နယူးယောက်၊ ဒီဇင်ဘာ ၁၂-၂၀၂၂
မျိုးဆက်(VOM)
မြန်မာနိုင်ငံမှာ လက်ရှိဖြစ်ပွားနေတဲ့အခြေအနေတွေနဲ့ ပတ်သက်ပြီး ကမ္ဘာ့နိုင်ငံအစိုးရတွေအနေနဲ့ တုံ့ပြန်မှုတွေကို အရှိန်မြှင့်ဖို့ လူ့အခွင့်အရးစောင့်ကြည့်အဖွဲ့ (HRW) ကတိုက်တွန်းတောင်းဆိုလိုက်ပါတယ်။
အပြည်ပြည်ဆိုင်ရာ လူ့အခွင့်အရေးနေ့မှာ ထုတ်ပြန်တဲ့ HRW ရဲ့အစီရင်ခံစာထဲမှာတော့ မြန်မာနိုင်ငံကို အာဆီယံနိုင်ငံတွေထဲမှာ လူ့အခွင့်အရေးချိုးဖောက်မှု အဆိုးဆုံးနိုင်ငံအဖြစ် ဖော်ပြထားပြီး မြန်မာနိုင်ငံမှာ ဖြစ်ပွားနေတဲ့ အခြေအနေတွေကို ဖော်ပြထားပါတယ်။
အာဏာပိုင်တွေရဲ့ ဖြိုခွင်းမှုကြောင့် အရပ်သားသေဆုံးမှုတွေဖြစ်ပွားခဲ့ပြီး နိုင်ငံရေးအကျဉ်းသား ၁၀၀ သေဒဏ်ချမှတ်ခံခဲ့ရပြီး အခြေအနေဟာ ဒီထက်ပိုဆိုလာနိုင်တယ်လို့ HRW က သတိပေးထားပါတယ်။
နိုင်ငံတကာအသိုင်းအဝိုင်းအနေဖြင့် မြန်မာ့အရေးနဲ့ပတ်သက်ပြီး တုံ့ပြန်ဆောင်ရွက်မှုတွေကို မြှင့်တင်ဖို့လိုအပ်နေတယ်လို့ HRW ရဲ့ အာရှရေးရာလက်ထောက်ညွှန်ကြားရေးမှူး ဖိလစ်ရောဘက်ဆန်က ပြောပါတယ်။
အာရှရဲ့ ရှေးအကျဆုံးနိုင်ငံလို့ သူကရည်ညွှန်းထားတဲ့ ဂျပန်နိုင်ငံအနေဖြင့် မြန်မာနိုင်ငံရေးဖြစ်စဉ်အပြောင်းအလဲမှာ ဦးဆောင်သင့်တယ်လို့ သူက တိုက်တွန်းထားပါတယ်။
ဂျပန်နိုင်ငံဟာ စစ်ဘက်ဆိုင်ရာ လေ့ကျင့်ရေးအစီအစဉ်တွေအပါအ၀င် မြန်မာနိုင်ငံနဲ့ ကာလရှည်ဆက်ဆံရေးတည်ရှိတဲ့နိုင်ငံဖြစ်ပါတယ်။
ဒါပေမယ့် မြန်မာ့ဒီမိုကရေစီ တက်ကြွလှုပ်ရှားသူတွေ ကွပ်မျက်ခံရပြီးနောက် လာမယ့်နှစ်ကစပြီး မြန်မာစစ်တပ်ကို လေ့ကျင့်မှုတွေပေးမယ့် အစီအစဉ်ကို လာမယ့်နှစ်ကစပြီး ဆိုင်းငံ့ထားမယ်လို့ ဂျပန်အစိုးရက ကြေညာထားပါတယ်။
Ref: NHK
#voiceofmyanmar #VOM #နယူးယောက်