စစ်ရေးအကူအညီနဲ့ပတ်သက်ပြီး ယူကရိန်းသမ္မတ ဇီလန်စကီးနဲ့ အမေရိကန်သမ္မတဂျိုးဘိုင်ဒင် တွေ့ဆုံဆွေးနွေးမယ်

ကိဗ်ယက်၊ ဒီဇင်ဘာ-၂၁-၂၀၂၂
မျိုးဆက်(VOM)

ယူကရိန်းသမ္မတ ဇီလန်စကီးဟာ အမေရိကန်သမ္မတဂျိုးဘိုင်ဒင်နဲ့ တွေ့ဆုံဆွေးနွေးဖို့ ဝါရှင်တန်ကို သွားနေပြီလို့ ဒီဇင်ဘာ ၂၁ ရက်မှာ ထုတ်ဖော်ပြောဆိုလိုက်ပါတယ်။

ဒါဟာ ယူကရိန်းကို ရုရှားကကျူးကျော်တိုက်ခိုက်ပြီးနောက်ပိုင်း ယူကရိန်းသမ္မတ ဇီလန်စကီးရဲ့ ပထမဆုံး ပြည်ပခရီးစဉ်လည်းဖြစ်ပါတယ်။ ဒီဇင်ဘာ ၂၀ ရက်ဟာ ရုရှားက ယူကရိန်းကို ကျူးကျော်မှု ရက် ၃၀၀ ပြည့်ပြီဖြစ်ပါတယ်။

ယူကရိန်းသမ္မတရဲ့ အမေရိကန်ခရီးစဉ်နဲ့ပတ်သက်ပြီး အိမ်ဖြူတော်ကလည်း အတည်ပြုထားပါတယ်။ ယူကရိန်းရဲ့ စစ်ရေးအရခုခံနိုင်စွမ်းနဲ့ ကာကွယ်ရေးစွမ်းရည်တွေကောင်းဖို့ အမေရိကန်ကို သွားနေတယ်လို့ ယူကရိန်းသမ္မတက သူ့ရဲ့လူမှုကွန်ရက်မှာ ရေးသားထားပါတယ်။

ယူကရိန်းသမ္မတဇီလန်စကီးဟာ အမေရိကန်ကွန်ဂရက်မှလည်း မိန့်ခွန်းပြောဖို့ စီစဉ်ထားပါတယ်။

စစ်ပွဲစတင်ဖြစ်ပွားချိန်ကစပြီး ပထမဆုံးနိုင်ငံခြားခရီးစဉ်ဟာ စစ်ဘက်ဆိုင်ရာ ပံ့ပိုးမှုကူညီမှုမှာ အဓိကကဏ္ဍကပါ၀င်တဲ့ ယူကရိန်း-အမေရိကန် ဆက်ဆံရေးရဲ့ အရေးပါမှုကို ပြသနေတာဖြစ်ပါတယ်။

အမေရိကန်ဟာ ယူကရိန်းလေကြောင်းရန်ကာကွယ်ရေးအတွက် ပက်ထရီးယော့ဒုံးကျည်တွေအပါအ၀င် ယူကရိန်းအတွက် လုံခြုံရေးဆိုင်ရာ အကူအညီ ဒေါ်လာ ၂ ဘီလီယံနီးပါးထောက်ပံ့ဖို့ အိမ်ဖြူတော်က အတည်ပြုထုတ်ပြန်ထားပါတယ်။

Ref: BBC
Photo: Gettry Images
#voiceofmyanmar #VOM #ကိဗ်ယက်

Related posts

✕
VOM News

FREE
VIEW