ကုလသမဂ္ဂ အထူးသံတမန် ဒေါက်တာနိုလင်းဟေဇာရဲ့ မြန်မာနိုင်ငံခရီးစဉ် စတင်

နယူးယောက်၊ သြဂုတ် ၁၆-၂၀၂၂
မျိုးဆက်(VOM)

ဒေါ်အောင်ဆန်းစုကြည်ကို မြန်မာအာဏာပိုင်တွေက နောက်ထပ်ထောင်ခြောက်နှစ် ချမှတ်လိုက်ပြီးနောက် တရက်အကြာမှာတော့ ကုလသမဂ္ဂရဲ့ မြန်မာနိုင်ငံဆိုင်ရာ အထူးသံတမန် ဒေါက်တာနိုလင်းဟေဇာဟာ သြဂုတ် ၁၆ ရက်မှာ သူ့ရဲ့ ပထမဆုံး မြန်မာနိုင်ငံခရီးစဉ် စတင်လိုက်ပြီဖြစ်ပါတယ်။

အထူးသံတမန်ရဲ့ ခရီးစဉ်အတွင်း မြန်မာနိုင်ငံမှာ ဆိုးရွားတဲ့အခြေအနေတွေနဲ့ပတ်သက်ပြီး ဖြေရှင်းဖို့နဲ့ သူ့ရဲ့လုပ်ပိုင်ခွင့်အရ တခြားဦးစားပေး ကဏ္ဍတွေမှာ အာရုံစိုက်သွားမှာဖြစ်တယ်လို့ ကုလသမဂ္ဂရဲ့ ထုတ်ပြန်ချက်မှာ ဖော်ပြထားပါတယ်။

သူမအနေဖြင့် မြန်မာနိုင်ငံသို့ သွားရောက်မည့် ပထမဆုံးခရီးစဉ်အတွင်း မြန်မာအာဏာပိုင်များမှဘက်မှ ဘယ်သူနဲ့တွေ့မယ်ဆိုတာနဲ့ ဒေါ်အောင်ဆန်းစုကြည်နဲ့ တွေ့ဖို့ကြိုးပမ်းမှာလားဆိုတာကိုတော့ အသေးစိတ် ထုတ်ပြန်ခြင်းမရှိပါဘူး။

နိုလင်းဟေဇာဟာ နေပြည်တော်မှာ အစည်းအဝေးတွေပြုလုပ်သွားဖို့ရှိတယ်လို့ သံတမန်သတင်းရပ်ကွက်က ပြောဆိုထားပြီး အသေးစိတ်အချက်အလက်တွေကိုတော့ ပြောဆိုခြင်းမရှိပါဘူး။

နစက ပြောခွင့်ရသူ ဗိုလ်ချုပ်ဇော်မင်းထွန်းကတော့ ” ဟုတ်ပါတယ် နိုလင်းဟေဇာ လာပါမယ်၊ မနက်ဖြန်မှာနိုင်ငံတော်အကြီးအကဲအပါအဝင် သက်ဆိုင်ရာဝန်ကြီးတွေနဲ့တွေ့ပါမယ်”လို့လည်း ပြောဆိုထားပါသေးတယ်။

မြန်မာ့နိုင်ငံရေးအကျပ်အတည်းနဲ့ပတ်သက်ပြီး ကုလသမဂ္ဂနဲ့ အာဆီယံအဖွဲ့ ဦးဆောင်တဲ့ သံတမန်ရေးရာ ကြိုးစားအားထုတ်မှုတွေဟာ အတိုက်အခံတွေနဲ့ ဆွေးနွေးဖို့ငြင်းဆိုထားတဲ့ မြန်မာအာဏာပိုင်တွေကြောင့် အောင်မြင်ခြင်းမရှိသေးပါဘူး။

Ref: TRT
Photo:Wiki
#voiceofmyanmar #VOM #နယူးယောက်

Related posts

✕
VOM News

FREE
VIEW