ဘန်ကောက်၊ဇူလိုင်-၁၂-၂၀၂၃
မျိုးဆက်(VOM)
ထိုင်းနိုင်ငံမှာ လွန်ခဲ့တဲ့ကိုးနှစ်က အရပ်သားအစိုးရကိုဖြုတ်ချအာဏာသိမ်းခဲ့တဲ့ စစ်တပ်အကြီးအကဲဟောင်း နဲ့ ၀န်ကြီးချုပ်ဟောင်းဖြစ်သူ ပရာယွတ်ချန်အိုချာဟာ နိုင်ငံရေးကနေ အနားယူတော့မှာဖြစ်ကြောင်း ဇူလိုင် ၁၂ ရက်မှာ ကြေညာလိုက်ပါတယ်။
၀န်ကြီးချုပ်ဖြစ်သူ ဗိုလ်ချုပ်ကြီးဟောင်း ပရာယွတ်ဟာ နိုင်ငံရေးပါတီသစ်တခုကနေ ၀န်ကြီးချုပ်ရာထူးအတွက် ရွေးကောက်ပွဲ၀င်ခဲ့ပေမယ့် ရလဒ်မကောင်းဘဲ လွှတ်တော်အမတ် ၅၀၀ ၃၆ နေရာသာ အနိုင်ရရှိခဲ့ပါတယ်။
အာဏာသိမ်းမှုဖြစ်ပွားပြီးနောက် ၀န်ကြီးချုပ်တာ၀န်ယူပြီး နိုင်ငံကိုအုပ်ချုပ်ခဲ့တဲ့ ပရာယွတ်ဟာ တာ၀န်ကို ခဏယူတာဖြစ်ကြောင်း ပြောဆိုခဲ့ပေမယ့် ဖွဲ့စည်းပုံအခြေခံဥပဒေကို ပြင်ဆင်ရေးဆွဲပြီး အာဏာကို ဆက်လက်ရယူခဲ့ပါတယ်။
ရွေးကောက်ပွဲမှာ ရှေ့သို့ပါတီဦးဆောင်တဲ့ မဟာမိတ်ပါတီတွေက ၀န်ကြီးချုပ်သစ်ခန့်အပ်မယ့် အားထုတ်မှုတွေကိုတော့ စစ်တပ်ကျောထောက်နောက်ခံပြုတဲ့ အမတ်အများစုရှိရာ လွှတ်တော်က ပိတ်ဆို့ တားဆီးနိုင်စွမ်းရှိနေသေးပါတယ်။
ထိုင်းနိုင်ငံရဲ့ နှေးကွေးနေတဲ့စီးပွားရေးကို ပြန်လည်ကောင်းမွန်အောင် မစွမ်းဆောင်နိုင်မှုနဲ့ အုပ်ချုပ်ရေးပိုင်းမှာ အကျင့်ပျက်ချစားမှုတွေ ဆက်လက်ရှိနေတာက ပရာယွတ်ရဲ့ အုပ်ချုပ်မှုကို အဆုံးသတ်စေခဲ့ပြီး လူငယ်ထုရဲ့ ထောက်ခံမှုနဲ့အတူ ရှေ့သို့ပါတီက အပြတ်အသတ်အနိုင်ရရှိခဲ့ပါတယ်။
Ref: BBC
Photo:Reuters
#voiceofmyanmar #VOM #ဘန်ကောက်