ချောင်းဦးမှာ လူတယောက်ကို လူတစ်စုက ဝိုင်းရိုက်ပြီးမီးရှို့အလောင်းဖျောက်မှု ပေါ်ပေါက်

စစ်ကိုင်းတိုင်း ချောင်းဦးမြို့နယ် ကျဉ်းဂွကျေးရွာအုပ်စု၊မင်းတည်ကျေးရွာမှာ စက်တင်ဘာလ ၁၀ ရက်နေ့ ည၈ နာရီဝန်းကျင်က အမည်မသိ အမျိုးသားတယောက်ကို ဝိုင်းဝန်းဖမ်းဆီးပြီး ရွာအနောက်ဘက် သုဿန်မှာ မီးရှို့သတ်ပြစ်မှု ဖြစ်ပွားခဲ့ကြောင်း ချောင်းဦးမြို့မရဲစခန်းက သိရပါတယ်။

“ကျွန်တော်တို့ဆီ အမှုဖွင့်ထားတာကတော့ မသင်္ကာလို့ ဝိုင်းဖမ်း ရိုက်နှက်ပြီး ရွာအနောက်ဘက် မှာရှိတဲ့ သုဿန်ကိုခေါ်သွားပြီး မီးရှို့တယ် အဲချိန်မှာ ကျွန်တော်တို့ တပ်ဖွဲ့က ရဲတစ်ဦးက ရောက်သွားပြီး မီးငြိမ်းသတ်ပြီးတော့အလောင်းကို ဆေးရုံ ပြန်ပို့ရတယ်၊ ခု စခန်းမှူး ရော မြို့နယ်မှူးရော အဲဒီရွာကို သွားစစ်နေပါတယ်၊”လို့

မီးရှို့သတ်ခံခဲ့သူဟာ ဘယ်သူဘယ်ဝါမှန်းမသိရသေးလို့ အတည်ပြုနိုင်ဖို့ ရဲတပ်ဖွဲ့က ဆက်လက်စစ်ဆေးနေတယ်လို့လည်း ချောင်းဦးမြို့မ ရဲစခန်းက တာဝန်ရှိသူ တစ်ဦးက ပြောပြပါတယ်။

ဒီဖြစ်စဉ်ကို ချောင်းဦးမြို့မရဲခန်းက (ပ) ၂၁၅ ရာဇသတ်ကြီးပုဒ်မ ၃၀၂ /၂၀၁ /၁၁၄ အရ အမှုဖွင့် အရေးယူဆောင်ရွက်ထားပြီး ပြစ်မှု ကျူးလွန်သူတွေကို ဖေါ်ထုတ်အရေးယူမယ်ဖို့ ဆောင်ရွက်နေတယ်လို့လည်း ပြောပါတယ်။

Related posts

Leave a Comment

VOM News

FREE
VIEW