လိင်ပိုင်းဆိုင်ရာစော်ကားမှုကြောင့် ဒေါ်လာငါးသန်းလျော်ကြေးပေးဖို့အမိန့် သမ္မတဟောင်းဒေါ်နယ်ထရန့် အယူခံ၀င်

၀ါရှင်တန်၊ မေ-၁၂-၂၀၂၃
မျိုးဆက်(VOM)

အမေရိကန်သမ္မတဟောင်း ဒေါ်နယ်ထရန့်ဟာ နယူးယောက်စတိုးဆိုင်တခုမှာ အီဂျန်ကာရိုးဆိုသူအမျိုးသမီးကို လိင်ပိုင်ဆိုင်ရာ စော်ကာခဲ့ကြောင်း အရပ်ဘက်တရားရုံးက ဆုံးဖြတ်လိုက်ပြီးနောက်နှစ်ရက်အကြာ မေ ၁၁ ရက်မှာ အဲဒီအမှုအတွက် အယူခံ၀င်ခဲ့ပါတယ်။

၁၉၉၀ ပြည့်လွန်နှစ်တွေအတွင်း မစ္စတာထရန့်က သူမကို လိင်ပိုင်ဆိုင်ရာကျူးလွန်ခဲ့ကြောင်း စွပ်စွဲချက်တွေအပေါ် နယူးယောက်ဂျူရီလူကြီးတွေက မစ္စကာရိုးကို နစ်နာကြေား ဒေါ်လာငါးသန်းပေးဖို့ အမိန့်ချခဲ့တာဖြစ်ပါတယ်။

ဒီကိစ္စကို အသက် ၇၆ နှစ်အရွယ် သမ္မတဟောင်းဒေါ်နယ်ထရန့်က ကျူးလွန်ခဲ့ကြောင်းနဲ့ အသရေဖျက်မှုအတွက် တာ၀န်ရှိကြောင်း တရားသူကြီးတွေက စစ်ဆေးတွေ့ရှိခဲ့သော်လည်း မုဒိမ်းမှုအဖြစ် သတ်မှတ်ခြင်းမရှိခဲ့ပါဘူး။

မစ္စတာထရန့်ကတော့ အသက် ၇၉ နှစ်အရွယ် မစ္စကာရိုးကို သိရှိခြင်း သို့မဟုတ် တွေ့ဆုံဖူးခြင်းမရှိကြောင်း ငြင်းဆိုထားပါတယ်။

ဒီအမျိုးသမီးဘယ်သူဆိုတာမသိရှိကြောင်းနဲ့ ပုံပြင်ဇာတ်လမ်းအတုအယောင်တွေသာဖြစ်ကြောင်း မစ္စတာထရန့်ကပြောပါတယ်။

ဒေါ်နယ်ထရန့်အပေါ် ချမှတ်လိုက်တဲ့ စီရင်ချက်ဟာ ထူးဆန်းတဲ့ စီရင်ချက်ဖြစ်ကြောင်း သူ့ရဲ့ရှေ့နေဖြစ်သူက တရားခွင်ပြင်ပမှာ သတင်းထောက်တွေကို ထုတ်ဖော်ပြောဆိုပါတယ်။

Ref:BBC
Photo:AP
#voiceofmyanmar #VOM #ဝါရှင်တန်

Related posts

VOM News

FREE
VIEW