ကိယက်ဗ်၊ ဇူလိုင်-၁၄-၂၀၂၃
မျိုးဆက်(VOM)
ယူကရိန်းရှိ ရုရှားရဲ့ စစ်ဆင်ရေးတွေမှာ ၀ဂ္ဂနာကြေးစားအဖွဲ့က သိသိသာသာပါ၀င်ခြင်းမရှိတော့ကြောင်း အမေရိကန် ပင်တဂွန်စစ်ဌာနချုပ်က ထုတ်ဖော်ပြောဆိုလိုက်ပါတယ်။
ရုရှားသမ္မတပူတင်ရဲ့ အုပ်ချုပ်မှုအာဏာကို စိန်ခေါ်မှုအဖြစ်ရှုမြင်ရတဲ့ ၀ဂ္ဂနာကြေးစားအဖွဲ့ရဲ့ ၂၄ နာရီကြာ ပုန်ကန်မှုပြီးနောက် ရုရှားရဲ့ စစ်ဆင်ရေးတွေမှာ ၀ဂ္ဂနာအဖွဲ့ရဲ့ပါ၀င်မှု လျော့ကျလာတာဖြစ်ပါတယ်။
၀ဂ္ဂနာအဖွဲ့ဟာ ယူကရိန်းရဲ့ ကရိုင်းမီးယားဒေသကို ၂၀၁၄ ခုနှစ်မှာ ရုရှားကသိမ်းယူချိန်က ကူညီပေးခဲ့ဖွယ်ရှိပြီး လက်ရှိယူကရိန်းစစ်ပွဲအတွက် ဘက်မွတ်ခ်မြို့ကို သိမ်းပိုက်ရာမှာလည်း ၀ဂ္ဂနာအဖွဲ့က အရေးပါတဲ့အခန်းကဏ္ဍက ပါ၀င်ခဲ့ပါတယ်။
ပုန်ကန်မှုအဆုံးသတ်ပြီးနောက် ၀ဂ္ဂနာတိုက်ခိုက်ရေးသမားတွေအနေနဲ့ ရုရှားစစ်တပ်မှာ တာ၀န်ထမ်းဆောင်တာ သို့မဟုတ် အဖွဲ့ခေါင်းဆောင် ပရီဂိုဇင်ခိုလှုံမယ့် ဘီလာရုစ်ကိုသွားနိုင်တယ်လို့ ရုရှားဘက်က ဆိုထားပါတယ်။
ဘီလာရုစ်မှာခိုလှုံမယ်ဆိုတဲ့ ၀ဂ္ဂနာအဖွဲ့ခေါင်းဆောင်ဟာ ပြီးခဲ့တဲ့ရက်ပိုင်းအတွင်း ရုရှားသမ္မတပူတင်နဲ့တွေ့ဆုံခဲ့ကြောင်း ရုရှားသမ္မတနန်းတော်က ထုတ်ပြန်ထားပါတယ်။
ရုရှားသမ္မတပူတင်အနေနဲ့ လက်ရှိတိုက်နေတဲ့ ယူကရိန်းစစ်ပွဲကို အနိုင်ရနိုင်ခြေမရှိကြောင်း နေတိုးအစည်းအဝေး တက်ရောက်နေတဲ့ အမေရိကန်သမ္မတ ဂျိုးဘိုင်ဒင်က ပြောဆိုပါတယ်။
Ref: BBC
Photo:AFP
#voiceofmyanmar #VOM #ကိယက်ဗ်