စစ်ရေးအကူအညီနဲ့ပတ်သက်ပြီး ယူကရိန်းသမ္မတ ဇီလန်စကီးနဲ့ အမေရိကန်သမ္မတဂျိုးဘိုင်ဒင် တွေ့ဆုံဆွေးနွေးမယ်

ကိဗ်ယက်၊ ဒီဇင်ဘာ-၂၁-၂၀၂၂ မျိုးဆက်(VOM) ယူကရိန်းသမ္မတ ဇီလန်စကီးဟာ အမေရိကန်သမ္မတဂျိုးဘိုင်ဒင်နဲ့ တွေ့ဆုံဆွေးနွေးဖို့ ဝါရှင်တန်ကို သွားနေပြီလို့ ဒီဇင်ဘာ ၂၁ ရက်မှာ ထုတ်ဖော်ပြောဆိုလိုက်ပါတယ်။ ဒါဟာ ယူကရိန်းကို ရုရှားကကျူးကျော်တိုက်ခိုက်ပြီးနောက်ပိုင်း ယူကရိန်းသမ္မတ ဇီလန်စကီးရဲ့ ပထမဆုံး ပြည်ပခရီးစဉ်လည်းဖြစ်ပါတယ်။ ဒီဇင်ဘာ ၂၀ ရက်ဟာ ရုရှားက ယူကရိန်းကို ကျူးကျော်မှု ရက် ၃၀၀ ပြည့်ပြီဖြစ်ပါတယ်။ ယူကရိန်းသမ္မတရဲ့ အမေရိကန်ခရီးစဉ်နဲ့ပတ်သက်ပြီး အိမ်ဖြူတော်ကလည်း အတည်ပြုထားပါတယ်။ ယူကရိန်းရဲ့ စစ်ရေးအရခုခံနိုင်စွမ်းနဲ့ ကာကွယ်ရေးစွမ်းရည်တွေကောင်းဖို့ အမေရိကန်ကို သွားနေတယ်လို့ ယူကရိန်းသမ္မတက သူ့ရဲ့လူမှုကွန်ရက်မှာ ရေးသားထားပါတယ်။ ယူကရိန်းသမ္မတဇီလန်စကီးဟာ အမေရိကန်ကွန်ဂရက်မှလည်း မိန့်ခွန်းပြောဖို့ စီစဉ်ထားပါတယ်။ စစ်ပွဲစတင်ဖြစ်ပွားချိန်ကစပြီး ပထမဆုံးနိုင်ငံခြားခရီးစဉ်ဟာ စစ်ဘက်ဆိုင်ရာ ပံ့ပိုးမှုကူညီမှုမှာ အဓိကကဏ္ဍကပါ၀င်တဲ့ ယူကရိန်း-အမေရိကန် ဆက်ဆံရေးရဲ့ အရေးပါမှုကို ပြသနေတာဖြစ်ပါတယ်။ အမေရိကန်ဟာ ယူကရိန်းလေကြောင်းရန်ကာကွယ်ရေးအတွက် ပက်ထရီးယော့ဒုံးကျည်တွေအပါအ၀င် ယူကရိန်းအတွက် လုံခြုံရေးဆိုင်ရာ အကူအညီ…

Read More

ဘိုကလေးမှာ ကလေး ၁၂ ဦးအပါအဝင် အထောက် အထားမဲ့ ၁၁၂ ဦးဖမ်းမိ

ဒီဇင်ဘာ၊၂၁-၂၀၂၂ MM(VOM) ဘိုကလေးမြို့နယ်က ပင်လယ်ကမ်းစပ်မှာ မနေ့ ဒီဇင်ဘာ ၂၁ ရက်က ကလေး ၁၂ ယောက်နဲ့ အမျိုးသမီး ၄၃ ယောက်ပါတဲ့ အထောက်အထားမဲ့သူ ၁၁၂ ယောက်ကို ဖမ်းမိခဲ့တယ်လို့ သိရပါတယ်။ အထောက်အထားမဲ့သူ ကလေး ၁၂ ယောက် ၊အမျိုးသမီး ၄၃ ယောက်နဲ့ အမျိုးသား ၅၇ ယောက်ကို ဒေသခံတွေရဲ့သတင်းပေးချက်အရ ဘိုကလေးမြို့ ကဒုံကနိကျေးရွာအုပ်စု၊ ကဒုံလေးကျွန်းနားအရောက်မှာ စက်လှေပေါ်ကနေ ဖမ်းမိခဲ့တာလို့ အထောက်အထားမဲ့သူတွေကို ကူညီပေးသူ တယောက်ကပြောပါတယ်။ ”သူတို့က ရခိုင်ပြည်ကနေ စက်လှေနဲ့ လာတာ ၊ မလေးရှားနိုင်ငံကိုသွားဖို့တဲ့ စက်လှေသမားသီးသန့်တော့ ပါလာတာ မတွေ့ရဘူး ၊ အထောက်အထားမဲ့သူတွေ တွေ့တာက ဒေသခံတွေပါ ၊ဒေသခံတွေက ကျေးရွာလူကြီးကို အကြောင်းကြားလို့ ကျေးရွာ လူကြီးကကနေ ရဲစခန်းကို အကြောင်းတာနဲ့ ရဲစခန်းက လာဖမ်းသွားတာ…

Read More

အာဖဂန်အမျိုးသမီးတွေ တက္ကသိုလ်တက်ခွင့် တာလီဘန်တို့ တားမြစ်ပိတ်ပင်

ကဘူးလ်၊ ဒီဇင်ဘာ-၂၁-၂၀၂၂ မျိုးဆက်(VOM) အာဖဂန်နစ္စတန်နိုင်ငံမှာ အမျိုးသမီးရဲ့တက္ကသိုလ်တက်ခွင့်ကို တာလီဘန်တို့က တားမြစ်ပိတ်ပင် လိုက်ပြီးနောက် နိုင်ငံတကာရဲ့ ပြစ်တင်ရှုတ်ချမှုတွေ ကျယ်ကျယ်ပြန့်ပြန့် ထွက်ပေါ်နေပါတယ်။ အဲဒီတားမြစ်ပိတ်ပင်မှုကို အဆင့်မြင့်ပညာ၀န်ကြီးက ဒီဇင်ဘာ ၂၀ ရက်မှာ ကြေညာခဲ့ခြင်းဖြစ်ပြီး အမ်ိန့်ဟာ ချက်ချင်းသက်၀င်စေမှာဖြစ်ကြောင်း ထုတ်ပြန်ထားပါတယ်။ အာဖဂန်နစ္စတန်ကို တာလီဘန်တို့က လွန်ခဲ့တဲ့နှစ်မှာ ထိန်းချုပ်ပြီးနောက် အမျိုးသမီးတွေ အလယ်တန်းကျောင်းတက်ခွင့်ကို ပိတ်ပင်တားမြစ်ခဲ့ပြီး လက်ရှိမှာ နောက်ထပ်တားမြစ်မှုတွေ ပြုလုပ်လာတာဖြစ်ပါတယ်။ တာလီဘန်တို့ရဲ့ ဒီဇင်ဘာ ၂၀ ရက်က ထုတ်ပြန်ကြေညာချက်အပေါ် အမေရိကန်က အပြင်းအထန် ရှုတ်ချခဲ့ပြီး ဒီကိစ္စနဲ့ပတ်သက်ပြီး အကျိုးဆက်တွေနဲ့ရင်ဆိုင်ရလိမ့်မယ်လို့ သတိပေးပြောဆိုထားပါတယ်။ တာလီဘန်တို့ဟာ အာဖဂန်ပြည်သူအားလုံးရဲ့အခွင့်အရေးကို မလေးစားမချင်း နိုင်ငံတကာအသိုင်းအဝိုင်းမှာ တရား၀င်အဖွဲ့ဖြစ်ဖို့ မမျှော်လင့်နိုင်ကြောင်း အမေရိကန်နိုင်ငံခြားရေး၀န်ကြီး ဘလင်ကင်က ထုတ်ဖော်ပြောဆိုပါတယ်။ Ref: BBC Photo:Getty Images #voiceofmyanmar #VOM #ကဘူးလ်

Read More

တရုတ်ဘက် တင်ပို့မယ့် ကုန်ခြောက်ကားတွေ ကြန့်ကြာနေလို့ ကုန်တင်ကားသမားတွေ အခက်အခဲဖြစ်

ဒီဇင်ဘာ ၂၁၊ ၂၀၂၂ Shy V (VOM) ရှမ်းပြည်နယ်မြောက်ပိုင်း၊ မူဆယ် ကျင်စန်းကျော့ – ဝမ်တိန် ကနေ တရုတ်ဘက် တင်ပို့မယ့် ကုန်ခြောက်ကားတွေ နှောင့်နှေးကြန့်ကြာနေတာကြောင့် ကုန်တင်ကားသမားတွေ စရိတ်ပြတ် အခက်အခဲဖြစ်နေတယ်လို့ ကုန်တင်ယာဉ်မောင်းတွေဆီက သိရပါတယ်။ “အပေါ်မှာ အရမ်းကြီးကြာသွားရင်လည်း ထမင်းစရိတ် ထောင်း‌ပြီလေ၊ အခုလ လဆန်းပိုင်းမှာ ကားတွေ များလို့ ကားတွေ ရာနဲ့ချီ စောင့်ဆိုင်း နေကြရတာ။” လို့ ပြောင်းကုန်တင် ယဉ်မောင်းတဦးက ပြောပါတယ်။ တရုတ်ဘက် တင်ပို့ရင် အဝင် တစီး အထွက်တစီး စနစ်နဲ့ စီနီယာအလိုက် ဝင်ရတာကြောင့် ကားတွေ နေ့တိုင်း တရုတ်ဘက် ဝင်နေပေမယ့် ကြန့်ကြာတာမျိုးဖြစ်နေတာလို့ ကုန်သည်တဦးက ပြောပါတယ်။ “အခုရက်ပိုင်းအတွင်း ကုန်‌ခြောက် Export ဆန်၊ ပဲ၊ ပြောင်း၊ နှမ်း တင်ပို့တာ…

Read More

တောင်သာမြို့က ဦးဆင့် ရွှေရတနာဆိုင် ဓားပြတိုက်ခံရ ၊ သိန်း သုံးထောင်ကျော်ဖိုး ပါသွား

ဒီဇင်ဘာ ၊ ၂၁ ၊ ၂၀၂၂ SP ( VOM) မန္တလေးတိုင်း ၊ မြင်းခြံခရိုင် ၊တောင်သာမြို့ ၊ အမှတ် ၄ ရပ်ကွက် ၊ အရှေ့စျေးတောက်ဘက်မှာရှိတဲ့ ဦးဆင့် ရွှေရတနာဆိုင်ဟာ မနေ့ ဒီဇင်ဘာ ၂၀ ရက် ၊ ညနေပိုင်းက ဓားပြတိုက်ခံရပြီး ရွှေထည်ပစ္စည်းတွေ ပါသွားတယ်လို့ အမှတ် ၄ ရပ်ကွက်နေ ဒေသခံတွေဆီက သိရပါတယ်။ .” ဖြစ်တာက မနေ့က ညနေပိုင်း ၃ နာရီဝန်းကျင်မှာ ဖြစ်တာ ၊ မျက်နှာမှာ မက်ခ်တပ်ထားတဲ့ လူ ၄ ယောက်က ဆိုင်ကယ် ၂ စီးနဲ့ ရောက်လာပြီး ဓားပြတိုက်သွားတာ”လို့ ဒေသခံ တယောက်ကပြောပါတယ်။ အဲ့ဒီဖြစ်စဥ်နဲ့ ပတ်သက်ပြီး တောင်သာမြို့နယ် ၊ လုံခြုံရေးအဖွဲ့နဲ့ နီးစပ်သူတယောက်က…

Read More

ဗောဓိတထောင်မှာ ရဲတဦး ပစ်သတ်ခံရပြီး သေနတ်ပါသွား

ဒီဇင်ဘာ ၊ ၂၁ ၊ ၂၀၂၂ SP (VOM) စစ်ကိုင်းတိုင်း ၊ မုံရွာမြို့ ၊ ခတ္တက္ကန်ကျေးရွာ ၊ ဗောဓိတထောင် ဘုရားနားမှာ လုံခြုံရေးကျနေတဲ့ ရဲတစ်ယောက်ဟာ မနေ့ ဒီဇင်ဘာ ၂၀ ရက် နေ့လယ်ပိုင်းက ပစ်သတ်ခံရပြီး သေနတ်ပါသွားတယ်လို့ ခတ္တက္ကန်ကျေးရွာနေ ဒေသခံတွေဆီက သိရပါတယ်။ ” ဗောဓိတထောင်နယ်မြေမှာ တာဝန်ကျတဲ့ ရဲ ၃ ဦးဟာ ဆိုင်ကယ် ၂ စီးနဲ့ လာတဲ့အချိန် အမည်မသိ လက်ကိုင်အဖွဲ့က ပစ်ခတ်တယ် ၊ ဆိုင်ကယ် ၁ စီး နဲ့ ရဲတယောက် ထိမှန်ပြီး သေနတ် ၁ လက်ပါသွားတာ “လို့ ခတ္တက္ကန်ရွာခံတယောက်က ပြောပါတယ်။ အဲ့ဒီဖြစ်စဥ်နဲ့ပတ်သက်ပြီး မုံရွာမြို့နယ် လုံခြုံရေး အဖွဲ့နဲ့ နီးစပ်သူ တယောက်က ”…

Read More

မုံရွာမြို့ပေါ်က ပြင်ပရွှေအဝယ်ဆိုင်ကို သေနတ်နဲ့ ပစ်ခတ်ပြီး ဓားပြတိုက်၊ ရွှေဆိုင်ပိုင်ရှင် ဒဏ်ရာရ

ဒီဇင်ဘာ၂၀ ၊ ၂၀၂၂ SP ( VOM) စစ်ကိုင်းတိုင်း ၊ မုံရွာမြို့ ၊ အောင်မင်္ဂလာရပ်ကွက် ၊ ဗိုလ်ချုပ်လမ်း ၊ ဟောင်ကောင် ဖုန်းအရောင်းဆိုင်နားက ပြင်ပရွှေအဝယ်ဆိုင်မှာ ဒီကနေ့ နေ့လယ်ပိုင်းက သေနတ်နဲ့ပစ်ခတဲပြီး ဓားပြတိုက်ခံခဲ့ရတယ်လို့ မိတ်ဆက်စျေးက စျေးသည်တွေဆီက သိရပါတယ်။ ” အလုခံရတဲ့ရွှေဆိုင်က ပြင်ပရွှေတွေကို နဝလီ ဝယ်ယူနေတဲ့ ” ရွှေမုံရွာ “ရွှေဆိုင်ဖြစ်တယ် ၊ ဝင်လုတဲ့သူက လူငယ် ၃ ယောက်ဖြစ်တယ် ၊ သေနတ်နဲ့ ပစ်ပြီး ဝင်လုတာကြောင့် ရွှေဆိုင်ပိုင်ရှင် ဒဏ်ရာရသွားတယ် “လို့ မိတ်ဆက်စျေးက စျေးသည်တယောက်က ပြောပါတယ်။ အဲ့ဒီ ကိစ္စနဲ့ပတ်သက်ပြီး မုံရွာမြို့နယ် လုံခြုံရေးအဖွဲ့နဲ့ နီးစပ်သူ တယောက်က” ဒီကနေ့ ညနေ ၃ နာရီဝန်းကျင်ကဖြစ်တာပါ ၊ ရွှေမုံရွာ ပြင်ပရွှေ…

Read More
VOM News

FREE
VIEW