စစ်တွေမြို့က ပွိုင့်ကမ်းခြေမှာ ကမ္ဘာ့ရှားပါး လင်းရှူး ၁ ကောင် သောင်တင်သေဆုံးနေတာကို တွေ့ရ

ဇူလိုင် ၊ ၆-၂၀၂၂
SP (VOM)

ရခိုင်ပြည်နယ် ၊ စစ်တွေမြို့၊ စစ်တွေဟိုတယ်နားက ပွိုင့်ကမ်းခြေမှာ ကမ္ဘာ့ရှားပါး လင်းရှူး ၁ ကောင် သေဆုံး သောင်တင်နေတာကို မနေ့ ဇူလိုင် ၅ ရက် ညနေပိုင်းက တွေ့ခဲ့ရတယ်လို့ ရွှေတောင်မေတ္တာအသင်းဆီက သိရပါတယ်။

“သေဆုံးနေတဲ့ လင်းရှူးက အလျား အရှည် ၁၀ ပေ ၊ လုံးပတ် ၄ ပေခွဲ အရွယ်အစားရှိတယ် ၊ သေခြာစီစစ်ပြီး ဒီမနက်မှာပဲ ထုပ်ပိုးပြီး မြေမြုတ်လိုက်တယ် ” လို့ စစ်တွေခရိုင်ငါးလုပ်ငန်းဦးစီးဌာနက ပြောပါတယ်။

အခုတွေ့ရှိရတဲ့ လင်းရှူးအသေနဲ့ပတ်သက်ပြီး စစ်တွေခရိုင်ငါးလုပ်ငန်းဦးစီးဌာန တာဝန်ရှိသူတဦးက ” သေဆုံးရတဲ့ အကြောင်းအရာက လင်းရှူးတို့ ၊ လင်းပိုင်းတို့ဆိုတာ၊ လူနဲ့ အနေနီးပြီး ယဥ်ပါးတဲ့ ရေနေသတ္တဝါတွေဖြစ်တယ် ၊ ကမ္ဘာ့ရှားပါး မျိုးစိတ်ထဲမှာရှိတယ် ၊ လူတွေနဲ့ ယဥ်ပါးတဲ့အတွက်လည်း ရေယာဥ်တွေနဲ့ကပ်လို့ လိုက်ပါရင် မတော်တဆ ခုတ်မိ တိုက်မိတာကြောင့် သေဆုံးရတာ ရှိသလို ၊ သက်တမ်းစေ့ပြီး သေဆုံးရတာလည်းရှိတယ် “လို့ ပြောပါတယ်။

မြန်မာနိုင်ငံရဲ့ ကမ်းရိုးတန်းဒေသတွေမှာ မုန်တိုင်းဝင်ရောက်ပြီးနောက်ပိုင်း ရေနေသတ္တဝါတချို့ သေဆုံးသောင်တင်နေတာကို မကြာခဏတွေ့ရှိရတယ်လို့လည်း သိရပါတယ်။

Photo- စစ်တွေခရိုင် ငါးလုပ်ငန်းဦးစီးဌာန
#voiceofmyanmar #VOM #စစ်တွေ #ကမ္ဘာ့ရှားပါ #လင်းရှူးအသေတကောင်တွေ့

Related posts

Leave a Comment

VOM News

FREE
VIEW