သက်ရှိထင်ရှား အသက်အရှည်ဆုံးပုဂ္ဂိုလ်အဖြစ် အသက် ၁၁၆ နှစ်အရွယ်ဂျပန်အဖွား ဂင်းနစ်စံချိန်တင်

တိုကျို၊ မတ်-၉-၂၀၁၉

မျိုးဆက် (VOM)

 

ကမ္ဘာပေါ်တွင် သက်ရှိထင်ရှားရှိတဲ့ အသက်အရှည်ဆုံး ပုဂ္ဂိုလ်အဖြစ် ဂျပန်နိုင်ငံမှ အသက် ၁၁၆ နှစ်အရွယ်အမျိုးသမီးတစ်ဦးကို ကမ္ဘာ့စံချိန် ဂင်းနစ်မှတ်တမ်းမှာ ထည့်သွင်းသတ်မှတ်လိုက်ပါတယ်။

Kane Tanaka လို့အမည်ရတဲ့ အဆိုပါ ဂျပန်အမျိုးသမီးကို ဂျပန်နိုင်ငံအနောက်တောင်ပိုင်း ဖူကူအိုကာရှိ ၎င်းနေထိုင်ရာ စောင့်ရှောက်ရေးဂေဟာမှာ မတ် ၉ ရက်က အခမ်းအနားတစ်ခုကျင်းပပြီး အသိအမှတ်ပြုခဲ့တာဖြစ်ပါတယ်။

 

Tanaka ကို ၁၉၀၃ ခုနှစ် ဇန်န၀ါရီ  ၂ ရက်နေ့မှာမွေးဖွားခဲ့တာဖြစ်ပါတယ်။ ၁၉၂၂ ခုနှစ်မှာ Hideo Tanaka နဲ့လက်ထပ်ခဲ့ပြီး ကလေးလေးယောက်မွေးဖွားခဲ့ကာ နောက်ထပ်ကလေးငယ်တစ်ဦးကို မွေးစားခဲ့ပါတယ်။

 

ယခင်က အသက်ရှင်လျက်ရှိတဲ့ အသက်အကြီးလူအဖြစ် သတ်မှတ်ခံရသူမှာလည်း ဂျပန်အမျိုးသမီးတစ်ဦးဖြစ်သူ Chiyo Miyako ဖြစ်ပြီး လွန်ခဲ့တဲ့ ဇူလိုင်လက အသက် ၁၁၇ နှစ်အရွယ်မှာ ကွယ်လွန်ခဲ့ပါတယ်။

 

ဂျပန်နိုင်ငံသားတွေအနေနဲ့ အသက်ရှည်ကြာစွာ နေထိုင်ရလေ့ရှိပြီး အသက်အကြီးဆုံး လူပုဂ္ဂိုလ် စာရင်းမှာလည်း အများစု ဖော်ပြခြင်းခံခဲ့ရပါတယ်။ ကမ္ဘာပေါ်မှာ အသက်အရှည်ဆုံးနေထိုင်ခဲ့သူကတော့ ပြင်သစ်နိုင်ငံက Jeanne Louise Calment ဆိုသူအမျိုးသမီးဖြစ်ပြီး အသက် ၁၂၂ နှစ်မှာ ကွယ်လွန်သွား တယ်လို့ ဂင်းနစ်မှတ်တမ်းများအရ သိရပါတယ်။

 

Ref :The Guardian

Photo : AP

#voiceofmyanmar#သက်ရှိထင်ရှားအသက်အရှည်ဆုံး #ဂျပန်

Related posts

Leave a Comment

VOM News

FREE
VIEW