အာဖဂန်အမျိုးသမီးတွေ တက္ကသိုလ်တက်ခွင့် တာလီဘန်တို့ တားမြစ်ပိတ်ပင်

ကဘူးလ်၊ ဒီဇင်ဘာ-၂၁-၂၀၂၂
မျိုးဆက်(VOM)

အာဖဂန်နစ္စတန်နိုင်ငံမှာ အမျိုးသမီးရဲ့တက္ကသိုလ်တက်ခွင့်ကို တာလီဘန်တို့က တားမြစ်ပိတ်ပင် လိုက်ပြီးနောက် နိုင်ငံတကာရဲ့ ပြစ်တင်ရှုတ်ချမှုတွေ ကျယ်ကျယ်ပြန့်ပြန့် ထွက်ပေါ်နေပါတယ်။

အဲဒီတားမြစ်ပိတ်ပင်မှုကို အဆင့်မြင့်ပညာ၀န်ကြီးက ဒီဇင်ဘာ ၂၀ ရက်မှာ ကြေညာခဲ့ခြင်းဖြစ်ပြီး အမ်ိန့်ဟာ ချက်ချင်းသက်၀င်စေမှာဖြစ်ကြောင်း ထုတ်ပြန်ထားပါတယ်။

အာဖဂန်နစ္စတန်ကို တာလီဘန်တို့က လွန်ခဲ့တဲ့နှစ်မှာ ထိန်းချုပ်ပြီးနောက် အမျိုးသမီးတွေ အလယ်တန်းကျောင်းတက်ခွင့်ကို ပိတ်ပင်တားမြစ်ခဲ့ပြီး လက်ရှိမှာ နောက်ထပ်တားမြစ်မှုတွေ ပြုလုပ်လာတာဖြစ်ပါတယ်။

တာလီဘန်တို့ရဲ့ ဒီဇင်ဘာ ၂၀ ရက်က ထုတ်ပြန်ကြေညာချက်အပေါ် အမေရိကန်က အပြင်းအထန် ရှုတ်ချခဲ့ပြီး ဒီကိစ္စနဲ့ပတ်သက်ပြီး အကျိုးဆက်တွေနဲ့ရင်ဆိုင်ရလိမ့်မယ်လို့ သတိပေးပြောဆိုထားပါတယ်။

တာလီဘန်တို့ဟာ အာဖဂန်ပြည်သူအားလုံးရဲ့အခွင့်အရေးကို မလေးစားမချင်း နိုင်ငံတကာအသိုင်းအဝိုင်းမှာ တရား၀င်အဖွဲ့ဖြစ်ဖို့ မမျှော်လင့်နိုင်ကြောင်း အမေရိကန်နိုင်ငံခြားရေး၀န်ကြီး ဘလင်ကင်က ထုတ်ဖော်ပြောဆိုပါတယ်။

Ref: BBC
Photo:Getty Images
#voiceofmyanmar #VOM #ကဘူးလ်

Related posts

Leave a Comment

VOM News

FREE
VIEW