ဆားလင်းကြီးနယ်ထဲက မီးဘေးသင့်ပြည်သူတွေ ပြန်လည်ထူထောင်ရေးထက် စားဝတ်နေရေးခက်ခဲနေ

သြဂုတ် ၂၇-၂၀၂၂
Voice Of Myanmar

စစ်ကိုင်းတိုင်း၊ ဆားလင်းကြီးမြို့နယ်ထဲက ရေခါး၊ဒူးထောက်၊ကျောက်မော်၊ပိုင်းတောင်ကြီးကျေးရွာတွေမှာ ပြီးခဲ့တဲ့ ဇူလိုင်လ (၂၈) ရက်နေ့က ပြည်သူတွေရဲ့နေအိမ် (၂၀၀)ဝန်းကျင် မီးရှို့ခံခဲ့ရပြီး နေအိမ်တွေအပြင် ခိုင်းနွားတွေနဲ့ သိုးအုပ်တွေပါ မီးလောင်ဆုံးရှုံးခဲ့ရတယ်လို့ ဒေသခံတွေပြောပါတယ်။

အဲ့ဒီလိုမီးလောင်ဆုံးရှုံးမှုတွေကြောင့် တောင်သူလုပ်ငန်းကိုလည်း ဆက်လက်လုပ်ကိုင်နိုင်ခြင်းမရှိတော့ဘဲ အိုးမဲ့အိမ်မဲ့နဲ့စားဝတ်နေရေးတွေကျပ်တည်းနေကြတယ်လို့ သိရပါတယ်။

လက်ရှိမှာ ကျေးရွာပရဟိတအဖွဲ့တွေက စားဝတ်နေရေးအတွက် ကူညီဆောင်ရွက်ပေးနေကြပေမယ့် ရေရှည်အတွက် လိုအပ်မှုတွေရှိနေတယ်လို့ ဒူးထောက်ကျေးရွာက ပရဟိတလူငယ်ခေါင်းဆောင် တဦးကပြောပါတယ်။

ဒါ့အပြင် မီးဘေးသင့်ပြည်သူတွေထဲမှာ သက်ကြီးရွယ်အိုတွေနဲ့ ကလေးသူငယ်တွေလည်းပါဝင်နေပြီး ကျန်းမာရေးစောင့်ရှောက်မှုတွေလည်းလိုအပ်နေတယ်လို့ သိရပါတယ်။

#voiceofmyanmar #VOM #ဆားလင်းကြီး #မီးရှို့ခံရတဲ့ပြည်သူ #အခက်အခဲ

Web Link – https://youtu.be/ACh1Y9GT5XE

Related posts

Leave a Comment

VOM News

FREE
VIEW