ဘားအံမြို့ရှိ Hpa-an Boutiqe Innမှာ ပစ်ခတ်မှုဖြစ်ပြီး ပိုင်ရှင်အပါအဝင် လူ(၄)ဦးသေဆုံး

မေ ၂၇-၂၀၂၂
KK(VOM)

ဘားအံမြို့က Hpa-an Boutiqe Innမှာ မနေ့ မေ ၂၆ နေ့လယ်ပိုင်းက ပစ်ခတ်မှုဖြစ်ခဲ့ပြီး ပိုင်ရှင်အပါအဝင် လူ(၄)ဦးသေဆုံးခဲ့တယ်လို့ မြို့ခံတွေဆီက သိရပါတယ်။

ကရင်ပြည်နယ်၊ ဘားအံမြို့ အမှတ် (၉) ရပ်ကွက်၊ မဟော်ဂနီလမ်းမပေါ်မှာရှိတဲ့ Hpa-an Boutiqe Inn
မှာ မနေ့နေ့လယ်ပိုင်းက သေနတ်ပစ်ခတ်မှုဖြစ်ခဲ့တာဖြစ်ပြီး ပိုင်ရှင်ဖြစ်သူ ဦးတင်အောင်မိုးအပါအဝင် (၄)ဦးသေဆုံးခဲ့တယ်လို့ မြို့ခံတဦးကပြောပါတယ်။

“ဘာကြောင့်ဖြစ်လဲတော့မသိဘူး လူမှုရေးကိစ္စလား စီးပွားရေးကိစွလားမသိဘူး၊ BGF တွေနဲ့တော့သူက အဆက်အသွယ်ရှိလည်းရှိတယ်”လို့ သူကပြောပါတယ်။

Hpa-an Boutiqe Innမှာ မနေ့က ဦးတင်အောင်မိုးနဲ့
မိတ်ဆွေတွေ တွေ့ဆုံပြီးနောက် နာရီဝက်အကြာမှာ
သေနတ်ပစ်ခတ်သံတွေကြားရလို့ သွားရောက်ကြည့်ရှုရာ ဦးတင်အောင်မိုးအပါအဝင် (၃)ဦးသေဆုံးပြီး တဦးမှာ ဒဏ်ရာပြင်းထန်စွာရနေတာတွေ့ရတယ်လို့ အမည်မဖော်လိုသူတဦးက ပြောပါတယ်။

“သုံးယောက်အရင်သေတယ်၊ တယောက်က ဆေးရုံရောက်မှ သေတာဖြစ်မယ် “လို့ သူကပြောပါတယ်။

သေဆုံးသူဟာ ဦးတင်အောင်မိုး၊ ဦးအောင်စံမိုး၊ ဦးဇော်ဝင်းနဲ့မောင်ထက်နောင်တို့ဖြစ်တယ်လို့ အုပ်ချု
ပ်ရေးနဲ့နီးစပ်သူတဦးက ပြောပါတယ်။

“ရဲတပ်ဖွဲ့က အခင်းဖြစ်ရာနေရာကို လာရောက်စစ်ဆေးရာမှာ SIGSauer အမျိုးအစား ပစ္စတို သေနတ်တလက်နဲ့ ကျည်ဆံတွေ တွေ့ရှိခဲ့ရတယ်”လို့ သူကပြောပါတယ်။

ပစ်ခတ်မှုဖြစ်ပြီးနောက် စစ်တပ်နဲ့ရဲတွေက ဟိုတယ်နဲ့အနီးဝန်းကျင်နေရာတွေကို စစ်ဆေးခဲ့ပြီး မြို့အဝင်အထွက်စစ်ဆေးရေးဂိတ်တွေမှာလည်း စစ်ဆေးမှုတွေပြုလုပ်ခဲ့တယ်လို့ မြို့ခံတွေဆီက သိရပါတယ်။

#voiceofmyanmar #VOM #ဘားအံ #ပစ်ခတ်မှု

Related posts

✕
VOM News

FREE
VIEW