မန္တလေးတိုင်းမှာ ဒီရက်ပိုင်းအတွင်း လူ ၇ ယောက်ထက်မနည်း ပစ်သတ်ခံရ

အောက်တိုဘာ ၊ ၈ ၊ ၂၀၂၃
SP ( VOM)
မန္တလေးတိုင်းမှာ ပြီးခဲ့တဲ့ အောက်တိုဘာ ၁ ရက်ကနေ ၇ ရက်အထိ တပတ်တာအတွင်း လူ ၇ ယောက်ထက်မနည်း ပစ်သတ်ခံရတယ်လို့ လူမှုကူညီရေး အဖွဲ့တွေဆီက သိရပါတယ်။
” လူသတ်မှုဖြစ်တဲ့ မြို့နယ်တွေကတော့ စဥ့်ကူး ၊ ငါန်းဇွန် ၊ မြင်းခြံ၊ မတ္တရာ စတဲ့မြို့နယ်တွေဖြစ်တယ် ၊ တရက်ကို တယောက်နူန်း အနည်းဆုံး အသတ်ခံနေရတာဖြစ်တယ် ” လို့ မန္တလေးဒေသခံ ပရဟိတသမားတယောက်က ပြောပါတယ်။
အဲ့ဒီ လူသတ်မှု ဖြစ်စဥ်တွေ ပတ် သက်လို့ မန္တလေးတိုင်း လုံခြုံရေး အဖွဲ့နဲ့ နီးစပ်သူတယောက်က ” မနေ့က ငါန်းဇွန်မြို့နယ် ၊ နတ်ကြီးကျေးရွာအုပ်စု ၊ နတ်ကြီးကျေးရွာမှာနေတဲ့ ဦးစိုးထွေး၊ ၄၃ နှစ်နဲ့ ကိုရဲသွေး၊၂၇ နှစ် သူတို့ ၂ ယောက်ကို လက်နက်ကိုင်ထားသူတွေက ဒလန်လို့ ပြောဆိုစွပ်စွဲပြီး သတ်သွားတယ် ၊ အဲ့ဒီအပြင် အောင်မြေသာစံမြို့နယ်၊အောင်မြေသာစံရပ်ကွက် ၊ ၁၉ လမ်း၊၈၆ × ၈၇ လမ်းကြားရှိ အုပ်ချုပ်ရေးမှူးရုံးရှေ့မှာ ရပ်ကွက်အုပ်ချုပ်​ရေးမှုးရုံးအခြေပြု လုံခြုံရေးဆောင် ရွက်ပေးနေတဲ့ လုံခြုံရေးအဖွဲ့က တပ်ကြပ်ကြီး တစ်ယောက် ပစ်ခံရတယ် ၊ သူက မသေဘူး ၊ ဦးခေါင်းနောက်စေ့ ဖောက်ဝင်ဒဏ်ရာရလို့ နန်းတွင်း စစ်ဆေးရုံမှာ ကုသမှုခံနေရတယ်” ပြောပါတယ်။
ဒါ့အပြင် ပြီးခဲ့တဲ့ အောက်တိုဘာ ၃ ရက်ကလည်း မြင်းခြံမြို့နယ် ၊ ပတ္တာကျေးရွာအနောက်ဘက် ၁မိုင်ခန့်အကွာ ဧရာဝတီမြစ် အရှေ့ဖက်ကမ်းစပ်မှာ ဦးနိူင်ဦး ၊ ၅၀ နှစ် ဆိုသူပစ်သတ်ခံရတယ်လို့ သိရပါတယ်။
အဲ့ဒီနောက် ပြီးခဲ့တဲ့ အောက်တိုဘာ ၃ ရက်က မတ္တရာမြို့နယ် ၊ တောင်ကန်ကျေးရွာအုပ်စု ၊ ပြည်သာယာကျေးရွာ အဝင်လမ်းအနောက်ဘက်မှာ ဦးဝင်းမြင့်ထွန်း၊ ၃၀ နှစ်၊ ဦးမြတ်၊ ၄၁ နှစ် ဆိုသူ ၂ ယောက် ပစ်သတ်ခံရပါတယ် ၊ သူတို့အခုလို အသတ်ခံရတာဟာ ကျေးရွာအုပ်ချုပ်ရေးမှူးဟောင်း ဦးဇော်ဝင်းထွန်း ဆိုသူနဲ့ အမျိုးတော်စပ်ပြီး ဦးဇော်ဝင်းထွန်း ထွက်ပြေးတိမ်းရှောင်နေတာကြောင့် အသတ်ခံရတာဖြစ်တယ်လို့ သိရပါတယ်။
ပြီးခဲ့တဲ့ အောက်တိုဘာ ၄ ရက်လည်း မတ္တရာမြို့နယ်၊ လမိုင်းကျေးရွာနဲ့ လက်ဝဲကြီးကျေးရွာကြား ကျေးရွာချင်းဆက်တံတားပေါ်မှာ ဦးထွန်းလှိုင်၊ ၆၀ နှစ်၊ဆိုသူ သတ်ခံရပြီး သူဟာ မတ္တရာမြို့နယ်၊လမိုင်းကျေးရွာအုပ်စု၊ကျောက်တံတားကျေးရွာ၊ ရေနားဘုန်းကြီး ကျောင်းမှာ ဘုန်းတော်ကြီးသင် စာသင်ကျောင်းမှာ ကျောင်းဆရာ လုပ်နေတာကြောင့် အခုလို အသတ်ခံရတာ ဖြစ်တယ်လို့ သိရပါတယ်။
ပြီးခဲ့တဲ့ အောက်တိုဘာ ၄ ရက်က စဥ့်ကူးမြို့နယ် ၊ တောင်အင်း ပြည်သူ့စစ်အဖွဲ့ဝင် ဦးဟူစိန် အပါအဝင် လူ ၃ ဦးဟာ ၊ တောင်အင်းကျေးရွာ ၊ ညောင်ပင်သာကျောင်းဆရာတော် အဂ္ဂမဟာသဒ္ဓမဇောတိကဓဇ ဘဒ္ဒန္တ ဝေပုလ္လရဲ့ သက်တော် ၉၄ နှစ်ပြည့် မွေးနေ့မင်္ဂလာကျင်းပနိူင်ရေး ပွဲမိန့်တင်ရန်အတွက် စဥ့်ကူးမြို့ကို ရေတော်ကျေးရွာ လူမှုကူညီရေးအသင်းပိုင် Super Custom အမျိုးအစား ကားနဲ့ သွားရောက်တဲ့အခါ လမ်းမှာ ပစ်ခတ်ခံရပြီး အဲ့ဒီ ပစ်ခတ်တဲ့နားမှာ ဆိုင်ကယ်စီးခရီးသည် ကိုပိုင်မင်းဖြိုး ၂၅ နှစ် ဆိုသူ ကျည်ထိမှန် သေဆုံးခဲ့တယ်လို့ သိရပါတယ်။
အဲ့ဒါကြောင့် မန္တလေးတိုင်းမှာ ဒီရက်ပိုင်းအတွင်း ပစ်သတ်ခံရသူ ၇ ယောက်ထက်မနည်း ရှိတယ်လို့ မှတ်တမ်းတွေအရ သိရတာ ဖြစ်ပါတယ်။
ဓာတ်ပုံ ၊ မြန်မာနိုင်ငံ လူမှုကယ်ဆယ်ရေး အဖွဲ့ ( မန္တလေးတိုင်းရုံး)
May be an image of 6 people, ambulance and hospital
See Insights and Ads
Advertise
<img class="x16dsc37" role="presentation" src="data:;base64, ” width=”18″ height=”18″ />
<img class="x16dsc37" role="presentation" src="data:;base64, ” width=”18″ height=”18″ />
All reactions:

287

Related posts

Leave a Comment

VOM News

FREE
VIEW