တရုတ်နိုင်ငံ ဟီနန်ပြည်နယ်မှာ လူပေါင်း ၈၈ ဒသမ ၅ သန်းကျော် ကိုဗစ်-၁၉ ကူးစက်ခံနေရ

ပေကျင်း၊ ဇန်နဝါရီ-၁ဝ-၂၀၂၃
မျိုးဆက်(VOM)

တရုတ်နိုင်ငံရဲ့ တတိယမြောက်လူဦးရေအများဆုံး ဟီနန်ပြည်နယ်ရဲ့ လူဦးရေ ၉၀ ရာခိုင်နှုန်းနီးပါးဟာ ကိုဗစ်-၁၉ ရောဂါကူးစက်ခံနေရကြောင်း ဒေသခံကျန်းမာရေးတာ၀န်ရှိသူတွေက ဇန်နဝါရီ ၉ ရက်မှာ ပြောပါတယ်။

ပြည်နယ်အတွင်း လက်ရှိမှာ ကိုဗစ်-၁၉ ရောဂါကူးစက်ခံရသူ ၈၈ ဒသမ ၅ သန်း ကူးစက်ခံနေရကြောင်း ပြည်နယ်တာ၀န်ရှိသူ ကန်ကွင်ချန်က သတင်းစာရှင်းလင်းပွဲမှာ ပြောပါတယ်။

ဒီလိုကူးစက်မှုတွေဟာ ဘယ်အချိန်ကဖြစ်ပွားတယ်ဆိုတာကို ထုတ်ဖော်ပြောဆိုခြင်းမရှိပေမယ့် ကိုဗစ်သုညမူဝါဒဟာ ရောဂါဖြစ်ပွားမှုကို အနည်းဆုံးဖြစ်အောင်ထိန်းထားတာကြောင့် ပြည်နယ်အတွင်း လက်ရှိကူးစက်မှုဟာ လွန်ခဲ့တဲ့ ရက်သတ္တပတ်အနည်းငယ်အတွင်းက ဖြစ်ပွားခဲ့ဖွယ်ရှိပါတယ်။

တရုတ်နိုင်ငံဟာ ကိုဗစ်လုံး၀မကူးစက်စေရေး မူဝါဒကို ဒီဇင်ဘာလမှာ စွန့်လွှတ်လိုက်ပြီးနောက်ပိုင်း ကိုဗစ်-၁၉ ကူးစက်မှုတွေ မကြုံစဖူးမြင့်တက်မှုနဲ့ ရင်ဆိုင်နေရပါတယ်။

ဒါပေမယ့် ဟီနန်ပြည်နယ်မှာ ဖြစ်ပွားနေတဲ့ ကိုဗစ်-၁၉ ကူးစက်မှုနှုန်းဟာ တရုတ်ဗဟိုအစိုးရရဲ့ ကိုဗစ်ကိန်းဂဏန်းတွေနဲ့ ဆန့်ကျင်ဘက်ဖြစ်နေပါတယ်။

လူဦးရေ ၁ ဒသမ ၄ ဘီလီယံရှိတဲ့ တရုတ်နိုင်ငံမှာ ကိုဗစ်မူဝါဒပြောင်းလဲပြီးနောက်ပိုင်း လူတသိန်းနှစ်သောင်းသာ ရောဂါကူးစက်ခဲ့ပြီး ၃၀ ဦးသာ သေဆုံးခဲ့တယ်လို့ တရား၀င်ထုတ်ပြန်တဲ့ အချက်အလက်တွေမှာ ဖော်ပြထားပါတယ်။

Ref: BBC
#voiceofmyanmar #VOM #ပေကျင်း

Related posts

Leave a Comment

VOM News

FREE
VIEW