ယူကရိန်း လူဟန့်ခ်ဒေသ ၉၅ ရာခိုင်နှုန်းကို သိမ်းပိုက်နိုင်ပြီလို့ ရုရှားပြော

မော်စကို၊ မေ-၂၇-၂၀၂၂
မျိုးဆက်(VOM)

ရုရှားတပ်တွေဟာ ယူကရိန်းအရှေ့ပိုင်းက အမာခံနယ်မြေတွေကို အဆက်မပြတ်ထိုးစစ်ဆင် တိုက်ခိုက်လျှက်ရှိပါတယ်။

လက်ရှိချိန်ထိ လူဟန့်ခ်ဒေသရဲ့ ၉၅ ရာခိုင်နှုန်းကို သိမ်းပိုက်နိုင်ခဲ့ပြီလို့ ရုရှားက အခိုင်အမာပြောဆိုပါတယ်။

ဒီဒေသရဲ့ အဓိကပစ်မှတ်ကတော့ ယူကရိန်းရဲ့ထိန်းချုပ်မှုအောက်မှာရှိနေဆဲဖြစ်တဲ့ Severodonetsk မြို့ဖြစ်ပါတယ်။

ရုရှားတပ်တွေရဲ့ တိုက်ခိုက်မှုကြောင့် လမ်းတွေပေါ်မှာ ကျည်တွေကျနေပြီး Severodonetsk မြို့ဟာ တချိန်လုံး တိုက်ခိုက်ခံနေရတယ်လို့ လူဟန့်ခ်ဒေသ အုပ်ချုပ်ရေးမှူး Serhiy Haidai ကပြောပါတယ်။

ရုရှားဟာ ယူကရိန်းစစ်ပွဲအတွက် ထပ်မံပြင်ဆင်နေပုံရပြီး ရှေ့တန်းမှာ တပ်ဖွဲ့၀င်တွေ ကျဆုံးမှု ပိုမိုများပြာလာတာကြောင့် စစ်မှုထမ်းအသက်အရွယ်ကန့်သတ်ချက်ကို ရုရှားပါလီမန်က ပယ်ဖျက်လိုက်ပါတယ်။

ယူကရိန်းတောင်ပိုင်း ထိန်းချုပ်နယ်မြေတွေမှာလည်း ရုရှားရဲ့ သြဇာလွှမ်းမိုးမှုကြီးထွားလာဖို့ လှုပ်ရှားမှုတွေရှိနေပြီး ရုရှားရူဘယ်ငွေကို တရား၀င်ငွေကြေးအဖြစ် ဖန်တီးထားတယ်လို့ ရုရှားလိုလားတဲ့ ခွဲထွက်ရေး ခေါင်းဆောင်တွေက ဆိုပါတယ်။

ရုရှားသမ္မတ ပူတင်ကလည်း ထိန်းချုပ်နယ်မြေတွေထဲက ယူကရိန်းနိုင်ငံသားတွေကို ရုရှားနိုင်ငံသားဖြစ်ဖို့ ပိုမိုလွယ်ကူစေတဲ့ အမိန့်တရပ်ကို လက်မှတ်ထိုး ထုတ်ပြန်ထားပါတယ်။

Ref: NHK
Photo:Getty Images
#voiceofmyanmar #VOM #မော်စကို

Related posts

Leave a Comment

VOM News

FREE
VIEW