ထိုင်း၀န်ကြီးချုပ်လောင်း ပီတာ လွှတ်တော်အမတ်အဖြစ်ကနေ ဆိုင်းငံ့ခံရ ၊ ၀န်ကြီးချုပ်လောင်း အမည်စာရင်တင်းသွင်းမှုအတွက် ပါလီမန်မှာ ဆက်လက်ဆွေးနွေးနေ

ဘန်ကောက်၊ ဇူလိုင်-၁၉-၂၀၂၃
မျိုးဆက်(VOM)

ထိုင်း၀န်ကြီးချုပ်သစ်ဖြစ်လာဖို့ တစ်ပြေးနေတဲ့ ပီတာလင်ဂျာရိုရတ်ကို လွှတ်တော်အမတ်အဖြစ်ကနေ ထိုင်းဖွဲ့စည်းပုံအခြေခံဥပဒေတရားရုံးက ဇူလိုင် ၁၉ ရက်မှာ ဆိုင်းငံ့လိုက်ပါတယ်။

ရွေးကောက်ပွဲအနိုင်ရ ရှေ့သို့ပါတီခေါင်းဆောင် ပီတာဟာ မီဒီယာကုမ္ပဏီတခုမှာ အစုရှယ်ယာတွေ ပိုင်ဆိုင်ထားတာကြောင့် ရွေးကောက်ပွဲ၀င်ဖို့ အရည်အချင်းမပြည့်မီကြောင်း တိုင်ကြားချက်အပေါ် တရားရုံးက အခုလိုဆုံးဖြတ်လိုက်တာဖြစ်ပါတယ်။

အသက် ၄၂ နှစ်အရွယ် လစ်ဘရယ်သမား ပီတာဟာ ပြီးခဲ့တဲ့သီတင်းပတ်အတွင်းက ပါလီမန်မှာ ပြုလုပ်တဲ့ ၀န်ကြီးချုပ်သစ်ရွေးချယ်ပွဲ ပထမအကြိမ်မှာ လုံလောက်တဲ့ထောက်ခံမဲမရရှိခဲ့ဘဲ ရှုံးနိမ့်ခဲ့ပါတယ်။

သူ၀န်ကြီးချုပ်ဖြစ်လာရေးအတွက် စစ်တပ်ကျောထောက်နောက်ခံပြုထားတဲ့ အထက်လွှတ်တော်အမတ်တွေအပါအ၀င် ပါလီမန်အမတ် ထက်၀က်ကျော် ထောက်ခံမှုလိုအပ်နေပါတယ်။

တရားရုံးရဲ့ကြေညာချက်ဟာ ဒီနေ့ပြုလုပ်မယ့် ၀န်ကြီးချုပ်သစ်ရွေးချယ်ပွဲ မဲခွဲမှုအပေါ် ဘယ်လောက်သက်ရောက်မယ်ဆိုတာ ရှင်းလင်းစွာမသိရပေမယ့် လွှတ်တော်အမတ်တွေဟာ ပီတာရဲ့၀န်ကြီးချုပ်လောင်းအမည်စာရင်းတင်သွင်းမှုနဲ့ပတ်သက်ပြီး ဆွေးနွေးနေဆဲဖြစ်ပါတယ်။

၂၀၁၄ ခုနှစ်မှာ အာဏာသိမ်းပြီးနောက် စစ်တပ်ကရေးဆွဲခဲ့တဲ့ ပါလီမန်စည်းမျဉ်းတွေဟာ ပီတာကို ဆက်လက်ထောက်ခံနေတဲ့ရှစ်ပါတီမဟာမိတ်အဖွဲ့ အနေဖြင့် အစိုးရသစ်ဖွဲ့စည်းနိုင်ရေး အခက်အခဲတွေနဲ့ ရင်ဆိုင်နေရပါတယ်။

Ref: Reuters
Photo:Reuters
#voiceofmyanmar #VOM #ဘန်ကောက်

Related posts

VOM News

FREE
VIEW