၀ါရှင်တန်၊ ဇွန်-၃-၂၀၂၃
မျိုးဆက်(VOM)
အမေရိကန်နိုင်ငံ မေရီလန်းပြည်နယ် ဘော်လ်တီမိုးမြို့မှာ ဇူလိုင် ၂ ရက်ကဖြစ်ပွားခဲ့တဲ့ သေနတ်ပစ်ခတ်မှုကြောင့် လူ နှစ်ဦးသေဆုံးပြီး ၃၀ နီးပါး ဒဏ်ရာရရှိသွားပါတယ်။
အဲဒီပစ်ခတ်မှုဟာ ဘရွတ်ကလင်းနေ့ပွဲတော်အတွက် ညသန်းခေါင်အချိန်မှာ စုဝေးနေချိန် ဖြစ်ပွားခဲ့တာဖြစ်ပြီး ဒဏ်ရာရသူသုံးဦးဟာ အသက်အန္တရာယ်စိုးရိမ်ဖွယ် အခြေအနေရှိကြောင်း အမေရိကန်တာ၀န်ရှိသူတွေက ပြောပါတယ်။
သေဆုံးဒဏ်ရာရသူတွေထဲမှာ အသက် ၁၈ နှစ်အောက် လူငယ်မျာဖြစ်ကြောင်း မြို့အာဏာပိုင်တွေကပြောပါတယ်။ ပစ်ခတ်မှုသံသယရှိသူတွေနဲ့ တာ၀န်ရှိသူတွေက စုံစမ်းစစ်ဆေးနေပါတယ်။
ပစ်ခတ်မှုဟာ သူရဲဘောကြောင်တဲ့ လုပ်ရပ်ဖြစ်ကြောင်း ကျူးလွန်သူတွေကို မတွေ့မချင်း ဖော်ထုတ်အရေးယူသွားမယ်လို့ ဘော်လ်တီမိုးမြို့တော်၀န် ဘရန်ဒန်စကော့က ပြောပါတယ်။
တရားမ၀င်သေနတ် ကိုင်ဆောင်မှုတွေ ပြန့်ပွားလာတာတွေကို တာ၀န်ရှိသူတွေအနေနဲ့ ကိုင်တွယ်ဖြေရှင်းဖို့နဲ့ အဆင့်တိုင်းမှာ တာ၀န်ရှိခံမှုရှိဖို့လိုအပ်ကြောင်း မြို့တော်၀န်က ပြောပါတယ်။
Ref:BBC
Photo:CBS
#voiceofmyanmar #VOM #ဝါရှင်တန်