မလေးရှားကို တရားမ၀င်သွားမယ့် မြန်မာ ၈၉ ဦး ထိုင်းတောင်ပိုင်းမှာ အဖမ်းခံရ

ဘန်ကောက်၊ မေ-၉-၂၀၂၂
မျိုးဆက်(VOM)

ထိုင်းနိုင်ငံတောင်ပိုင်း Narathiwat ပြည်နယ်ရှိ Tak Bai မှာ မြန်မာနိုင်ငံသား ၈၉ ဦးကို ထိုင်းရဲတွေက မေ ၇ ရက်မှာ ဖမ်းဆီးထိန်းသိမ်းလိုက်ပါတယ်။

ဖမ်းဆီးခံရတဲ့ မြန်မာနိုင်ငံသားတွေဟာ မလေးရှားကို တရားမ၀င်သွားဖို့ စောင့်ဆိုင်းနေကြသူတွေဖြစ်ပြီး Tak Bai မှာရှိတဲ့ အငှားအိမ်နှစ်လုံးကို စီးနင်းရှာဖွေမှုအတွင်း ဖမ်းဆီးခဲ့တာလို့ Narathiwat ပြည်နယ် ဒုတိယရဲမှူးကြီး Thawatchai Duksukkaew ကပြောပါတယ်။

မြန်မာနိုင်ငံသားကို ခေါ်ဆောင်လာတဲ့ ပစ်ကပ်ကားသုံးစီးကိုလည်း ရဲတပ်ဖွဲ့က သိမ်းဆည်းခဲ့ပါတယ်။

ကနဦးစုံစမ်းစစ်ဆေးချက်တွေအရ မြန်မာနိုင်ငံသားတွေဟာ မလေးရှားနိုင်ငံကို သွားဖို့စောင့်ဆိုင်းနေကြတာလို့ ဆိုပါတယ်။

ရဲတွေစီးနင်းမှုအတွင်း ထွက်ပြေးလွတ်မြောက်သွားတဲ့ ကားသမားတွေနဲ့အခြားသူတွေကို ဆက်လက်ရှာဖွေနေတယ်လို့ သတင်းစာရှင်းလင်းပွဲမှာ ရဲတပ်ဖွဲ့ကပြောပါတယ်။

နိုင်ငံတွင်းမှာ လူမှောင်ခိုကူးမှုတွေကို တားဆီးဖို့အတွက် ထိုင်းအာဏာပိုင်တွေဟာ နယ်ခြားကင်းလှည့်မှုတွေကို တိုးမြှင့်လုပ်ဆောင်သွားမှာဖြစ်ကြောင်း Narathiwat ပြည်နယ်ဆိုင်ရာ ထိုင်းစစ်တပ်အကြီးအကဲ Chalermporn Khamkhiao ကပြောပါတယ်။

Ref:Bernama
#voiceofmyanmar #VOM #ဘန်ကောက်

Related posts

✕
VOM News

FREE
VIEW