ဆားလင်းကြီးနယ်ထဲက မီးဘေးသင့်ပြည်သူတွေ ပြန်လည်ထူထောင်ရေးထက် စားဝတ်နေရေးခက်ခဲနေ

သြဂုတ် ၂၇-၂၀၂၂ Voice Of Myanmar စစ်ကိုင်းတိုင်း၊ ဆားလင်းကြီးမြို့နယ်ထဲက ရေခါး၊ဒူးထောက်၊ကျောက်မော်၊ပိုင်းတောင်ကြီးကျေးရွာတွေမှာ ပြီးခဲ့တဲ့ ဇူလိုင်လ (၂၈) ရက်နေ့က ပြည်သူတွေရဲ့နေအိမ် (၂၀၀)ဝန်းကျင် မီးရှို့ခံခဲ့ရပြီး နေအိမ်တွေအပြင် ခိုင်းနွားတွေနဲ့ သိုးအုပ်တွေပါ မီးလောင်ဆုံးရှုံးခဲ့ရတယ်လို့ ဒေသခံတွေပြောပါတယ်။ အဲ့ဒီလိုမီးလောင်ဆုံးရှုံးမှုတွေကြောင့် တောင်သူလုပ်ငန်းကိုလည်း ဆက်လက်လုပ်ကိုင်နိုင်ခြင်းမရှိတော့ဘဲ အိုးမဲ့အိမ်မဲ့နဲ့စားဝတ်နေရေးတွေကျပ်တည်းနေကြတယ်လို့ သိရပါတယ်။ လက်ရှိမှာ ကျေးရွာပရဟိတအဖွဲ့တွေက စားဝတ်နေရေးအတွက် ကူညီဆောင်ရွက်ပေးနေကြပေမယ့် ရေရှည်အတွက် လိုအပ်မှုတွေရှိနေတယ်လို့ ဒူးထောက်ကျေးရွာက ပရဟိတလူငယ်ခေါင်းဆောင် တဦးကပြောပါတယ်။ ဒါ့အပြင် မီးဘေးသင့်ပြည်သူတွေထဲမှာ သက်ကြီးရွယ်အိုတွေနဲ့ ကလေးသူငယ်တွေလည်းပါဝင်နေပြီး ကျန်းမာရေးစောင့်ရှောက်မှုတွေလည်းလိုအပ်နေတယ်လို့ သိရပါတယ်။ #voiceofmyanmar #VOM #ဆားလင်းကြီး #မီးရှို့ခံရတဲ့ပြည်သူ #အခက်အခဲ Web Link – https://youtu.be/ACh1Y9GT5XE

Read More

လာမယ့်နှစ်အတွက် စံချိန်တင်ကာကွယ်ရေးအသုံးစရိတ် ထိုင်၀မ်သမ္မတ အဆိုပြု

တိုင်ပေ၊ သြဂုတ်-၂၆-၂၀၂၂ မျိုးဆက်(VOM) တရုတ်နိုင်ငံရဲ့ ဖိအားတွေမြင့်တက်နေချိန်မှာ လာမယ့်နှစ်အတွက် ကာကွယ်ရေးအသုံးစရိတ်ကို စံချိန်တင်ပမာဏထိ ထိုင်၀မ်သမ္မတဆိုင်အင်း၀မ်က အဆိုပြုထားပါတယ်။ လာမယ့်နှစ်အတွက် အထွေထွေဘက်ဂျက်ကို သြဂုတ် ၂၅ ရက်ကပြုလုပ်တဲ့ ၀န်ကြီးအဖွဲ့အစည်းအဝေးမှာ အတည်ပြုခဲ့ပြီး ဒီထဲကမှ ဒေါ်လာ ၁၉ ဒသမ ၄ ဘီလီယံရှိတဲ့ ကာကွယ်ရေးအသုံးစရိတ်ကို သမ္မတက အဆိုပြုထားတာဖြစ်ပါတယ်။ အဲဒီကာကွယ်ရေးအသုံးစရိတ်ဟာ ယခုနှစ်အသုံးစရိတ်ထက် ၁၃ ဒသမ ၉ ရာခိုင်နှုန်း ပိုမိုများပြားပြီး လာမယ့်နှစ်အတွက် ထိုင်၀မ်ဂျီဒီပီရဲ့ ၂ ဒသမ ၄ ရာခိုင်နှုန်းနဲ့ ညီမျှနေပါတယ်။ အဆိုပြုထားတဲ့ ကာကွယ်ရေးအသုံးစရိတ်ထဲမှာ အဆင့်မြင့် F-16V တိုက်လေယာဉ်တွေ၀ယ်ယူဖို့ ၊ ဒုံးကျည်တွေနဲ့ အခြားစစ်သုံးပစ္စည်းတွေ အမြောက်အများထုတ်လုပ်ဖို့တွေ ပါ၀င်နေပါတယ်။ ကျွန်းအနီးမှာ တရုတ်ရဲ့ စစ်ရေးလှုပ်ရှားမှုတွေ တိုးမြှင့်လာတာချိန်မှာ စစ်လေယာဉ်နဲ့ သင်္ဘောတွေ တိုးမြှင့်ချထားဖို့ လိုအပ်တာကြောင့် ကာကွယ်ရေးအသုံးစရိတ်တောင်းခံမှု ပိုမိုများပြားလာတာဖြစ်တယ်လို့…

Read More

နောင်ချို၊ ဒိုးပင်ရွာက တိုက်ပွဲရှောင်ပြည်သူ ၆ ရာအတွက် စားသောက်ကုန်နဲ့ ဆေးဝါးတွေ လိုအပ်နေ

ဩဂုတ် ၊ ၂၆ ၊ ၂၀၂၂ SP( VOM) ရှမ်းပြည်မြောက်ပိုင်း နောင်ချိုမြို့နယ် ၊ ဒိုးပင်ကျေးရွာမှာရှိတဲ့ ဘုန်းကြီးကျောင်းတွေထဲမှာ ခိုလှုံနေထိုင်ဖို့ရောက်နေတဲ့ တိုက်ပွဲရှောင်တွေဟာ အစားအသောက်နဲ ဆေးနဲ့ ဆေးပစ္စည်းတွေ လိုအပ်နေတယ်လို့ ဒိုးပင်ရွာခံ ပရဟိတသမားတွေဆီက သိရပါတယ်။ ” အခုလ ၂၄ ရက်ကမှ ရောက်လာတဲ့ တိုက်ပွဲရှောင်တွေဖြစ်တယ် ၊ အိမ်ထောင်မိသားစု ၁ ရာဝန်းကျင်ရှိပြီး လူဦးရေ ၆ ရာလောက်ရှိတယ် ၊ အဲ့ဒီအထဲမှာ ကျန်းမာရေး မကောင်းတဲ့သူတွေလည်း ပါတယ်၊ အခြေခံစားသောက်ကုန်တွေနဲ့ ဆေးနဲ့ ဆေးပစ္စည်း အလှူရှင်တွေလိုအပ်နေတာ “လို့ ဒိုးပင်ရွာခံ ပရဟိတသမားတယောက်က ပြောပါတယ်။ အခုလ ၂၀ ရက်ဝန်းကျင်ကစလို့ နောင်ချိုမြို့နယ်ထဲက လုံခင်းကျေးရွာ၊ နားခါကျေးရွာ၊ ကြံခင်းကျေးရွာဘက်တွေမှာ ထိတွေ့တိုက်ပွဲတွေဖြစ်ပွားနေပြီး အဲ့ဒီ ကျေးရွာက ဒေသခံ ၆ ရာနီးပါးဟာ…

Read More

ဝမ်တိန်မှာ ကိုဗစ်ပိုးတွေ့လို့ ဝမ်တိန် – ရွှေလီတံတားနဲ့ ဝမ်တိန် စစ်ဆေးရေးဂိတ်တွေ ယာယီပိတ်ပစ်

ဩဂုတ် ၂၆၊ ၂၀၂၂ Shy V(VOM) ရှမ်းပြည်နယ် မြောက်ပိုင်း ကျင်းစန်းကျော့နဲ့ ထိစပ်နေတဲ့ တရုတ် – မြန်မာ နယ်စပ်၊ တရုတ်ဘက်ခြမ်း ဝမ်တိန်မြို့ရှိ ခေါက်ဆွဲဆိုင်မှာ မနေ့ ဩဂုတ် ၂၅ ရက်နေ့ညနေပိုင်းက ကိုဗစ်လူနာ ၁ ဦး တွေ့ခဲ့တာကြောင့် ဝမ်တိန် – ရွှေလီ တံတားနဲ့ ဝမ်တိန်စစ်ဆေးရေးဂိတ်တွေကို ခေတ္တပိတ်ထားတယ်လို့ ကုန်သည် လုပ်ငန်းရှင်တွေဆီက သိရပါတယ်။ “​ရောဂါက ဝမ်တိန်က ​ခေါက်ဆွဲဆိုင်မှာ ​တွေ့လို့။ အဲ့ဒါ​ကြောင့် ဝမ်တိန် ခဏ ပိတ်လိုက်ပြီ။ လက်ရှိ ‌ဝမ်တိန် နဲ့ ရွှေလီကို ဆက်သွယ်ထားတဲ့ တံတားကိုလည်း ဖြတ်သန်းခွင့် ယာယီပိတ်ထားတယ်” လို့ ရွှေလီရောက် မြန်မာ ကုန်သည် ၁ ဦး က ပြောပါတယ်။ မြန်မာ ပို့ကုန်လုပ်ငန်းရှင် ၁…

Read More

ဂျပန်၀န်ကြီးချုပ်ဟောင်းရှင်ဇိုအဘေးရဲ့ နိုင်ငံတော်စျာပန ဒေါ်လာ ၁ ဒသမ ၈ သန်း သုံးစွဲမယ်

တိုကျို၊ သြဂုတ်-၂၆-၂၀၂၂ မျိုးဆက်(VOM) ဇူလိုင်လအတွင်းက သေနတ်နဲ့ ပစ်ခတ်ခံရမှုကြောင့် ကွယ်လွန်သွားတဲ့ ဂျပန်၀န်ကြီးချုပ်ဟောင်း ရှင်ဇိုအဘေးရဲ့ နိုင်ငံတော်စျာပနအတွက် ဂျပန်အစိုးရက ဒေါ်လာ ၁ ဒသမ ၈ သန်းသွားစွဲသွားမယ်လို့ သိရပါတယ်။ စျာပနအတွက် ကုန်ကျစရိတ်အားလုံးကို နိုင်ငံတော်ဘဏ္ဍာကနေ အကုန်အကျခံမှာဖြစ်ပြီး ယခုဘဏ္ဍာရေးနှစ် အရန်ရန်ပုံငွေမှ ဒေါ်လာ ၁ ဒသမ ၈ သန်းသုံးစွဲရေးအတွက် သြဂုတ် ၂၅ ရက်မှာပြုလုပ်တဲ့ အစိုးရအဖွဲ့အစည်းအဝေးမှာ အတည်ပြုခဲ့ပါတယ်။ စက်တင်ဘာ ၂၇ ရက်မှာ တိုကျိုမှာပြုလုပ်မယ့် ၀န်ကြီးချုပ်ဟောင်းရှင်ဇိုအဘေးရဲ့ နိုင်ငံတော်စျာပနသို့ နိုင်ငံတကာမှ ပုဂ္ဂိုဟ်တွေအပါအ၀င် ဧည့်သည် ခြောက်ထောင်ထိဖိတ်ကြားဖို့ ဂျပန်အစိုးရက စီစဉ်ထားပါတယ်။ စျာပနကျင်းပမယ့်နေရာ ပြင်ဆင်ဖို့ ဒေါ်လာ ၁ ဒသမ ၅ သန်း၊ ငှားရမ်းခနဲ့ ကြိုပို့လုပ်ငန်းအတွက် ဒေါ်လာ နှစ်သိန်းနှစ်သောင်းကျော် ကုန်ကျမှာဖြစ်ကာ လုံခြုံရေးနဲ့ အခြား၀န်ထမ်းစရိတ်တွေ မပါ၀င်သေးပါဘူး။…

Read More

ထိုင်း၀န်ကြီးချုပ်ရာထူးမှ ဆိုင်းငံ့ခံရတဲ့ ပရာယွတ်ချန်အိုချာ ကာကွယ်ရေး၀န်ကြီးအဖြစ် တာ၀န်ထမ်းဆောင်နေ

ဘန်ကောက်၊ သြဂုတ်-၂၆-၂၀၂၂ မျိုးဆက်(VOM) ရာထူးသက်တမ်းနဲ့ပတ်သက်ပြီး တရားရုံးက ပြန်လည်သုံးသပ်နေချိန်အတွင်း ၀န်ကြီးချုပ်ရာထူးကနေ ယာယီဆိုင်းငံ့ခံထားရတဲ့ ပရာယွတ်ချန်အိုချာဟာ ကာကွယ်ရေး၀န်ကြီးအဖြစ် ဆက်လက်တာ၀န်ထမ်းဆောင်နေတယ်လို့ သူ့ရဲ့လူမှုကွန်ရက်မှာ ထုတ်ဖော်ပြောဆိုထားပါတယ်။ ထိုင်းနိုင်ငံနဲ့ ပြည်သူတွေအတွက် ကာကွယ်ရေး၀န်ကြီးအဖြစ် မိမိရဲ့တာ၀န်တွေကို နေ့စဉ်ထမ်းဆောင်သွားမှာဖြစ်ကြောင်း ပရာယွတ်ချန်အိုချာက ပြောပါတယ်။ ထိုင်းနိုင်ငံဖွဲ့စည်းပုံအခြေခံဥပဒေအရ ၀န်ကြီးချုပ်တဦးရဲ့ ရာထူးသက်တမ်းကို ရှစ်နှစ်အထိသာကန့်သတ်ထားပါတယ်။ ပရာယွတ်ချန်အိုချာဟာ ၂၀၁၄ ခုနှစ်မှာ အာဏာသိမ်းမှုကို ဦးဆောင်ခဲ့သူဖြစ်ပြီး အဲဒီနောက် အာဏာသိမ်းအစိုးရမှ ၀န်ကြီးချုပ်အဖြစ် တာ၀န်ယူခဲ့ပါတယ်။ နောက်ပိုင်းမှာတော့ ရွေးကောက်ပွဲကျင်းပပြီး ၀န်ကြီးချုပ်တာ၀န်ဆက်လက်ထမ်းဆောင်ရာမှာ ရှစ်နှစ်သက်တမ်းပြည့်ပြီဖြစ်ကြောင်း ထိုင်းအဓိကအတိုက်အခံပါတီကနေ ဖွဲ့စည်းပုံခုံရုံးကို တင်သွင်းခဲ့ရာ ၀န်ကြီးချုပ်ပရာယွတ်ကို ရာထူးကနေ ယာယီဆိုင်းငံ့ဖို့ တရားရုံးက ဆုံးဖြတ်ခဲ့ပါတယ်။ လက်ရှိမှာတော့ ဒုတိယ၀န်ကြီးချုပ်ဖြစ်သူ Prawit Wongsuwan ဟာ ယာယီ၀န်ကြီးချုပ်အဖြစ် တာ၀န်ယူနေပြီး သတင်းထောက်တွေရဲ့ မေးခွန်းတွေကို ဖြေကြားခြင်းမရှိပါဘူး။ Ref: Reuters Photo: Vietnam Post…

Read More

ပခုက္ကူ ချည်မျှင်နဲ့အထည်ချုပ်စက်ရုံက ဗိုလ်မှူးလင်မယား ပစ်သတ်ခံရ

သြဂုတ် ၊ ၂၆ ၊ ၂၀၂၂ SP( VOM) မကွေးတိုင်း ၊ ပခုက္ကူခရိုင် ၊ ပခုက္ကူမြို့၊ မြို့သစ်ရပ်ကွက်မှာရှိတဲ့ အမှတ် ၅ ရွှေတန်းတင့် ချည်မျှင်နဲ့ အထည်ချုပ်စက်ရုံကို ဒီကနေ့ မနက်အစောပိုင်းမှာ အမည်မသိ လက်နက်ကိုင်အဖွဲ့က ဝင်ရောက်ပစ်ခတ်တာကြောင့် စက်ရုံတာဝန်ကျ ဗိုလ်မှူးလင်မယား သေဆုံးသွားပြီး စက်ရုံက ကား ၁ စီးလည်း ပျောက်ဆုံးနေတယ်လို့ ပခုက္ကူမြို့ခံတွေဆီက သိရပါတယ်။ ” ဒီမနက် အစောပိုင်း ၆ နာရီဝန်းကျင်က ဖြစ်တာပါ ၊ အမည်မသိ လက်နက်ကိုင်အဖွဲ့က စက်ရုံထဲ ဝင်ပစ်တဲ့အတွက် ဗိုလ်မှူး အောင်ဇော်ဦး မိန်းမက နေရာမှာတင် သေဆုံးတယ် ၊ ဗိုလ်မှူးကတော့ ဆေးရုံရောက်ပြီး အချိန်အတော်ကြာမှ သေဆုံးတယ်လို့ ကြားရတယ် ၊ နောက်ပြီး စက်ရုံထဲက ကား ၁…

Read More

အိန္ဒိယရောက် မြန်မာနိုင်ငံသားတချို့ဆီက ၅ရက်အတွင်း မူးယစ်ဆေးဝါး သိန်း ၁ သောင်းကျော်ဖိုး ဖမ်းမိထား

သြဂုတ်၂၆ ၊ ၂၀၂၂ SP(VOM) အိန္ဒိယနိုင်ငံ၊ မီဇိုရမ်ပြည်နယ် ၊ ကျန်ဖိုင်းခရိုင် ၊ မြန်မာ အိန္ဒိယ ၂ နိုင်ငံနယ်စပ်ဒေသမှာ အခုလ သြဂုတ် ၂၂ ရက်က စလို့ နေ့တိုင်းလိုလို မြန်မာတွေဆီကနေ မူးယစ်ဆေးဝါးတွေ ဖမ်းဆီးရမိတယ်လို့ မီဇိုရမ်ပြည်နယ်ရဲတပ်ဖွဲ့ရဲ့ သတင်းထုတ်ပြန်ချက်တွေအရ သိရပါတယ်။ အိန္ဒိယရောက် မြန်မာတွေဆီက မူးယစ်ဆေးဝါး ဖမ်းခံရတာနဲ့ ပတ်သက်ပြီး ၊ မီဇိုရမ်ပြည်နယ်မှာ ရောက်နေတဲ့ မြန်မာဒေသခံတယောက်က ” ဒီလ ၂၀ ရက်နောက်ပိုင်းမှာ မူးယစ်ဆေးဝါးမှုနဲ့ အဖမ်းခံရတဲ့ မြန်မာ ၈ ဦးထက်မနည်း ရှိတယ် ၊ မူးယစ်ဆေးဝါး လက်ကြီးသမားတွေ ဖမ်းမိတာ ၃ ကြိမ်ရှိတယ် ၊ ကာလတန်ဖိုး ဒေသပေါက်စျေး ရူပီးငွေ သိန်းပေါင်း ၁၇၀၀ ၊ မြန်မာကျပ်ငွေ သိန်းပေါင်း ၁…

Read More
VOM News

FREE
VIEW