ဗိုလ်ချုပ်ကြေးရုပ်ထု ကန့်ကွက်ပွဲ ပြည်နယ်လုံးဆိုင်ရာ သပိတ်မှာ ကရင်နီပြည်သူများပစ်ခတ်ခံရ

လွိုင်ကော် ဖေဖေါ်ဝါရီ ၁၂-၂၀၁၉

ထူးသာဦး (VOM)

 

ဗိုလ်ချုပ်အောင်ဆန်းကြေးရုပ်ထု လွိုင်ကော်မှာ စိုက်ထူတာကို ကန့်ကွက်တဲ့အနေနဲ့ ပြည်နယ်လုံးကျွတ် သပိတ်ပွဲကို ကရင်နီလူထု များမှ ဒီနေ့ပြုလုပ်နေပါတယ်။ သပိတ်ကို စစ်ကြောင်း သုံးကြောင်းချီတက်ခဲ့ပြီး ကန္တာရဝတီလမ်း စစ်ကြောင်းကို ရဲတပ်ဖွဲ့က ရာဘာကျည်နဲ့ပစ်တာကြောင့် အမျိုးသမီးတစ်ဦးအပါအဝင် လူဆယ်ယောက်လောက် ဒဏ်ရာရခဲ့ပါတယ်။

 

လက်ရှိအချိန်မှာတော့ လူထု တစ်ထောင်ကျော်က ဗိုလ်ချုပ်ကြေးရုပ်ထုစိုက်ထူထားတဲ့ ကန္ဒာဟေဝန် ပန်းခြံရှေ့မှာ ထိုင်သပိတ်ဆင်နွှဲနေပြီး ရုပ်ထုကိစ္စကို စတင်ခဲ့တဲ့ ပြည်နယ်ဝန်ကြီးချုပ်နဲ့ စီမံဘဏ္ဍာဝန်ကြီးလာရောက်ညှိနှိုင်းဖို့ကို စောင့်မျှော်နေကြပါတယ်။

တစနဲ့တစ လူထုက နည်းမသွားတဲ့အပြင် ပိုပိုတိုးလာတဲ့အတွက် လုံခြုံရေးချထားတဲ့ ရဲတပ်ဖွဲ့အင်အားနဲ့ ဆန္ဒပြအင်အားမမျှမတဖြစ်နေပါတယ်။ ဝန်ကြီးချုပ်သာ လူထုကိုထွက်မတွေ့ဘူးဆိုရင် ထိမ်းသိမ်းဖို့ခက်နိုင်တဲ့အနေအထားကို မြင်နေရပါတယ်။

Related posts

✕
VOM News

FREE
VIEW