နောင်ချို၊ ဒိုးပင်ရွာက တိုက်ပွဲရှောင်ပြည်သူ ၆ ရာအတွက် စားသောက်ကုန်နဲ့ ဆေးဝါးတွေ လိုအပ်နေ

ဩဂုတ် ၊ ၂၆ ၊ ၂၀၂၂
SP( VOM)

ရှမ်းပြည်မြောက်ပိုင်း နောင်ချိုမြို့နယ် ၊ ဒိုးပင်ကျေးရွာမှာရှိတဲ့ ဘုန်းကြီးကျောင်းတွေထဲမှာ ခိုလှုံနေထိုင်ဖို့ရောက်နေတဲ့ တိုက်ပွဲရှောင်တွေဟာ အစားအသောက်နဲ ဆေးနဲ့ ဆေးပစ္စည်းတွေ လိုအပ်နေတယ်လို့ ဒိုးပင်ရွာခံ ပရဟိတသမားတွေဆီက သိရပါတယ်။

” အခုလ ၂၄ ရက်ကမှ ရောက်လာတဲ့ တိုက်ပွဲရှောင်တွေဖြစ်တယ် ၊ အိမ်ထောင်မိသားစု ၁ ရာဝန်းကျင်ရှိပြီး လူဦးရေ ၆ ရာလောက်ရှိတယ် ၊ အဲ့ဒီအထဲမှာ ကျန်းမာရေး မကောင်းတဲ့သူတွေလည်း ပါတယ်၊ အခြေခံစားသောက်ကုန်တွေနဲ့ ဆေးနဲ့ ဆေးပစ္စည်း အလှူရှင်တွေလိုအပ်နေတာ “လို့ ဒိုးပင်ရွာခံ ပရဟိတသမားတယောက်က ပြောပါတယ်။

အခုလ ၂၀ ရက်ဝန်းကျင်ကစလို့ နောင်ချိုမြို့နယ်ထဲက လုံခင်းကျေးရွာ၊ နားခါကျေးရွာ၊ ကြံခင်းကျေးရွာဘက်တွေမှာ ထိတွေ့တိုက်ပွဲတွေဖြစ်ပွားနေပြီး အဲ့ဒီ ကျေးရွာက ဒေသခံ ၆ ရာနီးပါးဟာ နောင်ချိုမြို့နယ်ထဲက ဒိုးပင်ရွာဘုန်းကြီးကျောင်းတွေဆီကို ခိုလှုံဖို့ ရောက်လာတာဖြစ်တယ်လို့ သိရပါတယ်။

” အခုရောက်နေတဲ့ ဒိုးပင်ရွာနဲ့ ကျွန်မတို့ရွာက ခြေလျင် ၂ နာရီလောက်သွားရတယ် ဘာပစ္စည်းမှ ယူမလာနိုင်ဘူး ၊ အများစုက ကိုယ်လွတ်ရုန်းပြီး ပြေးလာရတာပါ ၊ အခုရောက်တာ ၃ ရက်ရှိပြီး ဘုန်းကြီးကျောင်းက ကျွေးထားတယ်ဆိုပေမယ့် ရေရှည်မှာ အခက်အခဲဖြစ်လာနိုင်တယ် ၊ နေရပ်ပြန်ရက်က ကြာဦးမယ် ” လို့ တိုက်ပွဲရှောင် အမျိုးသမီး တယောက်က ပြောပါတယ်။

အဲ့ဒါကြောင့် နောင်ချိုမြို့နယ် ၊ ဒိုးပင်ကျေးရွာ ဘုန်းကြီးကျောင်းမှာ ခိုလှုံနေတဲ့ တိုက်ပွဲရှောင်တွေအတွက် စားသောက်ကုန်နဲ့ ဆေးနဲ့ ဆေးပစ္စည်း အလှူရှင်တွေ လိုအပ်နေတာဖြစ်တယ်လို့ သိရတာဖြစ်ပါတယ်။

#voiceofmyanmar #VOM #နောင်ချို #တိုက်ပွဲရှောင် #အစာနဲ့ဆေး၀ါးလိုအပ်

Related posts

Leave a Comment

VOM News

FREE
VIEW