မြန်မာနိုင်ငံဆိုင်ရာ ကုလအထူးကိုယ်စားလှယ် နိုလင်းဟေဇာ ရာထူးကနေ ထွက်ခွာတော့မယ်

ကုလမသဂ္ဂ၊ ဇွန်-၁-၂၀၂၃
မျိုးဆက်(VOM)

မြန်မာနိုင်ငံဆိုင်ရာ ကုလသမဂ္ဂအထူးကိုယ်စားလှယ် မစ္စနိုလင်းဟေဇာဟာ ဇွန်လမှာ သူ့ရဲ့ရာထူးတာ၀န်ကနေ ထွက်ခွာတော့မှာဖြစ်ကြောင်း ကုလသမဂ္ဂက ထုတ်ပြန်ပါတယ်။

သူမဟာ မြန်မာနိုင်ငံမှာ နိုင်ငံရေးအပြောင်းအလဲဖြစ်ပွားပြီးနောက် မြန်မာ့အရေးဖြေရှင်းရေးအတွက် ၂၀၂၁ ခုနှစ် အောက်တိုဘာလမှာ ကုလသမဂ္ဂရဲ့ မြန်မာနိုင်ငံဆိုင်ရာ အထူးကိုယ်စားလှယ်အဖြစ် တာ၀န်ထမ်းဆောင်ခဲ့ပါတယ်။

စာချုပ်ကုန်ဆုံးချိန်ဖြစ်တဲ့ ဇွန် ၁၂ ရက်မှာ သူမဟာရာထူးကနေ ထွက်ခွာတော့မှာဖြစ်ပြီး လ ၂၀ နီးပါးတာ၀န်ထမ်းဆောင်ခဲ့ကာ ယခင်က မြန်မာနိုင်ငံဆိုင်ရာ ကုလသမဂ္ဂအထူးကိုယ်စားလှယ် ခရစ်စတင်းရှန်နာဘာဂျနာထက် တာ၀န်ထမ်းဆောင်ချိန် ထက်၀က်လျော့နည်းပါတယ်။

သူမဟာ ပြီးခဲ့တဲ့သြဂုတ်လအတွင်းက မြန်မာနိုင်ငံကို ပထမဆုံးအကြိမ် လာရောက်ခဲ့ပြီး နစကဥက္ကဌနဲ့တွေ့ဆုံခဲ့ပြီး မြန်မာနိုင်ငံမှာ အကြမ်းဖက်မှုတွေအဆုံးသတ်ဖို့နဲ့ အရပ်သားအုပ်ချုပ်ရေး ပြန်လည်ရောက်ရှိဖို့ တိုက်တွန်းတောင်းဆိုခဲ့ပါတယ်။

မြန်မာနိုင်ငံက ပြည်သူတွေနဲ့ ငြိမ်းချမ်းရေးအတွက် မစ္စဟေဇာရဲ့ အားထုတ်ကြိုးပမ်းမှုတွေအတွက် ကျေးဇူးတင်ကြောင်းနဲ့ မြန်မာနိုင်ငံဆိုင်ရာ ကုလသမဂ္ဂအထူးကိုယ်စားလှယ်တဦးကို ထပ်မံခန့်အပ်သွားမယ်လို့ ကုလသမဂ္ဂအတွင်းရေးမှူးချုပ်ရဲ့ ပြောရေးဆိုခွင့်ရှိသူက ထုတ်ဖော်ပြောဆိုထားပါတယ်။

Ref: AP
#voiceofmyanmar #VOM #ကုလသမဂ္ဂ

Related posts

✕
VOM News

FREE
VIEW