အကယ်ဒမီဒုတိယအကြိမ် ဆန်ခါတင် ၂၅ ကားစာရင်းထွက်ပေါ်

ရန်ကုန် ဖေဖော်ဝါရီ ၂၀-၂၀၁၉

သင်းသဒ္ဒါ(VOM)

 

၂၀၁၈ ခုနှစ် မြန်မာ့ရုပ်ရှင်အကယ်ဒမီဆု ရွေးချယ်ရေးအတွက် ဒုတိယအကြိမ် ဆန်ခါတင် ၂၅ ကား စာရင်းထွက်ပေါ်ခဲ့ပြီဖြစ်ပါတယ်။

 

မြန်မာနိုင်ငံ ရုပ်ရှင်အစည်းအရုံး ဗဟိုကနေ   ဒုတိယအဆင့် ကြည့်ရှုမယ့် ဇာတ်ကား ၂၅ ကားစာရင်းကတော့  ”မိုးပန်းပွင့်ရဲ့ သင်္ကေတ” ၊”ကာဗွန်ဒိုင်အောက်ဆိုဒ်” ၊”ဝိဥာဉ်စိမ်း” ၊”ဒုဠဝတီကိုလွန်၍” ၊”ငါ့ကိုနမ်းတဲ့ မုန်တိုင်း” ၊”ငယ်ကျွန်” ၊”ဥပါဒါန်” ၊”မုန်းစွဲ” ၊”ရွှေကြာ ”၊”သမ္မတကြီးထံပေးစာ” ၊”ပြည်ထောင်စုသစ္စာ” ၊”ဇာတိမြေ”၊”မှော်ဝင်သမန်းကျား” ၊ ”လရောင်ဖြာတဲ့ အင်းလေးမှာ” ၊”ဥပါယ်တံမျဉ်” ၊”မုဒြာခေါ်သံ” ၊ ”ကြက်ဂူ” ၊”နောင်တွင်ဥဒါန်းတွင်စေသတည်း ”၊”ငဒူ” ၊”မျက်နှာပြင်များ” ၊”မီ ” ၊”တိမ်တိုက်တံတား” ၊”ရန်သူ”၊ ”သတို့သမီး” နဲ့ ”ကိုယ်စောင့်နတ်” ရုပ်ရှင်ဇာတ်ကားတွေကို စတင်ကြည်ရှု့ အကဲဖြတ်နေလျက်ရှိတယ်လို့ သိရပါတယ်။

”ပထမအပတ်ကတော့ ၈၃ ကားရှိတယ်။ အခု နောက်ထပ် ဒုတိယအဆင့်ကြည့်မှာက ကားပေါင်း(၂၅)ကားလောက်ရှိပါတယ်။ ကားပေါင်းအစိတ်ကို အသေးစိတ်ကြည့်ကြတာပေါ့၊ အသေးစိတ်ကြည့်တယ်ဆိုတာက  ဥပမာ – ဆရာတို့ကဇာတ်ညွှန်းဆိုပါတော့ ၊ နောက် ဒါရိုက်တာအဖွဲ့ဆိုပါတော့ အဲ့နှစ်ဖွဲ့ကကြိုက်တယ်။ ကျန်တဲ့အဖွဲ့က မကြိုက်ဘူး၊ အဲ့ဒီလိုဇာတ်ညွှန်းနဲ့ ဒါရိုက်တာချည်းပဲကြည့်တာ။ တော်တော်ကို အသေးစိတ်ကြည့်တာ၊ ဒီနှစ်ကောင်းတာက  ဆရာကဒီနှစ်ဥက္ကဌဖြစ်တယ်၊ ကံကောင်းတာက စံချိန်စံညွှန်းတွေ ထွက်လာတယ်။ အကြိမ်ပေါင်းများစွာအစည်းအဝေးတွေလုပ်ပြီးမှ စံချိန်စံညွှန်းတွေထွက် လာတယ်။ အဲ့ဒါလေးကတော်တော်အသုံးဝင်ပါတယ်။ ဒါလေးကိုလည်း ထုတ်ဝေရေးတခုကရောင်းနေတာရှိတယ်။ အများပြည်သူကလည်းစိတ်ဝင်စားတယ်ဆိုရင် ဒီစံချိန်စံညွှန်းကိုဖတ်ပြီးတော့ ဆရာတို့ ဘယ်လိုအကဲဖြတ်တယ်ဆိုတာကို သိရတာပေါ့နော်။ အဲ့ဒါဆိုရင်တော့ ဆရာတို့ကိုပြောလို့ရတယ်။ ဒါလေးကတော့လွဲနေတယ် လိုနေတယ်ဆိုလည်းပြောလို့ရတယ်။ ပိုနေတယ်ဆိုလည်းပြောလို့ရတယ်။ အဲ့ဒီစာအုပ်လေးကိုလည်း ထုတ်ပေးနေပါတယ်၊ အဲ့ဒီတော့ ဝေဖန်မယ် အကဲခတ်မယ်ဆိုရင်တော့ အဲဒီစာအုပ်လေးက အများကြီးအသုံးကျတာပေါ့”လို့

မြန်မာနိုင်ငံ ရုပ်ရှင်အစည်းအရုံးနာယက / အကယ်ဒမီ စိစစ်အဖွဲ့ဥက္ကဌ ဦးကြည်စိုးထွန်းက ပြောပါတယ်။

 

၂၀၁၉ ခုနှစ် မတ် ၂၃ရက် ညနေပိုင်းမှာတော့ ရန်ကုန်မြို့ မရမ်းကုန်းမြို့နယ်ရှိတဲ့ Yangon convention centre မှာ ကျင်းပသွားမယ့်  မြန်မာ့ ရုပ်ရှင်အကယ်ဒမီ ထူးချွန်ဆုပေးပွဲမှာတော့  မြန်မာ့ရုပ်ရှင် အကယ်ဒမီဆုကို ၁၁(သို့) ၁၃ ဆုချီးမြှင့်သွားမှာဖြစ်ပါတယ်။

 

ဓာတ်ပုံ- သင်းသဒ္ဒါ

 

#voiceofmyanmar#ကြည်စိုးထွန်း#အကယ်ဒမီ

 

 

Related posts

Leave a Comment

VOM News

FREE
VIEW