သရုပ်ဆောင်ရဲတိုက် အလုပ်ကြမ်းနဲ့ထောင်ဒဏ် (၁၀)နှစ်ချမှတ်ခံရ

မေ ၂၇-၂၀၂၂
KK(VOM)

ရုပ်ရှင်သရုပ်ဆောင်ရဲတိုက်ကို ဒီကနေ့ နေ့လယ်ပိုင်းက အနောက်ပိုင်းခရိုင်တရားရုံးကနေ မူးယစ်ဆေးဝါးအမှုနဲ့အလုပ်ကြမ်းနဲ့ထောင်ဒဏ်(၁၀)နှစ်ချမှတ်လိုက်တယ်လို့ ရှေ့နေအသိုင်းအဝိုင်းကနေ သိရပါတယ်။

သရုပ်ဆောင်ရဲတိုက်ကို မူးယစ်ဆေးဝါး လက်ဝယ်တွေ့ရှိမှု ပုဒ်မ ၁၆(ဂ)/၂၃ နဲ့ ဒီကနေ့မှာ အလုပ်ကြမ်းနဲ့ထောင်ဒဏ်(၁၀)နှစ်ချမှတ်ခဲ့တာဖြစ်တယ်လို့ တရားလွှတ်တော်ရှေ့နေတဦးက ပြောပါတယ်။

“သတင်းကမှန်ပါတယ် သူကိုဒီကနေ့ နေ့လယ်ကပဲ အလုပ်ကြမ်းနဲ့ထောင် ဆယ်နှစ်ချလိုက်တာပါ”လို့ သူက
ပြောပါတယ်။

ပြီးခဲ့တဲ့ ၂၀၂၁ ခုနှစ် ဒီဇင်ဘာလ ၃၀ရက်နေ့က ရဲတိုက်ကို အင်းစိန်ထောင်ရှိ အထူးတရားရုံးက ပုဒ်မ ၅၀၅-ကနဲ့ အလုပ်ကြမ်းနဲ့ ထောင်ဒဏ် ၃ နှစ် ချမှတ်ခဲ့တာလည်းရှိပါတယ်။

လက်တလော ရုပ်ရှင်သရုပ်ဆောင်ရဲတိုက်အနေနဲ့ စုစုပေါင်းအလုပ်ကြမ်းနဲ့ထောင်ဒဏ် ၁၃ နှစ်ကိုစုပေါင်းကျခံရမှာဖြစ်ပါတယ်။

ရုပ်ရှင်သရုပ်ဆောင်ရဲတိုက်ကို ဧပြီလ ၃ ရက်နေ့ညပိုင်းက မရမ်းကုန်းမြို့နယ်၊ သမိုင်းလမ်းဆုံမှာ ဖမ်းဆီးရမိခဲ့တာဖြစ်ပြီး ဖမ်းဆီးရမိချိန်မှာ မူးယစ်ဆေးဝါးတွေပါတွေ့ရှိခဲ့တယ်လို့ နစကကောင်စီက ဧပြီလ ၄ ရက်နေ့မှာ ထုတ်ပြန်ကြေညာခဲ့တာဖြစ်ပါတယ်။

#voiceofmyanmar #VOM #ရဲတိုက် #ထောင်ဆယ်နှစ်ချမှတ်ခံရ

Related posts

Leave a Comment

VOM News

FREE
VIEW