Miss ထက်ထက်ထွန်း စည်ပင်ရွေးကောက်ပွဲ မဲဆွယ်ဖို့ပြင်ဆင်

ရန်ကုန်၊ ဖေဖော်ဝါရီ-၁၈။၂၀၁၉

TGH(VOM)

 

လသာမြို့နယ်ကိုယ် စားပြုအဖြစ်  ရန်ကုန်မြို့တော်စည်ပင်ရွေး ကောက်ပွဲမှာ ပါဝင်ယှဉ်ပြိုင်ဖို့  ရွေးချယ်ခြင်း ခံလိုက်ရပြီဖြစ်တဲ့ Miss/သရုပ်ဆောင် ထက်ထက်ထွန်းက ပြည်သူတွေကြား မဲဆွယ်စည်းရုံးတဲ့အခါသူမကို ဝေဖန်တိုက်ခိုက်မှုတွေအများကြီးရှိလာနိုင်လို့ဆိုပါတယ်။

 

ဖေဖော်ဝါရိ ၁၆ ရက်နေ့တုန်းက ကိုယ်စားလှယ်လောင်းစာရင်းမှာ ရွေးချယ်ခံရပြီးတဲ့နောက်မှာတော့ လသာမြို့နယ်ကိုယ်စားပြု  မဲဆွယ်စည်းရုံးမှုတွေကို လာမယ့် ဖေဖော်ဝါရီလ ၂၈ ရက်နေ့မှာ စတင် ဆောင်ရွက်မယ်လို့ သူကဆိုပါတယ်။

သူဟာ အနုပညာရှင်တစ်ယောက် ဖြစ်တာကြောင့် အမာခံပရိတ်သတ်၊ မိသားစု၊ အနုပညာရှင် အသိုင်းအဝိုင်းအားလုံးကလည်း ဝန်းရံလိမ့်မယ်လို့ ယုံကြည်တဲ့အတွက် မဲဆွယ်စည်းရုံးရေး အပိုင်းကို အကောင်းဆုံးလုပ်နိုင်ဖို့ ယုံကြည်တယ်လို့ ဆိုပါတယ်။

 

“ရွေးချယ်ခံလိုက်ရတာ ဝမ်းသာတယ်။ နောက် တဆင့်တက်လှမ်းဖို့အခွင့် အရေးတစ်ခုပါ။  မဲဆွယ်တဲ့အခါ ပြည်သူတွေက ယုံယုံကြည်ကြည်နဲ့မဲပေးဖို့ကိုတော့ ကြိုးစားရမှာပါ။ ဒါကတော့ထက်ရဲ့ ကြိုးစားမှုအပေါ်မူတည်တယ်။ ဒီလိုကြိုးစားနေချိန်မှာ အခက်အခဲတွေ ဝေဖန်တိုက်ခိုက်မှုတွေ အများကြီးရှိလာနိုင်ပါတယ်။ ပြိုင်ဆိုင်မှုတွေလည်းရှိနိုင်တယ်၊ နိုင်ငံရေးလောကကို ခုမှစဝင်တာဖြစ်လို့ အားလုံးကိုကြိုးစားသင်ယူမယ် လေ့လာမယ်” လို့ သရုပ်ဆောင် ထက်ထက်ထွန်း VOM ကိုပြောပါတယ်။

 

ရွေးကောက်ခံတစ်ယောက်၊ နိုင်ငံရေးသမားတစ်ယောက်အနေနဲ့ သိသင့် သိထိုက်ပြီး၊ သိဖို့လိုအပ်တဲ့ ဥပဒေပိုင်းဆိုင်ရာ၊ ဖွဲ့စည်းပုံစနစ်တွေ စတဲ့ကိစ္စအားလုံးကို လေ့လာသွားမှာဖြစ်ကြောင်းနဲ့ သတ်မှတ်အချိန်ကာလအတွင်း အကောင်းဆုံး ကြိုးစားလုပ်ဆောင်သွားမယ်လို့ ဆိုပါတယ်။

 

ထက်ထက်ထွန်းဟာ Miss Universe 2016 မြန်မာနိုင်ငံ ကိုယ်စားပြု အလှမယ်တစ်ဦးဖြစ်သလို Miss Universe National Costume ဆုရှင်တစ်ဦးလည်းဖြစ်ပါတယ်။

 

Photo – Htet Htet Tun’s Facebook

Related posts

✕
VOM News

FREE
VIEW