မြစ်ကြီးနားမှာ ဖုန်းဆိုင်တဆိုင် ဓားပြတိုက်ခံရပြီး သိန်း ၃၀၀ ဝန်းကျင်တန်ဖိုးရှိတဲ့ ဖုန်းတွေပါသွား

မေ ၂၇-၂၀၂၂
VOM (GG)

မြစ်ကြီးနားမြို့၊ မြို့သစ်ရပ်ကွက်မှာရှိတဲ့ I Center Second မိုဘိုင်းဖုန်းဆိုင်မှာ ဒီနေ့မေလ ၂၇ ရက်နေ့မနက်ပိုင်းက ဓားပြတိုက်ခံရပြီး I phone ၁၈ လုံးနဲ့ဝန်ထမ်းတွေရဲ့ဖုန်းတွေ ပါသွားတယ်လို့ ဆိုင်ပိုင်ရှင်ကပြောပါတယ်။

မနက် ၉ နာရီခွဲလောက်မှာ အမည်မသိလူနှစ်ယောက် ဖုန်းဆိုင်ကိုရောက်လာပြီး သေနတ်နဲ့ထောက်ကာ ဆိုင်ဝန်ထမ်းကို တိတ်နဲ့တုပ်ထားပြီး တန်ဖိုးကြီးဖုန်းတွေကို ယူဆောင်သွားတာဖြစ်ကြောင်း၊ကာလတန်ဖိုး သိန်း၃၀၀ ဝန်းကျင်ခန့် ရှိတယ်လို့သိရပါတယ် ။

” မနက်၉နာရီလောက် ဆိုင်စဖွင့်တော့ ဝန်ထမ်းတစ်ယောက်နဲ့ကျနော်ပဲရှိတယ်၊၉နာရီလောက် ဆိုင်ဖွင့်ပြီးကျနော်အခြားကိစ္စရှိလို့ အပြင်ခနထွက်သွားချိန်လူ၂ယောက်က 125 ဆိုင်ကယ် နဲ့ ဦးထုပ် ၊ မက်စ်၊ ဝတ်စုံအပြည့်နဲ့ဆိုင်ကိုဝင်ပြီးတော့ ကျနော်နာမည်အရင်ဆုံးမေးတယ်၊ ကိုဝတုတ်လေးရှိလား တွေ့ချင်တယ် ပြောတော့ ကျနော့တပည့်က မရှိဘူးပြောတော့ ခနထိုင်နေပြီး တစ်ယောက်က သေနတ်ထုတ်ပြီး သူတို့မှာပါလာတဲ့ တိတ်နဲ့ ကျနော့်တပည့်ကို ကြိုးချည်ပြီး လက်ကိုတိတ်နဲ့ပတ်၊ ပါးစပ်ကိုတိတ်နဲ့ပတ် အောက်ကအခန်းထဲမှာထည့်ထားပြီး အသံမထွက်နဲ့ဆိုပြီး သေနတ်နဲ့ထောက်ထားတယ်။ ၁ယောက်က ကျောပိုးအိတ်ထဲဖုန်းတွေအကုန်လုံးထည့်သွားတယ်။တန်ဖိုးမြင့်တဲ့ဖုန်းတွေကြည်ယူသွားတာပေါ့”လို့ ဆိုင်ပိုင်ရှင်ကပြောပါတယ်။

ဓားပြတိုက်ခံလိုက်ရတဲ့ဖုန်းတွေကတော့ အိုင်ဖုန်း 13Promax ၊13Pro ၊13 silver ၊11Promax ၊12Pro၊Xsmax နဲ့ X1 ဖုန်းတွေဖြစ်တယ်လို့ သိရပါတယ်။

လက်ရှိမှာ ဖုန်းတွေဓားပြတိုက်ခံရတာနဲ့ပတ်သက်ပြီး အမှုဖွင့်တာမျိုးမရှိသေးဘဲ ကိုယ်တိုင်အချိတ်အဆက်နဲ့ စုံစမ်းစီစဉ်နေတယ်လို့ ဆိုင်ပိုင်ရှင်ကပြောပါတယ်။

မြစ်ကြီးနားမှာ လုယက်မှုတွေ မကြာခဏဖြစ်နေပြီး မနေ့ မေလ၂၆ ရက်မနက်ပိုင်းကလည်း အမျိုးသားတဦး ဓားထောက်ပြီး ဆိုင်ကယ်လုယက်ခံရလို့ သေဆုံးခဲ့တယ်လို့လည်း သိရပါတယ်။

မူဆယ်မြို့မှာလည်း စိုင်းညီဖုန်းဆိုင် ဓားပြတိုက်ခံရပြီး သိန်းတစ်ထောင်ကျော်ပစ္စည်းတွေ ပါသွားတဲ့အမှု ဖြစ်ပွားခဲ့ပြီး အခုလထဲမှာပဲ တရားခံ ၄ ယောက်ကိုဖမ်းမိထားတယ်လို့ သိရပါတယ်။

#voiceofmyanmar #VOM #မြစ်ကြီးနား #ဖုန်းဆ်ိုင် #ဓားပြတိုက်ခံရ

Related posts

Leave a Comment

VOM News

FREE
VIEW