျိုးတွေဟာ ရခိုင်ပြည်နယ်အတွင်း မောင်တော၊ ဘူးသီးတောင်၊ ပုဏ္ဏားကျွန်နဲ့ ကျောက်တော်မြို့နယ်တွေမှာ အများဆုံးနေထိုင်ကြပြီး မြန်မာနိုင်ငံအတွင်း တချို့ဒေသတွေမှာလည်းနေထိုင်ကြကာ လူဦးရေ သောင်းဂဏန်းရှိတယ်လို့ သိရပါတယ်။

#voiceofmyanmar #VOM #မောင်တော #မြို့အမျိုးသားနေ့

Related posts

Leave a Comment

VOM News

FREE
VIEW