ဝါရှင်တန်၊ သြဂုတ်-၁၁-၂၀၂၃
မျက်မှောက်ကာလ စုပုံများပြားလာသောကြွေးမြီတွေနဲ့ “အုပ်ချုပ်ရေးစံနှုန်းများ ယိုယွင်းခြင်း” တို့ကြောင့် အမေရိကန်ပြည်ထောင်စုရဲ့ ကြွေးမြီအဆင့်ကို ‘Fitch’ လို့ခေါ်တဲ့ ထိပ်တန်းအဆင့်သတ်မှတ်ရေးအေဂျင်စီက အဆင့်လျှော့ချခဲ့ကြောင်း အယ်လ်ဂျာဇီးယားသတင်းဌာနက ရေးသားဖော်ပြထားပါတယ်။
တချိန်တည်းမှာပင် ဒီလိုအဆင့်နှိမ့်ချမှုနဲ့အတူ အိမ်ဖြူတော်အတွင်း ဆန္ဒပြမှုတွေ ပေါ်ပေါက်လာစေခဲ့ပါတယ်။ အဆင့်သတ်မှတ်တဲ့ အေဂျင်စီကြီးသုံးခုအနက်မှတခုဖြစ်တဲ့ Fitch က ဩဂုတ် ၁ ရက်ှာ အမေရိကန်ရဲ့ ခရက်ဒစ်အဆင့်သတ်မှတ်ချက်ကို AA+ သို့ လျှော့ချခဲ့ပါတယ်။ လျှော့ချပုံမှာ အမြင့်ဆုံးအဆင့် AAA မှ တထစ် လျှော့ချလိုက်ခြင်းဖြစ်ကြောင်း သိရပါတယ်။
နိုင်ငံတစ်ခုနိုင်ငံရဲ့ကြွေးမြီမှာ ရင်းနှီးမြုပ်နှံမှုနဲ့ဆက်စပ်တဲ့ အန္တရာယ်တွေအပေါ် ရင်းနှီးမြှုပ်နှံသူတွေကို ညွှန်ပြပေးတဲ့ အကြွေးအဆင့်လျှော့ချမှုဟာ အမေရိကန်အစိုးရအတွက် အချိန်ကြာလာတာနဲ့အမျှ အချေးအငှားလုပ်ဖို့ စရိတ်တွေ တိုးလာနိုင်ပါတယ်။
လပေါင်းအတန်ကြာအောင် နိုင်ငံရေးအရှုပ်အထွေးဖြစ်ခဲ့ပြီး အခွန်နဲ့အသုံးစရိတ်တွေအတွက် ဒေါ်လာ ၃၁ ဒသမ ၄ ထရီလီယံ ချေးယူမှုကန့်သတ်ချက်ကို မြှင့်တင်ခြင်းဖြင့် ပြီးခဲ့တဲ့ ဇွန်လမှာ ဒီမိုကရက်တစ်အမတ်တွေနဲ့ ရီပတ်ဘလီကန်အမတ်တွေ သဘောတူညီမှုရရှိခဲ့ပြီးနောက် အထက်ပါအတိုင်း အဆင့်လျှော့ချမှု ထွက်ပေါ်လာတာဖြစ်ပါတယ်။
သမ္မတ ဂျိုးဘိုင်ဒန်ဟာ ဒီမိုကရက်တစ်မူဝါဒဆိုင်ရာ ဦးစားပေးအသုံးစရိတ်တွေကို ဖြတ်တောက်ဖို့ အဆိုပြုခဲ့ရာ ရီပတ်ဘလစ်ကန်တွေက အဲဒီပြဿနာကို အလျှော့အတင်းလုပ်ခဲ့ပြီး ကန့်သတ်ချက်ကို မြှင့်တင်ဖို့ နောက်ဆုံးမိနစ်၊ နောက်ဆုံးအချိန်ကမှ သဘောတူညီမှု ရရှိခဲ့တာဖြစ်ပါတယ်။
Fitch အေဂျင်စီဟာ ယခုကဲ့သို့အဆင့်လျှော့ချမှုအတွက် အဓိကအကြောင်းရင်းတခုအဖြစ် “ထပ်ခါတလဲလဲ အကြွေးကန့်သတ်ချက်တွေနဲ့ နောက်ဆုံးမိနစ်ဆုံးဖြတ်ချက်တွေ” ကို ဖြစ်ပေါ်စေတဲ့ အသုံးစရိတ်နဲ့ အခွန်မူဝါဒနဲ့ပတ်သက်ပြီး ကွဲပြားလာမှုတို့ကို ထောက်ပြလျက် ကိုးကားဖော်ပြခဲ့ပါတယ်။
“အမေရိကန်ပြည်ထောင်စုရဲ့ အဆင့်လျှော့ချမှုဟာ လာမည့်သုံးနှစ်အတွင်း မျှော်မှန်းထားတဲ့ ဘဏ္ဍာရေးဆိုင်ရာ ယိုယွင်းလာမှု၊ ကြီးထွားလာတဲ့ အထွေထွေအစိုးရကြွေးမြီဝန်ထုပ်ဝန်ပိုးနဲ့ အုပ်ချုပ်ရေး ဆုတ်ယုတ်မှုကို ထင်ဟပ်စေကြောင်း Fitch က ဩဂုတ် ၁ ရက်မှာ ကြေညာချက်ထုတ်ပြန်ခဲ့ပါတယ်။
Fitch ရဲ့အမြင်အရ ဘဏ္ဍာရေးနဲ့ကြွေးမြီကိစ္စတွေအပါအဝင် လွန်ခဲ့တဲ့ အနှစ် ၂၀ ကျော်အတွင်း အကြွေးကန့်သတ်ချက်ကို ဆိုင်းငံ့ထားဖို့ ပြီးခဲ့တဲ့ ဇွန်လအထိ နှစ်ဘက်သဘောတူစာချုပ်မှာ မပါရှိပေမယ့် အုပ်ချုပ်ရေးစံနှုန်းတွေ ဆက်တိုက်ယိုယွင်းလာခဲ့ကြောင်း အဆင့်သတ်မှတ်ချက်ပေးတဲ့ Fitch အေဂျင်စီက ထပ်လောင်းပြောကြားခဲ့ပါတယ်။
အမေရိကန်နိုင်ငံမှာ သက်ကြီးရွယ်အိုတွေရဲ့ လူမှုဖူလုံရေးနဲ့ Medicare ကုန်ကျစရိတ်တွေ မြင့်တက်လာခြင်းကြောင့် ဖြစ်ပေါ်လာတဲ့ စိန်ခေါ်မှုတွေကို ဖြေရှင်းရာမှာ ဝါရှင်တန်အစိုးရရဲ့ “ကာလလတ်ဘဏ္ဍာရေးမူဘောင်” နဲ့”အကန့်အသတ်ရှိသော တိုးတက်မှု” မရှိခြင်းတို့ကိုလည်း Fitch က ထောက်ပြခဲ့ပါတယ်။
၂၀၂၁ ခုနှစ်၊ ဇန်နဝါရီ ၆ ရက်မှာ လွှတ်တော်အမတ်များစုဝေးရာ ကက်ပီတိုလ်အဆောက်အအုံအဓိကရုဏ်းကလည်း ဘိုင်ဒန်အစိုးရအပေါ် ယခုကဲ့သို့ အဆင့်လျှော့ချစရာ အကြောင်းရင်းတခုလည်း ဖြစ်ကြောင်း Fitch က ဆက်လက်ပြောကြားခဲ့ပါတယ်။
https://www.aljazeera.com/economy/2023/8/2/us-credit-rating-downgraded-over-rising-debt-standards-of-governance
#Voiceofmyanma #VOM #အမေရိကန်ကြွေးမြီအဆင့် #လျှော့ချ