ဂန့်ဂေါမြို့နယ်မှာ တိုက်ပွဲကျန် ဗုံးသီးပေါက်ကွဲလို့ ကလေးငယ် ၂ ဦးသေဆုံး

ဇွန် ၊ ၂၀- ၂၀၂၂
SP (VOM)

မကွေးတိုင်း ၊ ဂန့်ဂေါခရိုင် ၊ ဂန့်ဂေါမြို့နယ် မြောက်ပိုင်း ၊ ကန်ရွာအနီး ဂန့်ဂေါ-ကလေး ကားလမ်း ၊ ကျောက်ဂူတောရကျောင်းနားမှာ မနေ့ ဇွန် ၁၉ ရက် ညပိုင်းက တိုက်ပွဲကျန် ဗုံးသီး ၁ လုံး ပေါက်ကွဲတဲ့အတွက် ကလေးငယ် ၂ ဦး သေဆုံးခဲ့တယ်လို့ နယ်ခံ လူမှုကူညီရေးအသင်းတွေဆီက သိရပါတယ် ။

” ညကဖြစ်တာပါ ၊ တိုက်ပွဲကျန် ၄၀ မမ ဗုံးသီးကို ကလေးတွေက ကောက်ယူလာတာ ၊ တဲရောက်တော့မှ ပေါက်ကွဲသွားတယ် ၊ ဗုံးစထိမှန်ပြီး မောင်ပြည့်စုံမောင်နဲ့ မောင်မင်းထွဋ်ဇော် ၂ ယောက်စလုံးက ၇ နှစ်အရွယ် သေဆုံးတာ “လို့ နယ်ခံပရဟိတသမားတယောက်က ပြောပါတယ်။

အဲ့ဒီ ကလေး ၂ ယောက် ဗုံးစထိမှန် သေဆုံးတာနဲ့ ပတ်သက်ပြီး ကန်နယ်မြေရဲစခန်းက ” ဖြစ်ပွားတယ်လို့တော့ ကနဦးကြားရတယ် ၊ ဆေးရုံကို အလောင်းရောက်လာတာ ဒီနေ့ခင်းထိ မရှိသေးဘူး “လို့ တာဝန်ရှိသူတယောက်က ပြောပါတယ်။

ဇွန်လပထမပတ်ထဲမှာ ကန် ၊ ကျွန်းခုံသာ ၊ ရေရှင်မ ၊ မွှေ့လယ် ၊ ထယ်လှော် စတဲ့ရွာတွေဘက်နဲ့ တောတိုက်တွေဘက်ကို စစ်ကြောင်းထိုးတာတွေရှိတယ်လို့ ဒေသခံတွေဆီက သိရပါတယ်။

#voiceofmyanmar #VOM #ဂန့်ဂေါ #တိုက်ပွဲကျန်ဗုံးသီးပေါက်ကွဲ #ကလေး၂ဦးသေဆုံး

Related posts

Leave a Comment

VOM News

FREE
VIEW