မှတ်ပုံတင်မပါဘဲ ခရီးသွားသူတွေကို အရေးယူတော့မယ်လို့ ပေါင်းတည် ထွေ/အုပ်က သတိပေး

မေ ၂၇-၂၀၂၂
VOM (GG)

မှတ်ပုံတင်ယူဆောင်ခြင်းမရှိဘဲ ခရီးသွားလာသူတွေကို လာမယ့် ဇွန်လ ၁ ရက်နေ့ကစပြီး ဥပဒေအရ အရေးယူတော့မယ်လို့ ပေါင်းတည်မြို့နယ် အထွေထွေအုပ်ချုပ်ရေးဦးစီးဌာနက သတိပေးပြောဆိုလိုက်ပါတယ်။

ဒါကြောင့် ပေါင်းတည်မြို့အတွင်း ပြည်သူတွေအနေနဲ့ ခရီးသွားလာမယ်ဆိုရင် နိုင်ငံသားစစ်ဆေးရေးကဒ်ကိုယူဆောင်သွားလာရမှာဖြစ်ပြီး စစ်ဆေးချိန်မှာ ကိုင်ဆောင်ထားချင်းမရှိပါက မြန်မာနိုင်ငံအတွင်းနေထိုင်သူများ မှတ်ပုံတင်ရင်းနည်းဥပဒေပုဒ်မ၆(၂)/၆(၃)နဲ့အရေးယူမှာဖြစ်တယ်လို့ သိရပါတယ်။

” အရင်ကကြေညာတာကတော့ မှတ်ပုံတင်ပါမှ ခရီးသွားရမယ်ဆိုတာသိတယ်၊အရေးယူတာမျိုးတော့ မရှိခဲ့ဘူး။ အခုကတော့ ဥပဒေနဲ့အရေးယူမယ်လို့ အသိပေးလိုက်တာပေါ့။ “လို့ ပေါင်းတည်ဒေသခံတဦးကပြောပါတယ်။

လက်ရှိမှာ သက်ဆိုင်ရာဌာနကလည်း ပန်းခင်းစီမံချက်အဖြစ် မှတ်ပုံတင်ကဒ်တွေ လုပ်ဆောင်ပေးနေတာကြောင့် အသက်(၁၈)နှစ်ပြည့်သူတိုင်း မှတ်ပုံတင်လုပ်ဆောင်ထားဖို့ ပေါင်းတည်ထွေအုပ်က ပြောဆိုထားပါတယ်။

ပေါင်းတည်မြို့မှာတော့ စစ်ဆေးရေးဂိတ်တွေကို မြို့အဝင်တွေမှာဖွင့်လှစ်ကာ နေ့တိုင်းစစ်ဆေးတာတွေလုပ်နေပြီး မြို့ထဲမှာတော့ ထူးခြားမှုတစုံတရာရှိမှသာ ရှောင်တခင်စစ်ဆေးတာတွေလုပ်တယ်လို့ ဒေသခံတွေဆီက သိရပါတယ် ။

” မြို့အဝင်မှာပဲ အဓိကစစ်မယ်ထင်တယ်။ မြို့ထဲအဝင်အထွက် လူတွေကိုပေါ့။မြို့ထဲသွားနေသူတွေကိုတော့ ပေါက်ကွဲမှုဖြစ်တာတို့၊အနီးရွာတွေမှာတခုခုဖြစ်တာတို့မှ လုပ်တာတွေ့တယ် “လို့ နောက်ထပ်ဒေသခံတဦးကပြောပါတယ်။

ကိုဗစ်ကာကွယ်ဆေးထိုးထားကြောင်း လက်မှတ် ပါ၊မပါကိုတော့ နေ့တိုင်းစစ်ဆေးနေတယ်လို့သိရပါတယ်။

#voiceofmyanmar #VOM #ပေါင်းတည် #မှတ်ပုံတင်မပါ #အရေးယူတော့မယ်

Related posts

Leave a Comment

VOM News

FREE
VIEW