“သဘာဝဘေးအန္တရာယ်ကြောင့် ထိခိုက်မှုနည်းစေဖို့ ဆိုရင်…”

သွေး (စစ်ကိုင်း) ရာသီဥတု ပြောင်းလဲလာမှုရဲ့ အကျိုးဆက်ကြောင့် ကမ္ဘာတဝှမ်းမှာ သဘာဝဘေးအန္တရာယ်တွေ ပိုမိုများပြား လာနေတဲ့ သတင်းတွေ နေ့စဉ်မပြတ် ကြားနေရပါတယ်။ တောမီးလောင်တာ၊ ရေကြီးတာ၊ မိုးခေါင်တာ၊ မြေပြိုတာ၊ ငလျင်လှုပ်တာ၊ ရေခဲတောင်တွေ အရည်ပျော်ကျတာ၊ မုန်တိုင်းတွေ ဆက်တိုက်ဆိုသလို တိုက်ခတ်တာတွေက လူသားတွေရဲ့ ရှင်သန်ရပ်တည်မှုကို ခြိမ်းခြောက်နေပါတယ်။ သဘာဝဘေးအန္တရာယ် ဖြစ်ပွားမှုတွေရဲ့ ထိခိုက်မှုတွေ လျှော့ချနိုင်ဖို့ လုပ်သင့် လုပ်ထိုက်တာတွေကို မဖြစ်မနေ လုပ်ဆောင်ဖို့ အချိန်တန်နေပါပြီ။ ကျွန်မတို့ မြန်မာနိုင်ငံဟာ သဘာဝဘေးအန္တရာယ်ကြောင့် ထိခိုက်ခံနေရတဲ့ နိုင်ငံစာရင်းမှာ ပါဝင်နေပါတယ်။ နှစ်စဉ် နှစ်တိုင်းလိုလို မိုးရာသီမှာ ရေကြီးရေလျှံမှုတွေ ဖြစ်ပွားနေပြီး တချို့ဒေသတွေမှာတော့ မိုးခေါင်တာတွေ ဖြစ်ပေါ်နေပါတယ်။ ရေကြီးရေလျှံမှုရော မိုးခေါင်မှုရောက စိုက်ပျိုးရေးကို အဓိကဦးစားပေး လုပ်ကိုင်နေရတဲ့ တောင်သူတွေအပေါ် အများဆုံး ထိခိုက်စေပါတယ်။ အချိန်အခါမဟုတ် ရွာသွန်းတဲ့ မိုးကြောင့် သီးနှံတွေ…

Read More

ဈေးလမ်းဆုံ

ဆူးငှက် ၂၉လမ်းအစဟု ခေါ်ရမည်လား။ အဆုံးဟုခေါ်ရမည်လား မသိသောနေရာသည် ထိုလမ်းနှင့် မိချောင်းတံတားဆုံသော နေရာဖြစ်ပါသည်။ မိချောင်း တံတားဟူသည် အိမ်တော်ရာဘုရားအနောက်ဘက်မှာ ရှိပါသည်။ ပုဂံမင်းသား ခေတ္တစိုးစံရာ အိမ်တော်နေရာ ““မဟာလောကရံသီ”ဘွဲ့အမည်ခံပြီး စေတီကြီး တစ်ဆူ တည်ထားကိုးကွယ်ခဲ့၏။ မန္တလေးသားတွေက ““အိမ်တော်ဘုရား”ဟုပဲ သိနေကြပါသည်။ ထိုဘုရားသို့ အမရပူရမြို့မှ ပုဂံမင်းက ဘုရားဖူးကြွတော်မူလာလျှင် မြေနိမ့်အရပ်များဖြစ်သော ဥယျာဉ်တန်း၊ သင်္ဘောတန်းတို့မှ ရွှံ့တော ဗွက်တောများကို ဖြတ်ကူးနိုင်ရန် အုတ်တံတားကြီး တည်ခင်းပေးခဲ့သည်။တံတားကြီးကို ““မဟာသုဒဿန မိချောင်တံတား”ဟု ခေါ်ဆိုကာ မင်းသားကြီး ဦးကျောက်လုံးက ၁၂၁၁ခု၊ပြာသိုလတွင် ကုသိုလ်ပြု လှူဒါန်းခဲ့သည်။ တံတားကြီးမှာ ၃၅လမ်းမှ အိမ်တော်ဘုရား အနောက်ထိပ်ထိ ရှည်သည်။ ၇ပြ နီးပါးရှိပါသည်။မြောက်ဘက်ထိပ်တွင် မိကျောင်းနှစ်ကောင်ရှိသည်။ တောင်ဘက်ထိပ်တွင် ခြင်္သေ့ကြီး၂ကောင်ရှိပါသည်။ ကျွန်တော်တို့ ငယ်စဉ်ကတော့ အုတ်တံတားကြီး၏ အပိုင်းအစများကို ထီးလင်းတိုက်ရှေ့နှင့် ပုဏ္ဏားစုဘက် များတွင် တွေ့ရှိခဲ့ရဖူးပါ၏။…

Read More

ကုလသမဂ္ဂ အထူးသံတမန် ဒေါက်တာနိုလင်းဟေဇာရဲ့ မြန်မာနိုင်ငံခရီးစဉ် စတင်

နယူးယောက်၊ သြဂုတ် ၁၆-၂၀၂၂ မျိုးဆက်(VOM) ဒေါ်အောင်ဆန်းစုကြည်ကို မြန်မာအာဏာပိုင်တွေက နောက်ထပ်ထောင်ခြောက်နှစ် ချမှတ်လိုက်ပြီးနောက် တရက်အကြာမှာတော့ ကုလသမဂ္ဂရဲ့ မြန်မာနိုင်ငံဆိုင်ရာ အထူးသံတမန် ဒေါက်တာနိုလင်းဟေဇာဟာ သြဂုတ် ၁၆ ရက်မှာ သူ့ရဲ့ ပထမဆုံး မြန်မာနိုင်ငံခရီးစဉ် စတင်လိုက်ပြီဖြစ်ပါတယ်။ အထူးသံတမန်ရဲ့ ခရီးစဉ်အတွင်း မြန်မာနိုင်ငံမှာ ဆိုးရွားတဲ့အခြေအနေတွေနဲ့ပတ်သက်ပြီး ဖြေရှင်းဖို့နဲ့ သူ့ရဲ့လုပ်ပိုင်ခွင့်အရ တခြားဦးစားပေး ကဏ္ဍတွေမှာ အာရုံစိုက်သွားမှာဖြစ်တယ်လို့ ကုလသမဂ္ဂရဲ့ ထုတ်ပြန်ချက်မှာ ဖော်ပြထားပါတယ်။ သူမအနေဖြင့် မြန်မာနိုင်ငံသို့ သွားရောက်မည့် ပထမဆုံးခရီးစဉ်အတွင်း မြန်မာအာဏာပိုင်များမှဘက်မှ ဘယ်သူနဲ့တွေ့မယ်ဆိုတာနဲ့ ဒေါ်အောင်ဆန်းစုကြည်နဲ့ တွေ့ဖို့ကြိုးပမ်းမှာလားဆိုတာကိုတော့ အသေးစိတ် ထုတ်ပြန်ခြင်းမရှိပါဘူး။ နိုလင်းဟေဇာဟာ နေပြည်တော်မှာ အစည်းအဝေးတွေပြုလုပ်သွားဖို့ရှိတယ်လို့ သံတမန်သတင်းရပ်ကွက်က ပြောဆိုထားပြီး အသေးစိတ်အချက်အလက်တွေကိုတော့ ပြောဆိုခြင်းမရှိပါဘူး။ နစက ပြောခွင့်ရသူ ဗိုလ်ချုပ်ဇော်မင်းထွန်းကတော့ ” ဟုတ်ပါတယ် နိုလင်းဟေဇာ လာပါမယ်၊ မနက်ဖြန်မှာနိုင်ငံတော်အကြီးအကဲအပါအဝင် သက်ဆိုင်ရာဝန်ကြီးတွေနဲ့တွေ့ပါမယ်”လို့လည်း ပြောဆိုထားပါသေးတယ်။ မြန်မာ့နိုင်ငံရေးအကျပ်အတည်းနဲ့ပတ်သက်ပြီး…

Read More

ကရိုင်းမီးယားရှိ ရုရှားစစ်အခြေစိုက်စခန်းမှာ ပေါက်ကွဲမှုတွေ ဆက်တိုက်ဖြစ်ပွား

ကိယက်ဗ်၊ သြဂုတ်-၁၆-၂၀၂၂ မျိုးဆက်(VOM) ရုရှားသိမ်းပိုက်ထားတဲ့ ယူကရိန်းနိုင်ငံ ကရိုင်းမီးယားဒေသရှိ ရုရှားစစ်အခြေစိုက်စခန်းတစ်ခုမှာ သြဂုတ် ၁၆ ရက်က ပေါက်ကွဲမှုတွေ ဆက်တိုက်ဖြစ်ပွားခဲ့ပြီး လူနှစ်ဦးဒဏ်ရာရှိခဲ့တယ်လို့ သိရပါတယ်။ ကရိုင်းမီးယားဒေသ ဒီဇန်ခွိုင်ဒေသရှိ လက်နက်သိုလှောင်ရုံတခု မီးလောင်ပေါက်ကွဲမှုဖြစ်ပွားခဲ့တာလို့ ရုရှားတာ၀န်ရှိသူတွေကပြောပါတယ်။ ဒါ့အပြင် လျှပ်စစ်ဓါတ်အားရုံလည်း မီလောင်မှုဖြစ်ပွားခဲ့တယ်လို့ ပြောပါတယ်။ ပေါက်ကွဲမှုနဲ့ပတ်သက်ပြီး ရှင်းရှင်းလင်းလင်းမသိရသေးပေမယ့် ပြီးခဲ့တဲ့ ကရိုင်းမီးယား ကမ်းရိုးတန်းမှာ ပြီသီတင်းပတ်အတွင်းက ယူကရိန်းရဲ့တိုက်ခိုက်မှုကြောင့် ရုရှား စစ်လေယာဉ်တွေ အများပြား ပျက်စီးခဲ့ပါတယ်။ ရုရှားစံတော်ချိန် မနက် ၆ နာရီ ၁၅ မိနစ်မှာ ယာယီလက်နက်ခဲယမ်းသိုလှောင်ရုံမှာ ဖြစ်ပွားခဲ့တဲ့ မီးလောင်မှုရဲ့ အကြောင်းရင်းကို စုံစမ်းစစ်ဆေးနေပြီး ဖြစ်စဉ်ကြောင့် အသေအပျောက်မရှိဘူးလို့ ရုရှားတာ၀န်ရှိသူတွေက ပြောပါတယ်။ ယူကရိန်းသမ္မတရဲ့ အကြံပေး Mykhailo Podolyak ကတော့ ဒီအဖြစ်အပျက်ဟာ မတော်တဆမဟုတ်ဘူးလို့ ပြောဆိုထားပြီး အသေးစိတ်ကိုတော့ ထုတ်ဖော်ပြောဆိုတာမျိုးမရှိပါဘူး။ Ref:…

Read More

SSPP ထူထောင်ခြင်း ၅၁ နှစ်ပြည့်အခမ်းအနား

ကျေးသီး၊ဩဂုတ်၊ ၁၆၊၂၀၂၂ ကိုစိုင်း SSPP ရှမ်းပြည်တိုးတက်ရေးပါတီ ထူထောင်ခြင်း ၅၁ နှစ်ပြည့်အခမ်းအနားကို ​ကျေးသီးမြို့နယ် နမ့်ပန်မြစ်ဘေးမှာရှိတဲ့ SSPP အထိမ်းမှတ်ကျောက်တိုင် မှာ ဒီကနေ့မနက်ပိုင်းက ကျင်းပခဲ့ပါတယ်။ SSA (ရှမ်းမြောက်တပ်မတော်)ကို ၁၉၆၄ မှာ ထူထောင်ခဲ့ပေမယ့် SSAရဲ့ နိုင်ငံရေးပါတီဖြစ်တဲ့ ရှမ်းပြည်တိုးတက်ရေးပါတီကို ၁၉၇၁ ခုနစ်မှာမှ တည်ထောင်ခဲ့တာဖြစ်ပါတယ်။ SSPP ပထမဆုံး ဥက္ကဋ္ဌက ပလောင်လူမျိုး စဝ်ဆေလိန်းဖြစ်ပါတယ်။ လက်ရှိမှာတော့ ဗိုလ်ချုပ်ပန်ဖှက တာဝန်ယူထားပါတယ်။ #voiceofmyanmar #VOM #SSPP #SSA

Read More

ညောင်ဦး – ကျောက်ပန်းတောင်းလမ်းမှာ ကား ၂ စီး တိုက်မိရာကနေ လူ ၁ ဦးသေ ၊ ၈ ဦးဒဏ်ရာရ

သြဂုတ် ၁၆ ၊ ၂၀၂၂ SP(VOM) မန္တလေးတိုင်း၊ ညောင်ဦးမြို့နယ်၊ ကူရွာအုပ်စု၊ တောင်ရှေ့ကျေးရွာ၊ ယုန်လွှတ်ကျွန်းလမ်းထိပ်၊ ညောင်ဦး-ကျောက်ပန်းတောင်း ကားလမ်းမကြီး၊ မိုင်တိုင်အမှတ် (၂၂/၂)အနီးမှာ ဒီကနေ့ မနက် ၅ နာရီခန့်က Hiject နဲ့ Suzuki ကား ၂ စီးမျက်နှာချင်းဆိုင် တိုက်မိရာကနေ လူ (၁) ဦး သေဆုံးပြီး လူ (၈) ဦး ထိခိုက်ဒဏ်ရာရရှိခဲ့တယ်လို့ ကားသမားတွေဆီက သိရပါတယ်။ ” ညောင်ဦး-ကျောက်ပန်းတောင်း ကားလမ်းမကြီး၊ မိုင်တိုင်အမှတ် (၂၂/၂)နားမှာ ဖြစ်တာပါ ၊ Hiject ယာဉ်ပေါ်မှာက အမျိုးသား (၆) ဦး နဲ့ အမျိုးသမီး (၂) ဦး လိုက်ပါလာတယ် ၊ အဲ့ဒီ ၈ ဦးထဲက အမျိုးသား (၁) ဦး သေဆုံးပြီး…

Read More

တိုက်ပွဲရှောင်တွေရဲ့ နေအိမ်တွေ ဖောက်ထွင်း ခိုးယူခံနေရ

သြဂုတ် ၊ ၁၆ ၊ ၂၀၂၂ SP (VOM) စစ်ကိုင်းတိုင်းထဲက ရွာပေါင်း ၅၀ ကျော်မှာ လတ်တလော ဖြစ်ပေါ်နေတဲ့ ထိတွေ့တိုက်ပွဲ ပဋိပက္ခတွေကြောင့် ထွက်ပြေးတိမ်းရှောင်နေသူတွေရဲ့ နေအိမ်တွေဟာ ဖောက်ထွင်းခံရပြီး အိမ်တွင်း အဖိုးတန်ပစ္စည်းတွေ ခိုးယူခံနေရတယ်လို့ ကာယကံရှင်တွေဆီက သိရပါတယ်။ ” ဟိုဘက်ရွာကို စစ်ကြောင်းရောက်ရင် ဒီဘက်ရွာက ပြေးမိအောင် ပြေးရတာပါ ၊ အဲ့ဒီလို ထွက်ပြေးတဲ့အခါ မှတ်ပုံတင်နဲ့ အိမ်ထောင်စုစာရင်း စတဲ့ အရေးကြီး စာရွက်စာတမ်းတွေကို အဓိကထားယူပြေးရတယ် ၊ ကိုယ်လွတ်ရုန်းပြီး အသက်လုပြေးရတာဆိုတော့ တနိုင်ဝန်ပဲယူနိုင်တယ် ၊ ပြေးရတာက သုံးလေးရက်ကြာတယ် ၊ ရွာကိုပြန်လာတော့ မီးရှို့ဖျက်ဆီးခံရတဲ့ အိမ်တွေ တွေ့ရသလို ၊ မီးရှို့မခံရတဲ့ အိမ်တွေက ဖောက်ထွင်း ခိုးယူခံရတာ တွေ့ရတယ် ” လို့ ဒီပဲယင်းမြို့နယ် ကိုင်းကန်ရွာခံ…

Read More
VOM News

FREE
VIEW