ပေကျင်း၊ ဇူလိုင်-၁၇-၂၀၂၃
မျိုးဆက်(VOM)
တရုတ်နိုင်ငံမှာ ကိုဗစ်-၁၉ ကပ်ရောဂါဖြစ်ပွားပြီးနောက် စီးပွားရေးတိုးတက်မှု နှေးကွေးနေတာကြောင့် လူငယ်အလုပ်လက်မဲ့နှုန်း စံချိန်တင်မြင့်တက်နေပါတယ်။
မြို့ပြဒေသတွေမှာ အသက် ၁၆ နှစ်ကနေ ၂၄ နှစ်အကြား အလုပ်လက်မဲ့နှုန်းဟာ ပြီးခဲ့တဲ့လမှာ ၂၁ ဒသမ ၃ ရာခိုင်နှုန်းထိမြင့်တက်ခဲ့ကြောင်း တရား၀င်ထုတ်ပြန်ထားတဲ့ အချက်အလက်တွေမှာ ဖော်ပြထားပါတယ်။
အလုပ်လက်မဲ့လူငယ်တွေဟာ တရုတ်မြို့ပြတွေမှာ အလားအလာရှိတဲ့လုပ်သားအင်အားရဲ့ ၁ ဒသမ ၄ ရာခိုင်နှုန်းရှိကြောင်း Hang Seng Bank China မှ စီးပွားရေးပညာရှင် ဒန်၀မ်က ခန့်မှန်းထားပါတယ်။
ကမ္ဘာ့ဒုတိယစီးပွားရေးအင်အားကြီး တရုတ်နိုင်ငံဟာ ဧပြီလကနေ ဇွန်လကုန်ထိ သုံးလတာကာလအတွင်း စီးပွားရေးတိုးတက်မှု သုည ဒသမ ၈ ရာခိုင်နှုန်းသာရှိခဲ့ပါတယ်။
နိုင်ငံ့စီးပွားရေး နှေးကွေးနေတာနဲ့ပတ်သက်ပြီး စီးပွားရေးမြှင့်တင်ဖို့ အစီအမံသစ်တွေကို အာဏာပိုင်တွေက မကြာခင် ထုတ်ပြန်သွားဖို့ရှိနေပါတယ်။
ဒီနေ့ထုတ်ပြန်တဲ့ တရား၀င်ကိန်းဂဏန်းတွေအရ တရုတ်စီးပွားရေးဟာ နှစ်စဉ်အခြေခံအားဖြင့် ယခုနှစ် ဒုတိယသုံးလပတ်မှာ ၆ ဒသမ ၃ ရာခိုင်နှုန်းတိုးတက်ခဲ့ပြီး မျှော်မှန်းထားတာထက် ကျဆင်းခဲ့ပါတယ်။
Ref: BBC
#voiceofmyanmar #VOM #ပေကျင်း