ဂျပန်၀န်ကြီးချုပ်ဟောင်းရှင်ဇိုအဘေးရဲ့ နိုင်ငံတော်စျာပန ဒေါ်လာ ၁ ဒသမ ၈ သန်း သုံးစွဲမယ်

တိုကျို၊ သြဂုတ်-၂၆-၂၀၂၂
မျိုးဆက်(VOM)

ဇူလိုင်လအတွင်းက သေနတ်နဲ့ ပစ်ခတ်ခံရမှုကြောင့် ကွယ်လွန်သွားတဲ့ ဂျပန်၀န်ကြီးချုပ်ဟောင်း ရှင်ဇိုအဘေးရဲ့ နိုင်ငံတော်စျာပနအတွက် ဂျပန်အစိုးရက ဒေါ်လာ ၁ ဒသမ ၈ သန်းသွားစွဲသွားမယ်လို့ သိရပါတယ်။

စျာပနအတွက် ကုန်ကျစရိတ်အားလုံးကို နိုင်ငံတော်ဘဏ္ဍာကနေ အကုန်အကျခံမှာဖြစ်ပြီး ယခုဘဏ္ဍာရေးနှစ် အရန်ရန်ပုံငွေမှ ဒေါ်လာ ၁ ဒသမ ၈ သန်းသုံးစွဲရေးအတွက် သြဂုတ် ၂၅ ရက်မှာပြုလုပ်တဲ့ အစိုးရအဖွဲ့အစည်းအဝေးမှာ အတည်ပြုခဲ့ပါတယ်။

စက်တင်ဘာ ၂၇ ရက်မှာ တိုကျိုမှာပြုလုပ်မယ့် ၀န်ကြီးချုပ်ဟောင်းရှင်ဇိုအဘေးရဲ့ နိုင်ငံတော်စျာပနသို့ နိုင်ငံတကာမှ ပုဂ္ဂိုဟ်တွေအပါအ၀င် ဧည့်သည် ခြောက်ထောင်ထိဖိတ်ကြားဖို့ ဂျပန်အစိုးရက စီစဉ်ထားပါတယ်။

စျာပနကျင်းပမယ့်နေရာ ပြင်ဆင်ဖို့ ဒေါ်လာ ၁ ဒသမ ၅ သန်း၊ ငှားရမ်းခနဲ့ ကြိုပို့လုပ်ငန်းအတွက် ဒေါ်လာ နှစ်သိန်းနှစ်သောင်းကျော် ကုန်ကျမှာဖြစ်ကာ လုံခြုံရေးနဲ့ အခြား၀န်ထမ်းစရိတ်တွေ မပါ၀င်သေးပါဘူး။

ကုန်ကျစရိတ်တွေနဲ့ပတ်သက်ပြီး အစိုးရက ပြည်သူတွေကို ရှင်းလင်းတင်ပြသွားမည်ဖြစ်ပြီး နိုင်ငံတော်စျာပနကျင်းပဖို့စီစဉ်ခြင်းအပေါ် ပြည်သူများအကြား သဘောထားကွဲလွဲမှုအချို့ရှိနေပါတယ်။

Ref: NHK
Photo: Yo Inoue
#voiceofmyanmar #VOM #တိုကျို

Related posts

Leave a Comment

VOM News

FREE
VIEW