ဘားအံမြို့ရှိ Hpa-an Boutiqe Innမှာ ပစ်ခတ်မှုဖြစ်ပြီး ပိုင်ရှင်အပါအဝင် လူ(၄)ဦးသေဆုံး

မေ ၂၇-၂၀၂၂ KK(VOM) ဘားအံမြို့က Hpa-an Boutiqe Innမှာ မနေ့ မေ ၂၆ နေ့လယ်ပိုင်းက ပစ်ခတ်မှုဖြစ်ခဲ့ပြီး ပိုင်ရှင်အပါအဝင် လူ(၄)ဦးသေဆုံးခဲ့တယ်လို့ မြို့ခံတွေဆီက သိရပါတယ်။ ကရင်ပြည်နယ်၊ ဘားအံမြို့ အမှတ် (၉) ရပ်ကွက်၊ မဟော်ဂနီလမ်းမပေါ်မှာရှိတဲ့ Hpa-an Boutiqe Inn မှာ မနေ့နေ့လယ်ပိုင်းက သေနတ်ပစ်ခတ်မှုဖြစ်ခဲ့တာဖြစ်ပြီး ပိုင်ရှင်ဖြစ်သူ ဦးတင်အောင်မိုးအပါအဝင် (၄)ဦးသေဆုံးခဲ့တယ်လို့ မြို့ခံတဦးကပြောပါတယ်။ “ဘာကြောင့်ဖြစ်လဲတော့မသိဘူး လူမှုရေးကိစ္စလား စီးပွားရေးကိစွလားမသိဘူး၊ BGF တွေနဲ့တော့သူက အဆက်အသွယ်ရှိလည်းရှိတယ်”လို့ သူကပြောပါတယ်။ Hpa-an Boutiqe Innမှာ မနေ့က ဦးတင်အောင်မိုးနဲ့ မိတ်ဆွေတွေ တွေ့ဆုံပြီးနောက် နာရီဝက်အကြာမှာ သေနတ်ပစ်ခတ်သံတွေကြားရလို့ သွားရောက်ကြည့်ရှုရာ ဦးတင်အောင်မိုးအပါအဝင် (၃)ဦးသေဆုံးပြီး တဦးမှာ ဒဏ်ရာပြင်းထန်စွာရနေတာတွေ့ရတယ်လို့ အမည်မဖော်လိုသူတဦးက ပြောပါတယ်။ “သုံးယောက်အရင်သေတယ်၊ တယောက်က ဆေးရုံရောက်မှ သေတာဖြစ်မယ် “လို့…

Read More

သရုပ်ဆောင်ရဲတိုက် အလုပ်ကြမ်းနဲ့ထောင်ဒဏ် (၁၀)နှစ်ချမှတ်ခံရ

မေ ၂၇-၂၀၂၂ KK(VOM) ရုပ်ရှင်သရုပ်ဆောင်ရဲတိုက်ကို ဒီကနေ့ နေ့လယ်ပိုင်းက အနောက်ပိုင်းခရိုင်တရားရုံးကနေ မူးယစ်ဆေးဝါးအမှုနဲ့အလုပ်ကြမ်းနဲ့ထောင်ဒဏ်(၁၀)နှစ်ချမှတ်လိုက်တယ်လို့ ရှေ့နေအသိုင်းအဝိုင်းကနေ သိရပါတယ်။ သရုပ်ဆောင်ရဲတိုက်ကို မူးယစ်ဆေးဝါး လက်ဝယ်တွေ့ရှိမှု ပုဒ်မ ၁၆(ဂ)/၂၃ နဲ့ ဒီကနေ့မှာ အလုပ်ကြမ်းနဲ့ထောင်ဒဏ်(၁၀)နှစ်ချမှတ်ခဲ့တာဖြစ်တယ်လို့ တရားလွှတ်တော်ရှေ့နေတဦးက ပြောပါတယ်။ “သတင်းကမှန်ပါတယ် သူကိုဒီကနေ့ နေ့လယ်ကပဲ အလုပ်ကြမ်းနဲ့ထောင် ဆယ်နှစ်ချလိုက်တာပါ”လို့ သူက ပြောပါတယ်။ ပြီးခဲ့တဲ့ ၂၀၂၁ ခုနှစ် ဒီဇင်ဘာလ ၃၀ရက်နေ့က ရဲတိုက်ကို အင်းစိန်ထောင်ရှိ အထူးတရားရုံးက ပုဒ်မ ၅၀၅-ကနဲ့ အလုပ်ကြမ်းနဲ့ ထောင်ဒဏ် ၃ နှစ် ချမှတ်ခဲ့တာလည်းရှိပါတယ်။ လက်တလော ရုပ်ရှင်သရုပ်ဆောင်ရဲတိုက်အနေနဲ့ စုစုပေါင်းအလုပ်ကြမ်းနဲ့ထောင်ဒဏ် ၁၃ နှစ်ကိုစုပေါင်းကျခံရမှာဖြစ်ပါတယ်။ ရုပ်ရှင်သရုပ်ဆောင်ရဲတိုက်ကို ဧပြီလ ၃ ရက်နေ့ညပိုင်းက မရမ်းကုန်းမြို့နယ်၊ သမိုင်းလမ်းဆုံမှာ ဖမ်းဆီးရမိခဲ့တာဖြစ်ပြီး ဖမ်းဆီးရမိချိန်မှာ မူးယစ်ဆေးဝါးတွေပါတွေ့ရှိခဲ့တယ်လို့ နစကကောင်စီက ဧပြီလ ၄ ရက်နေ့မှာ…

Read More

ယူကရိန်း လူဟန့်ခ်ဒေသ ၉၅ ရာခိုင်နှုန်းကို သိမ်းပိုက်နိုင်ပြီလို့ ရုရှားပြော

မော်စကို၊ မေ-၂၇-၂၀၂၂ မျိုးဆက်(VOM) ရုရှားတပ်တွေဟာ ယူကရိန်းအရှေ့ပိုင်းက အမာခံနယ်မြေတွေကို အဆက်မပြတ်ထိုးစစ်ဆင် တိုက်ခိုက်လျှက်ရှိပါတယ်။ လက်ရှိချိန်ထိ လူဟန့်ခ်ဒေသရဲ့ ၉၅ ရာခိုင်နှုန်းကို သိမ်းပိုက်နိုင်ခဲ့ပြီလို့ ရုရှားက အခိုင်အမာပြောဆိုပါတယ်။ ဒီဒေသရဲ့ အဓိကပစ်မှတ်ကတော့ ယူကရိန်းရဲ့ထိန်းချုပ်မှုအောက်မှာရှိနေဆဲဖြစ်တဲ့ Severodonetsk မြို့ဖြစ်ပါတယ်။ ရုရှားတပ်တွေရဲ့ တိုက်ခိုက်မှုကြောင့် လမ်းတွေပေါ်မှာ ကျည်တွေကျနေပြီး Severodonetsk မြို့ဟာ တချိန်လုံး တိုက်ခိုက်ခံနေရတယ်လို့ လူဟန့်ခ်ဒေသ အုပ်ချုပ်ရေးမှူး Serhiy Haidai ကပြောပါတယ်။ ရုရှားဟာ ယူကရိန်းစစ်ပွဲအတွက် ထပ်မံပြင်ဆင်နေပုံရပြီး ရှေ့တန်းမှာ တပ်ဖွဲ့၀င်တွေ ကျဆုံးမှု ပိုမိုများပြာလာတာကြောင့် စစ်မှုထမ်းအသက်အရွယ်ကန့်သတ်ချက်ကို ရုရှားပါလီမန်က ပယ်ဖျက်လိုက်ပါတယ်။ ယူကရိန်းတောင်ပိုင်း ထိန်းချုပ်နယ်မြေတွေမှာလည်း ရုရှားရဲ့ သြဇာလွှမ်းမိုးမှုကြီးထွားလာဖို့ လှုပ်ရှားမှုတွေရှိနေပြီး ရုရှားရူဘယ်ငွေကို တရား၀င်ငွေကြေးအဖြစ် ဖန်တီးထားတယ်လို့ ရုရှားလိုလားတဲ့ ခွဲထွက်ရေး ခေါင်းဆောင်တွေက ဆိုပါတယ်။ ရုရှားသမ္မတ ပူတင်ကလည်း ထိန်းချုပ်နယ်မြေတွေထဲက ယူကရိန်းနိုင်ငံသားတွေကို ရုရှားနိုင်ငံသားဖြစ်ဖို့…

Read More

မြစ်ကြီးနားမှာ ဖုန်းဆိုင်တဆိုင် ဓားပြတိုက်ခံရပြီး သိန်း ၃၀၀ ဝန်းကျင်တန်ဖိုးရှိတဲ့ ဖုန်းတွေပါသွား

မေ ၂၇-၂၀၂၂ VOM (GG) မြစ်ကြီးနားမြို့၊ မြို့သစ်ရပ်ကွက်မှာရှိတဲ့ I Center Second မိုဘိုင်းဖုန်းဆိုင်မှာ ဒီနေ့မေလ ၂၇ ရက်နေ့မနက်ပိုင်းက ဓားပြတိုက်ခံရပြီး I phone ၁၈ လုံးနဲ့ဝန်ထမ်းတွေရဲ့ဖုန်းတွေ ပါသွားတယ်လို့ ဆိုင်ပိုင်ရှင်ကပြောပါတယ်။ မနက် ၉ နာရီခွဲလောက်မှာ အမည်မသိလူနှစ်ယောက် ဖုန်းဆိုင်ကိုရောက်လာပြီး သေနတ်နဲ့ထောက်ကာ ဆိုင်ဝန်ထမ်းကို တိတ်နဲ့တုပ်ထားပြီး တန်ဖိုးကြီးဖုန်းတွေကို ယူဆောင်သွားတာဖြစ်ကြောင်း၊ကာလတန်ဖိုး သိန်း၃၀၀ ဝန်းကျင်ခန့် ရှိတယ်လို့သိရပါတယ် ။ ” မနက်၉နာရီလောက် ဆိုင်စဖွင့်တော့ ဝန်ထမ်းတစ်ယောက်နဲ့ကျနော်ပဲရှိတယ်၊၉နာရီလောက် ဆိုင်ဖွင့်ပြီးကျနော်အခြားကိစ္စရှိလို့ အပြင်ခနထွက်သွားချိန်လူ၂ယောက်က 125 ဆိုင်ကယ် နဲ့ ဦးထုပ် ၊ မက်စ်၊ ဝတ်စုံအပြည့်နဲ့ဆိုင်ကိုဝင်ပြီးတော့ ကျနော်နာမည်အရင်ဆုံးမေးတယ်၊ ကိုဝတုတ်လေးရှိလား တွေ့ချင်တယ် ပြောတော့ ကျနော့တပည့်က မရှိဘူးပြောတော့ ခနထိုင်နေပြီး တစ်ယောက်က သေနတ်ထုတ်ပြီး သူတို့မှာပါလာတဲ့ တိတ်နဲ့ ကျနော့်တပည့်ကို ကြိုးချည်ပြီး…

Read More

မြောက်ကိုရီးယားအပေါ် အရေးယူပိတ်ဆို့ရေး အမေရိကန်ရဲ့ဆုံးဖြတ်ချက်မူကြမ်း တရုတ်နဲ့ ရုရှား ဗီတိုအာဏာသုံးပြီး ပယ်ချ

နယူးယောက်၊ မေ-၂၇-၂၀၂၂ မျိုးဆက်(VOM) မြောက်ကိုရီးယားက ဒုံးကျည်ပစ်ခတ်စမ်းသပ်မှုတွေနဲ့ပတ်သက်ပြီး ပိုမိုတင်းကြပ်တဲ့ အရေးယူပိတ်ဆို့မှုတွေ ချမှတ်ဖို့ ကုလသမဂ္ဂလုံခြုံရေးကောင်စီမှာ အမေရိကန်ကတင်သွင်းတဲ့ ဆုံးဖြတ်ချက်မူကြမ်းကို တရုတ်နဲ့ ရုရှားတို့က ဗီတိုအာဏာသုံးပြီး မေ ၂၆ ရက်မှာ ပယ်ချလိုက်ပါတယ်။ မြောက်ကိုရီးယားဟာ အမေရိကန်သမ္မတဂျိုးဘိုင်ဒင်ရဲ့ အာရှခရီးစဉ်အပြီး နာရီပိုင်းအကြာမှာ ဒုံးကျည်သုံးစင်းပတ်ခတ်ခဲ့ပြီး အဲဒီထဲမှာ တိုက်ချင်းပစ်ဒုံးကျည်တစင်းလည်း ပါ၀င်ဖွယ်ရှိပါတယ်။ လုံခြုံရေးကောင်စီမှာ တင်သွင်းတဲ့ အမေရိကန်ရဲ့ ဆုံးဖြတ်ချက်မူကြမ်းမှာ မြောက်ကိုရီးယားသို့ ရေနံစိမ်းနဲ့ ရေနံထွက်ကုန်တွေ တင်ပို့မှုကို ဖြတ်တောက်ဖို့နဲ့ မြောက်ကိုရီးယား ဟတ်ကာတွေရဲ့ ပိုင်ဆိုင်မှုတွေကို ထိန်းသိမ်းဖို့ အချက်တွေပါ၀င်ပါတယ်။ ဒီလို အရေးယူပိတ်ဆို့တဲ့နည်းလမ်းဟာ ရှေးရိုးစွဲဆန်တယ်လို့ ကုလသမဂ္ဂဆိုင်ရာ ရုရှားသံအမတ်က ပြောဆိုခဲ့ပြီး အမေရိကန်ဟာ တွေ့ဆုံဆွေးနွေးရေးနည်းလမ်းနဲ့ ပြသနာကိုဖြေရှင်းဖို့ ပျက်ကွက်ခဲ့ကြောင်း တရုတ်သံအမတ်ကလည်း ဝေဖန်ပြောဆိုပါတယ်။ ဒေသတွင်းမှာ မြောက်ကိုရီးယားရဲ့ ခြိမ်းခြောက်မှုတွေကို ဟန့်တားဖို့နဲ့ တန်ပြန်ဖို့အတွက်ကို မြှင့်တင်ဆောင်ရွက်သွားမယ်လို့ အမေရိကန်နဲ့ ဂျပန်တို့က…

Read More

ပလက်ဝဒေသခံတွေပြောတဲ့ ထိတွေ့တိုက်ပွဲအကြောင်း

မေ၂၇-၂၀၂၂ SW(VOM) တပ်မတော်နဲ့ အေအေတို့ကြား စစ်ရေးတင်းမာမှုတွေရှိနေတဲ့ကြားထဲမှာပဲ မနေ့ မေလ ၂၆ရက်က ပလက်ဝမြို့နယ်အတွင်းမှာ မိနစ်အတန်ကြာ ထိတွေ့တိုက်ပွဲ တစ်ကြိမ်ဖြစ်ပွားခဲ့တယ်လို့ အေအေဖက်ကရော ဒေသခံတွေက ပါ ပြောပါတယ်။ ပလက်ဝမြို့ဒေသခံတဦးက “တိုက်ပွဲဖြစ်တာက ပလက်ဝမြို့နဲ့တော့ဝေးတယ်။ အဘောင်သားရွာနဲ့ စူးပေါင်းတောင်ဘက်မှာဖြစ်တာလို့ ကြားတယ်။ ပလက်ဝမြို့အနောက်ဘက်မှာ ဖြစ်ကြတာ” လို့ ပြောပါတယ်။ အေအေရဲ့ ပြောရေးဆိုခွင့်ရှိသူ ခိုင်သုကလည်း ပလက်ဝမြို့နယ်၊ အဘောင်သားကျေးရွာအနီးမှာ တပ်မတော်နဲ့ တိုက်ပွဲဖြစ်ပွားခဲ့တာကို မှန်ကန်တယ်လို့ ပြောကြောင်း BBC ရဲ့သတင်းတစ်ရပ်မှာ ဖော်ပြပါတယ်။ ဒီကနေ့ထိတော့ တိုက်ပွဲဖြစ်စဉ်နဲ့ ပတ်သက်ပြီး အေအေဖက်က တစ်စုံတစ်ရာထုတ်ပြန်တာမရှိသေးသလို တပ်မတော်ဖက်ကလည်း တစ်စုံတစ်ရာ ထုတ်ပြန်လာတာ မရှိသေးပါဘူး။ မနေ့ မေလ ၂၆ ရက်နေ့ မနက်ပိုင်း ၁၀ နာရီလောက်က စပြီးတော့ ပလက်ဝမြို့နယ်၊ အဘောင်သားကျေးရွာအနီးမှာ တိုက်ဖြစ်ပွားခဲ့တာဖြစ်တယ်လို့ ဒေသခံတွေက ပြောပါတယ်။…

Read More

မှတ်ပုံတင်မပါဘဲ ခရီးသွားသူတွေကို အရေးယူတော့မယ်လို့ ပေါင်းတည် ထွေ/အုပ်က သတိပေး

မေ ၂၇-၂၀၂၂ VOM (GG) မှတ်ပုံတင်ယူဆောင်ခြင်းမရှိဘဲ ခရီးသွားလာသူတွေကို လာမယ့် ဇွန်လ ၁ ရက်နေ့ကစပြီး ဥပဒေအရ အရေးယူတော့မယ်လို့ ပေါင်းတည်မြို့နယ် အထွေထွေအုပ်ချုပ်ရေးဦးစီးဌာနက သတိပေးပြောဆိုလိုက်ပါတယ်။ ဒါကြောင့် ပေါင်းတည်မြို့အတွင်း ပြည်သူတွေအနေနဲ့ ခရီးသွားလာမယ်ဆိုရင် နိုင်ငံသားစစ်ဆေးရေးကဒ်ကိုယူဆောင်သွားလာရမှာဖြစ်ပြီး စစ်ဆေးချိန်မှာ ကိုင်ဆောင်ထားချင်းမရှိပါက မြန်မာနိုင်ငံအတွင်းနေထိုင်သူများ မှတ်ပုံတင်ရင်းနည်းဥပဒေပုဒ်မ၆(၂)/၆(၃)နဲ့အရေးယူမှာဖြစ်တယ်လို့ သိရပါတယ်။ ” အရင်ကကြေညာတာကတော့ မှတ်ပုံတင်ပါမှ ခရီးသွားရမယ်ဆိုတာသိတယ်၊အရေးယူတာမျိုးတော့ မရှိခဲ့ဘူး။ အခုကတော့ ဥပဒေနဲ့အရေးယူမယ်လို့ အသိပေးလိုက်တာပေါ့။ “လို့ ပေါင်းတည်ဒေသခံတဦးကပြောပါတယ်။ လက်ရှိမှာ သက်ဆိုင်ရာဌာနကလည်း ပန်းခင်းစီမံချက်အဖြစ် မှတ်ပုံတင်ကဒ်တွေ လုပ်ဆောင်ပေးနေတာကြောင့် အသက်(၁၈)နှစ်ပြည့်သူတိုင်း မှတ်ပုံတင်လုပ်ဆောင်ထားဖို့ ပေါင်းတည်ထွေအုပ်က ပြောဆိုထားပါတယ်။ ပေါင်းတည်မြို့မှာတော့ စစ်ဆေးရေးဂိတ်တွေကို မြို့အဝင်တွေမှာဖွင့်လှစ်ကာ နေ့တိုင်းစစ်ဆေးတာတွေလုပ်နေပြီး မြို့ထဲမှာတော့ ထူးခြားမှုတစုံတရာရှိမှသာ ရှောင်တခင်စစ်ဆေးတာတွေလုပ်တယ်လို့ ဒေသခံတွေဆီက သိရပါတယ် ။ ” မြို့အဝင်မှာပဲ အဓိကစစ်မယ်ထင်တယ်။ မြို့ထဲအဝင်အထွက် လူတွေကိုပေါ့။မြို့ထဲသွားနေသူတွေကိုတော့ ပေါက်ကွဲမှုဖြစ်တာတို့၊အနီးရွာတွေမှာတခုခုဖြစ်တာတို့မှ…

Read More

ဆိပ်ဖြူမြို့နယ်မှာ လင်မယား၂ဦး အသတ်ခံရပြီး အိမ်အတွင်းပစ္စည်းတွေ ပျောက်ဆုံးနေ

မေ ၊ ၂၇-၂၀၂၂ SP(VOM) မကွေးတိုင်း ၊ ပခုက္ကူခရိုင် ၊ ဆိပ်ဖြူမြို့နယ်၊ အလယ်စုကျေးရွာမှာ မနေ့ မေ ၂၆ ရက် မနက်အစောပိုင်းမှာ အိမ်ရှင်လင်မယား အသတ်ခံရပြီး အိမ်အတွင်းကပစ္စည်းတွေ ပျောက်ဆုံးသွားတယ်လို့ ဆိပ်ဖြူမြို့ခံတွေဆီက သိရပါတယ်။ ” မနေ့က မနက် ၃ နာရီဝန်းကျင်မှာ ဓားပြတိုက်ခံရတာပါ ၊ ရွှေထည် လက်ဝတ်လက်စားတွေပါသွားတဲ့အပြင် ကားနဲ့ ဆိုင်ကယ်ပါ ၊ ပါသွားတယ် ၊ အိမ်ရှင် လင်မယား ၂ ယောက်စလုံး သတ်ခံရတယ် “လို့ သေဆုံးသူရဲ့ မိတ်ဆွေ အလယ်စုရွာခံတယောက်က ပြောပါတယ်။ အဲ့ဒီကိစ္စနဲ့ပတ်သက်ပြီး ဆိပ်ဖြူမြို့နယ် လုံခြုံရေး အဖွဲ့ ၊ တာဝန်ရှိသူတယောက်က ” အလယ်စုရွာမှာနေထိုင်တဲ့ ဦးညိုမြင့် ၊ ဒေါ်သီတာမိုးရဲ့နေအိမ်မှာ အကြမ်းဖက် လူသတ် လုယက် ဓားပြမှု…

Read More

ကားတိုက်လို့ ပျံလွန်တော်မူတဲ့ဘုန်းကြီးကို လိုက်ပို့တဲ့ ပရဟိတကား ယာဥ်တိုက်မှုထပ်ဖြစ်လို့ ယာဉ်မောင်းသေဆုံး

မေ ၂၇-၂၀၂၂ KK(VOM) ဧရာဝတီတိုင်း၊ ကျောင်းကုန်းမြို့နယ်မှာ မနေ့ မေ ၂၆ရက် နေ့လယ်ပိုင်းက လမ်းဘေးသစ်ပင်ဝင်တိုက်လို့ ပျံလွန်တော်မူသွားတဲ့ ဘုန်းကြီးကို လိုက်ပို့တဲ့ ပရဟိတယာဥ်တစီး ထပ်မံယာဥ်တိုက်မှုဖြစ်လို့ ယာဥ်မောင်းသေဆုံးသွားတယ်လို့ ရွှေမေတ္တာသာရေးနာရေးကူညီမှုအသင်းကနေ သိရပါတယ်။ “သွားပို့နေတဲ့အချိန်မှာ ယာဥ်တစ်စီးနဲ့တိုက်မိတယ်လို့ ပြောတယ်၊ အဲ့ဒီမှာပဲဆုံးသွားတာ၊ ကိုထက်နိူင်ကျော် သူက ပရဟိတအဖွဲ့မှာ အားကိုးရတဲ့သူပါ”လို့ ရွှေမေတ္တာသာရေးနာရေးကူညီမှုအသင်းမှ တာဝန်ရှိသူတဦးက ပြောပါတယ်။ ကျောင်းကုန်းမြို့နယ်၊ ပုသိမ်-မုံရွာကားလမ်းမိုင်တိုင်အမှတ် ၂/၅ နဲ့ ၂/၆ ကြား ဆိပ်ဖူးနီလေးကျေးရွာအနီးမှာ မနေ့နေ့လယ်ပိုင်းက ယာဉ်တစီးလမ်းဘေးသစ်ပင် ဝင်ရောက်တိုက်မိမှုဖြစ်ပွားခဲ့ရာ သံဃာတစ်ပါး ပျံလွန်တော်မူပြီး တစ်ပါးထိခိုက်ဒဏ်ရာရရှိခဲ့တယ်လို့ အုပ်ချုပ်ရေးနဲ့နီးစပ်သူတဦးက ပြောပါတယ်။ ပဲခူးကနေ ပုသိမ်ကို မောင်းလာတဲ့ သံဃာတော်ငါးပါးလိုက်ပါလာတဲ့ယာဥ်ဟာ ဆိပ်ဖူးနီလေးကျေးရွာအနီးမှာ မိုးသည်းထန်စွာရွာသွန်းလို့ အရှိန်လွန်ကာ လမ်းဘေးသစ်ပင်ကို ဝင်ရောက်တိုက်မိခဲ့တာဖြစ်တယ်လို့ သူကရှင်းပြပါတယ်။ ယာဥ်တိမ်းမှောက်လို့ ပျံလွန်တော်မူတဲ့ဆရာတော်ဟာ ပဲခူးတိုင်း၊ ပန်းတောင်းမြို့နယ်၊ စမ်းဝကျေးရွာ၊ မဏိဇောတိကာရုံကျောင်းတိုက်မှ…

Read More

ပိုင်ရှင်စွန့်လွှတ်ခဲ့တဲ့ ကား ၂၉ စီးနဲ့ သိန်း ၄ထောင်ကျော် တရားမဝင်သစ်တွေကို ပဲခူးနဲ့ရန်ကုန်ဆိပ်ကမ်းမှာဖမ်းမိ

မေ ၂၇-၂၀၂၂ VOM (GG) ရန်ကုန်မြို့၊ သီလဝါ နဲ့ထီးတန်းဆိပ်ကမ်းမှာ ပိုင်ရှင်က စွန့်လွှတ်ခဲ့တဲ့ မော်တော်ယာဉ် ၂၉ စီး အပါအဝင် ကျပ်သိန်းပေါင်း ၄၃၀၀ ကျော်တန်ဖိုးရှိ တရားမဝင်သစ်တွေကို ဖမ်းဆီးရမိခဲ့တယ်လို့ တရားမဝင် ကုန်သွယ်မှုတိုက်ဖျက်ရေး ဦးဆောင်ကော်မတီကနေ သိရပါတယ်။ ရန်ကုန်မှာ ကားတွေဖမ်းဆီးရမိပြီး ပဲခူးတိုင်းမှာ တရားမဝင်သစ်တွေ ဖမ်းဆီးရမိခဲ့တာဖြစ်ကြောင်း၊ ပိုင်ရှင်ကစွန့်လွှတ်တဲ့ ကားတွေကို အကောက်ခွန်လုပ်ထုံးလုပ်နည်းနဲ့အညီ အရေးယူဆောင်ရွက်နေသလို တရားမဝင်သစ်ဖမ်းဆီးရမိမှုကိုလည်း သစ်တောဥပဒေနဲ့အညီ အရေးယူဆောင်ရွက်နေတယ်လို့ သိရပါတယ်။ ” ပိုင်ရှင်မဲ့နဲ့ ပိုင်ရှင်ကစွန့်လွှတ်တယ်ဆိုတာက မတူဘူး။ ပိုင်ရှင်မဲ့ဆိုတာ ပိုင်ရှင်က ရှိကိုမရှိတာ၊ပိုင်ရှင်ကစွန့်လွှတ်တယ်ဆိုတာကျ သူကဒီဟာကိုသွင်းလာတယ် ဒါပေမယ့် ဆက်ပြီးတော့ မထုတ်နိုင်တဲ့ဟာပေါ့ ၊ပရောဆက်လည်းမတူဘူး၊ပရိုစီဂျာလည်းမတူဘူး “လို့ တရားမဝင် ကုန်သွယ်မှုတိုက်ဖျက်ရေး ဦးဆောင်ကော်မတီ အဖွဲ့ဝင် တဦးကပြောပါတယ် ။ မြန်မာအပြည်ပြည်ဆိုင်ရာဆိပ်ကမ်း(သီလဝါ)ကုန်သေတ္တာစစ်ဆေးရေးစခန်းမှာ တာဝန်ကျအကောက်ခွန်စစ်ဆေးရေးအဖွဲ့ရဲ့ မေလ ၂၄ ရက်နေ့က စစ်ဆေးမှုအရ…

Read More
VOM News

FREE
VIEW