တောင်သာမြို့က ဦးဆင့် ရွှေရတနာဆိုင် ဓားပြတိုက်ခံရ ၊ သိန်း သုံးထောင်ကျော်ဖိုး ပါသွား

ဒီဇင်ဘာ ၊ ၂၁ ၊ ၂၀၂၂
SP ( VOM)

မန္တလေးတိုင်း ၊ မြင်းခြံခရိုင် ၊တောင်သာမြို့ ၊ အမှတ် ၄ ရပ်ကွက် ၊ အရှေ့စျေးတောက်ဘက်မှာရှိတဲ့ ဦးဆင့် ရွှေရတနာဆိုင်ဟာ မနေ့ ဒီဇင်ဘာ ၂၀ ရက် ၊ ညနေပိုင်းက ဓားပြတိုက်ခံရပြီး ရွှေထည်ပစ္စည်းတွေ ပါသွားတယ်လို့ အမှတ် ၄ ရပ်ကွက်နေ ဒေသခံတွေဆီက သိရပါတယ်။

.” ဖြစ်တာက မနေ့က ညနေပိုင်း ၃ နာရီဝန်းကျင်မှာ ဖြစ်တာ ၊ မျက်နှာမှာ မက်ခ်တပ်ထားတဲ့ လူ ၄ ယောက်က ဆိုင်ကယ် ၂ စီးနဲ့ ရောက်လာပြီး ဓားပြတိုက်သွားတာ”လို့ ဒေသခံ တယောက်ကပြောပါတယ်။

အဲ့ဒီဖြစ်စဥ်နဲ့ ပတ်သက်ပြီး တောင်သာမြို့နယ် ၊ လုံခြုံရေးအဖွဲ့နဲ့ နီးစပ်သူတယောက်က ” ညနေ ၂ နာရီခွဲလောက်က မျက်နှာဖုံးစွပ် လူ ၄ ယောက်က ပစ္စတိုသေနတ် ၄ လက်ကိုင်ဆောင်ပြီး အဲ့ဒီ ရွှေဆိုင်ကို ဆိုင်ကယ် ၂ စီးနဲ့ ရောက်လာတယ် ၊ ဆိုင်ထဲရောက်တော့ ဆိုင်ဝန်ထမ်းတွေကို သေနတ်နဲ့ ချိန်ရွယ်ပြီး ဝမ်းလျားမှောက်ခိုင်းတယ် ၊ အဲ့ဒီနောက် မှန်ကောင်တာတွေကို ရိုက်ခွဲပြီး ကောင်တာထဲက ရွှေထည် ပစ္စည်းမျိုး အလေးချိန် ၁ ပိသာ ၄၀ သားခန့် ဝန်းကျင်ကို လုယူထွက်ပြေးသွားတာ ဖြစ်တယ်” လို့ ပြောပါတယ်။

အဲ့ဒီ ဓားပြတိုက်ခံရတဲ့ဖြစ်စဥ်နဲ့ ပတ်သက်ပြီး တောင်မြို့နယ်ရဲတပ်ဖွဲ့က အမှုဖွင့် စစ်ဆေးနေတယ်လို့ သိရပါတယ်။

မနေ့ ဒီဇင်ဘာ ၂၀ဿ်နေ့ ၁ ရက်တည်းမှာ မန္တလေးတိုင်း ၊ ပြည်ကြီးတံခွန်မြို့မှာရှိတဲ့ မောသစ် ရွှေရတနာဆိုင် ၊ စစ်ကိုင်းတိုင်း ၊ မုံရွာမြို့ ၊ အောင်မဂ်လာရပ်ကွက် ၊ ဗိုလ်ချုပ်လမ်းမှာရှိတဲ့ ရွှေမုံရွာ ရွှေရတနာဆိုင် ၊ ကချင်ပြည်နယ် ၊ မိုးညှင်းခရိုင် ၊ ဖားကန့်မြို့မှာ ရှိတဲ့ စင်ကြယ် ရွှေရတနာဆိုင်တွေဟာ သေနတ်သမားတွေရဲ့ လုယူဓားပြတိုက်တာကို ခံရတယ်လို့ မှတ်တမ်းတွေအရ သိရပါတယ်။

#voiceofmyanmar #VOM #တောင်သာ

Related posts

Leave a Comment

VOM News

FREE
VIEW