ဖေဖော်ဝါရီလအတွင်း တစ်နိုင်ငံလုံး လောင်းကစားမှု ၃၀၀ ကျော် ဖမ်းမိတဲ့အထဲမှာ ရန်ကုန်တိုင်းက အများဆုံးဖြစ်

မတ် -၂၀၁၉

သစ်တော်(VOM)

ပြီးခဲ့တဲ့ ဖေဖော်ဝါရီလအတွင်းက တစ်နိုင်ငံလုံးမှာ လောင်းကစားမှု ၃၀၀ ကျော်ဖမ်းမိခဲ့ပြီး ရန်ကုန်တိုင်းအတွင်းမှာ အများဆုံးဖမ်းဆီးရမိခဲ့တယ်လို့ မြန်မာနိုင်ငံရဲတပ်ဖွဲ့က ထုတ်ပြန်ထားပါတယ်။

ဖမ်းဆီးရရှိမှု အရေအတွက်အနေနဲ့ကတော့ ရန်ကုန်တိုင်းထဲမှာ ၁၅၄ မှုနဲ့ အများဆုံးဖမ်းမိခဲ့ပြီး ပဲခူးတိုင်းမှာ အမှု ၅၀၊ ဧရာဝတီတိုင်းမှာ ၃၃ မှုနဲ့ မန္တလေးတိုင်းမှာ ၂၉ မှု ဖမ်းဆီးရမိခဲ့ပါတယ်။

ဒ့ါအပြင်ဖေဖော်ဝါရီလအတွင်း လောင်းကစားဖမ်းဆီးမှုဟာ ရခိုင်ပြည်နယ်မှာ ၂ မှု ကရင်ပြည်နယ်မှာ ၃မှု နေပြည်တော်မှာ ၆မှု ကချင်ပြည်နယ်မှာ ၇ မှု မွန်ပြည်နယ်မှာ ၁၆ မှု မကွေးတိုင်းဒေသကြီးမှာ ၂၁မှုစစ်ကိုင်းတိုင်းမှာ၈မှုဖမ်းဆီးရမိတယ်လို့ထုတ်ပြန်ထားတဲ့စာရင်းတွေအရသိရပါတယ်။

လောင်းကစားမှုတွေထဲမှာ နှစ်လုံးထီက ၁၄၇ မှုနဲ့အများဆုံးဖြစ်ပြီး ဖဲက ၆၄ မှု၊ ချဲထီက အမှု ၅၀ ဖြစ်ပြီးဒီအမှုတွေအတွက် တရားခံ ၈၃၄ ယောက်ဖမ်းဆီးထားပြီးလောင်းကြေးငွေကျပ်သိန်း၃၂၀ကျော်ဖမ်းဆီးမိတယ်လို့လည်းသိရပါတယ်။

 

#voiceofmyanmar #လောင်းကစားမှု #ရန်ကုန်တိုင်း #မှုခင်း

Related posts

Leave a Comment

VOM News

FREE
VIEW