အိန္ဒိယရောက် မြန်မာနိုင်ငံသားတချို့ဆီက ၅ရက်အတွင်း မူးယစ်ဆေးဝါး သိန်း ၁ သောင်းကျော်ဖိုး ဖမ်းမိထား

သြဂုတ်၂၆ ၊ ၂၀၂၂
SP(VOM)

အိန္ဒိယနိုင်ငံ၊ မီဇိုရမ်ပြည်နယ် ၊ ကျန်ဖိုင်းခရိုင် ၊ မြန်မာ အိန္ဒိယ ၂ နိုင်ငံနယ်စပ်ဒေသမှာ အခုလ သြဂုတ် ၂၂ ရက်က စလို့ နေ့တိုင်းလိုလို မြန်မာတွေဆီကနေ မူးယစ်ဆေးဝါးတွေ ဖမ်းဆီးရမိတယ်လို့ မီဇိုရမ်ပြည်နယ်ရဲတပ်ဖွဲ့ရဲ့ သတင်းထုတ်ပြန်ချက်တွေအရ သိရပါတယ်။

အိန္ဒိယရောက် မြန်မာတွေဆီက မူးယစ်ဆေးဝါး ဖမ်းခံရတာနဲ့ ပတ်သက်ပြီး ၊ မီဇိုရမ်ပြည်နယ်မှာ ရောက်နေတဲ့ မြန်မာဒေသခံတယောက်က ” ဒီလ ၂၀ ရက်နောက်ပိုင်းမှာ မူးယစ်ဆေးဝါးမှုနဲ့ အဖမ်းခံရတဲ့ မြန်မာ ၈ ဦးထက်မနည်း ရှိတယ် ၊ မူးယစ်ဆေးဝါး လက်ကြီးသမားတွေ ဖမ်းမိတာ ၃ ကြိမ်ရှိတယ် ၊ ကာလတန်ဖိုး ဒေသပေါက်စျေး ရူပီးငွေ သိန်းပေါင်း ၁၇၀၀ ၊ မြန်မာကျပ်ငွေ သိန်းပေါင်း ၁ သောင်းကျော်တယ် ၊ အခုဆို မီဇိုရမ်ရောက် မြန်မာတွေဟာ လွတ်လွတ်လပ်လပ်သွားလာဖို့ မလွယ်တော့ဘူး ၊ လုံခြုံရေးတင်းကြပ်ပြီး စောင့်ကြည့်ခံနေရတာတွေ ရှိတယ် ၊ ဒီလ ၂၀ ရက်ကနေ၂၅ ရက် မနေ့ကအထိ မူးယစ်ဆေးဝါး လက်ကြီးသမား ၃ မှုနဲ့ ၊ လက်ခွဲသမား ၂ ဦး ဖမ်းမိတာဖြစ်တယ် “လို့ ပြောပါတယ်။

အခုလ ၂၂ ရက်က အိန္ဒိယနိုင်ငံ ၊ မီဇိုရမ်ပြည်နယ် ၊ ကိုလာစီမြို့ထဲက ကား ၁ စီးပေါ်မှာ မြန်မာနိုင်ငံသား ၂ ဦး လိုက်ပါလာပြီး သူတို့ဆီကနေ ဘိန်းဖြူမှုန့် ၂ ဒသမ ၇ ကေဂျီ၊ ဒေသတန်ဖိုး ရူပီးငွေ သိန်းပေါင်း ၁၃၄၀ သိန်း ၊ မြန်မာကျပ်ငွေ သိန်းပေါင်း ၄ ထောင်ကျော်ဖိုး ဖမ်းဆီးရမိတာဖြစ်ပါတယ်။

ဩဂုတ်၂၃ ရက်ကလည်း အိန္ဒိယနိုင်ငံ၊ မီဇိုရမ်ပြည်နယ်၊ ကျန်ဖိုင်ခရိုင်က အိန္ဒိ-မြန်မာနယ်စပ်ကားလမ်းမှာ တီးတိန်မြို့နယ်၊ လိုင်သွေီး (Laitui )ရွာသား ကိုကျိန်လမ်သွောင် (၂၀နှစ်)ဆီက ဘိန်းဖြူအလေးချိန် ၇၇ ဂရမ် တန်ဖိုးအားဖြင့် ရူပီး ငွေ ၃၈ သိန်း (မြန်မာကျပ်ငွေ သိန်းပေါင်း ၁၁၄၀)ကျော်ဖိုးကို သိမ်းဆည်းရမိပြီး သူ့ကို မီဇိုရမ်ပြည်နယ်ရဲတပ်ဖွဲ့က ကျန်ဖိုင်းမြို့မှာ မူးယစ်ဆေးဝါးအမှု အပါအဝင် လဝက မှုနဲ့ပါ ဖမ်းဆီးထားတယ်လို့ သိရပါတယ်။

ဩဂုတ်လ ၂၄ ရက်ကလည်း မီဇိုရမ်ပြည်နယ် ၊ ကျန်ဖိုင်းမြို့မှာရောက်နေတဲ့ မြန်မာနိုင်ငံသား David Zam Deih Piang (၂၀နှစ်) ဆီက ဘိန်းဖြူ ၆၂၆ ဒသမ ၅၈ ဂရမ်အလေးချိန်ရှိ ရူပီးငွေ ၃၁၃ သိန်း (မြန်မာကျပ်ငွေ သိန်း ၉၃၉၀)တန်ဖိုးရှိတဲ့ ဘိန်းဖြူတွေကို မီဇိုရမ်ပြည်နယ် ကျန်ဖိုင်ခရိုင်မှာ မီဇိုရမ်ရဲတပ်က ဖမ်းဆီမိတာဖြစ်ပါတယ်။

မူးယစ်ဆေးဝါးတွေ မကြာခဏ ဖမ်းဆီးရမိတယ်ဆိုတဲ့ မီဇိုရမ်ပြည်နယ်မှာ ပြီးခဲ့တဲ့နှစ် ၂၀၂၁ ၊ ဖေဖော်ဝါရီကစလို့ မြန်မာနိုင်ငံသား ၃ သောင်းနီးပါးဟာ ခိုလှုံနေထိုင်ကြတာဖြစ်တယ်လို့လည်း သိရပါတယ်။

#voiceofmyanmar #VOM #မီဇိုရမ်

Related posts

Leave a Comment

VOM News

FREE
VIEW