ညောင်ဦး – ကျောက်ပန်းတောင်းလမ်းမှာ ကား ၂ စီး တိုက်မိရာကနေ လူ ၁ ဦးသေ ၊ ၈ ဦးဒဏ်ရာရ

သြဂုတ် ၁၆ ၊ ၂၀၂၂
SP(VOM)

မန္တလေးတိုင်း၊ ညောင်ဦးမြို့နယ်၊ ကူရွာအုပ်စု၊ တောင်ရှေ့ကျေးရွာ၊ ယုန်လွှတ်ကျွန်းလမ်းထိပ်၊ ညောင်ဦး-ကျောက်ပန်းတောင်း ကားလမ်းမကြီး၊ မိုင်တိုင်အမှတ် (၂၂/၂)အနီးမှာ ဒီကနေ့ မနက် ၅ နာရီခန့်က Hiject နဲ့ Suzuki ကား ၂ စီးမျက်နှာချင်းဆိုင် တိုက်မိရာကနေ လူ (၁) ဦး သေဆုံးပြီး လူ (၈) ဦး ထိခိုက်ဒဏ်ရာရရှိခဲ့တယ်လို့ ကားသမားတွေဆီက သိရပါတယ်။

” ညောင်ဦး-ကျောက်ပန်းတောင်း ကားလမ်းမကြီး၊ မိုင်တိုင်အမှတ် (၂၂/၂)နားမှာ ဖြစ်တာပါ ၊ Hiject ယာဉ်ပေါ်မှာက အမျိုးသား (၆) ဦး နဲ့ အမျိုးသမီး (၂) ဦး လိုက်ပါလာတယ် ၊ အဲ့ဒီ ၈ ဦးထဲက အမျိုးသား (၁) ဦး သေဆုံးပြီး အမျိုးသား (၅) ဦးနဲ့ အမျိုးသမီး (၂) ဦး ထိခိုက်ဒဏ်ရာရရှိတယ် ၊ အဲ့ဒီလိုပဲ Suziki ယာဉ်ပေါ်မှာတဲ့ အမျိုး သား (၁)ဦးလည်း ထိခိုက်ဒဏ်ရတယ် “လို့ ကူညီလုပ်ကိုင်ပေးခဲ့တဲ့ ပရဟိတသမားတယောက်က ပြောပါတယ်။

အဲ့ဒီ ယာဥ်တိုက်မှုဖြစ်တဲ့နေရာကို ညောင်ဦးခရိုင်မီးသတ်စခန်းက ရှာဖွေကယ်ဆယ်ရေး အဖွဲ့တွေ Bagan Resccue အသင်း ၊ ဂရုဏာရှင် နာရေးကူညီမှုအဖွဲ့ ၊ မြင့်မြတ်သူ လူမှုကူညီ​ရေးအဖွဲ့ တွေရောက်လာပြီး သေဆုံးသူနဲ့ ဒဏ်ရာရ လူနာတွေကို ညောင်ဦးခရိုင် ဆေးရုံကို ပို့ဆောင်ကူညီပေးခဲတယ်လို့ သိရပါတယ်။

အဲ့ဒီ ယာဥ်တိုက်မှုနဲ့ ပတ်သက်လို့ ညောင်ဦးခရိုင် ယာဥ်ထိန်းတပ်ဖွဲ့စုမှူးရုံးက အဖွင့်ဖွင့်အရေးယူနိုင်ဖို့ စစ်ဆေးနေတယ်လို့ သိရပါတယ်။

ဒါ့အပြင် ညောင်ဦး ကျောက်ပန်းတောင်းကားလမ်းဟာ ယာဥ်အသုံးပြုသူများပြားပြီး လမ်းဧရိယာ ကျဥ်းတဲ့အတွက် မကြာခဏ ယာဥ်တိုက်မှုတွေဖြစ်ပြီး ဘုရားဖူးခရီးသွား တချို့ သေဆုံး ၊ ဒဏ်ရာရတဲ့ ဖြစ်စဥ်တွေ ၁ နှစ်ကို ၂ ဒါဇင်မက ရှိတယ်လို့ ကားသမားတွေရဲ့ ပြောပြချက်အရ သိရပါတယ်။

#voiceofmyanmar #VOM #ညောင်ဦး #ယာဥ်တိုက်မှု

Related posts

Leave a Comment

VOM News

FREE
VIEW