မန်း ဆေးတက္ကသိုလ်က ပါမောက္ခတဦး နေအိမ်ထဲရှိနေချိန် ရဲဒင်းနဲ့ခုတ်ခံရပြီး ပစ္စည်းလုယက်ခံရ

ဇူလိုင် ၁၅-၂၀၂၃
Voice Of Myanmar(VOM)

မန္တလေးမြို့၊ချမ်းအေးသာစံမြို့နယ်၊ အောင်တော်မူဘုရားအနီး နေထိုင်တဲ့ မန္တလေးဆေးတက္ကသိုလ်က ပါမောက္ခ ဒေါက်တာအမျိုးသမီးဟာ နေအိမ်ထဲရှိနေချိန် ရဲဒင်းနဲ့ခုတ်ခံရပြီး လုယက်ခံရမှုဖြစ်စဉ် ဒီကနေ့မနက်ပိုင်းကဖြစ်ပွားခဲ့တယ်လို့ သိရပါတယ်။

ရဲနဲ့နီးစပ်သူကို ဆက်သွယ်ကြည့်ရာမှာတော့ ” ဆရာမကြီးက ဈေးသွားဖို့အတွက် နေအိမ်ခြံတံခါးကို သော့ဖွင့်ပြီး မီးဖိုခန်းထဲက ဈေးခြင်းတောင်းကို ဝင်ယူနေချိန် အမည်မသိ သူတစ်ဦးက အိမ်ထဲ ဝင်လာပြီး ကော်သေနတ်အတုနဲ့ ဆရာမကြီးကို ချိန်တယ်၊ ခန္ဓာကိုယ်မှာ ဝတ်ထားတဲ့ ပလက်တီနမ်ဆွဲကြိုးကို ဖြုတ်ခိုင်းတယ်၊ အဲ့ဒီအချိန် ဆရာမကြီးက ပြန်ခုခံတာကို အဲ့ဒီလူငယ်က အရိုးအသွား ၁၂ လက်မခန့်ရှိတဲ့ ရဲဒင်းနဲ့ ဆရာမကြီး ဦးခေါင်းကို ခုတ်ခဲ့တယ်၊ ဦးခေါင်း ဝဲဘက်ချိုးစောင်း ပြတ်ချဒဏ်ရာ ၂ ချက်(မစိုးရိမ်ရ)ရရှိခဲ့တယ်၊ တရားခံဖမ်းမိဖို့ သက်ဆိုင်ရာက လုပ်နေပါတယ်”လို့ ပြောပါတယ်။

အခင်းဖြစ်ပွားအပြီးမှာ အမည်မသိသူက အိမ်အနောက်ဘက်ခြံစည်းရိုးကနေ ကျော်တက်ထွက်ပြေးသွားတယ်လို့လည်း သိရပါတယ်။

ရဲဒင်းနဲ့ခုတ်ခံရတဲ့ ပါမောက္ခ ဒေါက်တာ အမျိုးသမီးကို မန္တလေး ပြည်သူ့ဆေးရုံကြီးကို ပို့ဆောင်ပြီး ဆေးကုသမှုခံယူနေတယ်လို့ ရဲနဲ့နီးစပ်တဲ့အသိုင်းအဝိုင်းကနေ သိရပါတယ်။

Photo Crd – Original Uploader
#voiceofmyanmar #VOM #မန္တလေး

Related posts

Leave a Comment

VOM News

FREE
VIEW