မြန်မာစစ်ဘက်နဲ့ဆက်နွယ်နေတဲ့ နောက်ထပ် ကုမ္ပဏီ ၅၆ ခုကို အမည်ပျက်စာရင်းသွင်း

လန်ဒန်၊ မေ-၁၀-၂၀၂၂
မျိုးဆက်(VOM)

မြန်မာစစ်ဘက်နဲ့ ဆက်နွယ်နေတဲ့ နောက်ထပ် ကုမ္ပဏီ ၅၆ ခုကို Burma Campaign UK အဖွဲ့က အမည်ပျက်စာရင်း သွင်းလိုက်ပြီး အမည်ပျက်စာရင်းသွင်းခံရတဲ့ ကုမ္ပဏီပေါင်း ၁၇၂ ခုထိ ရှိလာပြီဖြစ်ပါတယ်။

အဲဒီကုမ္ပဏီတွေဟာ မြန်မာစစ်ဘက်နဲ့ ဆက်နွယ်နေတဲ့ အထောက်အထားတွေ၊ လက်နက်သို့မဟုတ် အခြားစစ်ပစ္စည်းကိရိယာတွေ ထောက်ပံ့နေတဲ့အတွက် အခုလိုအမည်ပျက်စာရင်းထဲ ထည့်သွင်းခဲ့တာလို့ Burma Campaign UK ကဆိုပါတယ်။

မြန်မာစစ်ဘက်အတွက် ရန်ပုံငွေ သို့မဟုတ် လက်နက်တပ်ဆင်ဖို့ ကူညီနေတဲ့ နိုင်ငံတကာကုမ္ပဏီတွေကို ဆက်လက်ဖော်ထုတ်နေပြီး လူမျိုးတုန်းသတ်ဖြတ်မှု၊ အာဏာသိမ်းမှုနဲ့ ကလေးငယ်တွေကို မုဒိန်းမှုကျူးလွန်မှုတွေ ပြုနေတဲ့အဖွဲ့အစည်းနဲ့ စီးပွားရေး ကူးလူးဆက်ဆံနေတာဟာ လက်ခံနိုင်စရာမရှိဘူးလို့ Burma Campaign UK အဖွဲ့ရဲ့ ထုတ်ပြန်ချက်မှာဖော်ပြထားပါတယ်။

လက်ရှိ နာမည်ပျက်စာရင်းသွင်းလိုက်တဲ့ ကုမ္ပဏီတွေထဲမှာ မြန်မာစစ်ဘက်ကို စစ်လက်နက်ပစ္စည်း ကိရိယာတွေ ထောက်ပံ့ဖို့ ကူညီနေတဲ့ ရုရှားကုမ္ပဏီ ၁၅ ခု၊ အမေရိကန်ကုမ္ပဏီ သုံးခုနဲ့ ဗြိတိန်ကုမ္ပဏီ နှစ်ခုလည်း ပါ၀င်လာပါတယ်။

အမေရိကန်၊ ဂျပန်နဲ့ တောင်ကိုရီးယားတို့လို နိုင်ငံတွေက မြန်မာစစ်ဘက်ကို လက်နက်ရောင်းချဖို့ ပိတ်ပင်ထားပေမယ့် သူတို့ရဲ့ကုမ္ပဏီတွေဟာ ရုရှားနဲ့ အိန္ဒိယတို့လို နိုင်ငံတွေကနေ လက်နက်တွေ ၀ယ်ယူနိုင်ဖို့ လုပ်ဆောင်နေကြတယ်လို့ Burma Campaign UK ရဲ့ ညွှန်ကြားရေးမှူး Mark Farmaner ကပြောပါတယ်။

Ref: Burma Campaign UK
Photo: AFP
#voiceofmyanmar #VOM #လန်ဒန်

Related posts

✕
VOM News

FREE
VIEW