ပေကျင်း၊ အောက်တိုဘာ-၂၅-၂၀၂၃
မျိုးဆက်(VOM)
လူြုမင်ကွင်းကနေ နှစ်လကြာပျောက်ကွယ်နေတဲ့ တရုတ်ကာကွယ်ရေးဝန်ကြီး လီရှန်ဖူဟာ ရာထူးကနေ တရားဝင်ထုတ်ပယ်ခံလိုက်ရပြီဖြစ်ပါတယ်။
သူ့ကို ရာထူးကနေ ထုတ်ပယ်လိုက်တာနဲ့ပတ်သက်ပြီး တရုတ်အာဏာပိုင်တွေက တစုံတရာ ရှင်းလင်းချက်မပေးခဲ့သလို သူ့နေရာမှာ ဘယ်သူ့ကို အစားထိုးခန့်အပ်တယ်ဆိုတာကိုလည်း ထုတ်ပြန်ကြေညာခြင်းမရှိပါဘူး။
တရုတ်နိုင်ငံခြားရေးဝန်ကြီး ချင်ဂန်းအပါအဝင် တရုတ်စစ်ဘက်ထိပ်တန်းတာဝန်ရှိသူအများအပြား ရာထူးကနေ ဖယ်ရှားခံလိုက်ရပြီး များမကြာခင်မှာ တရုတ်ကာကွယ်ရေးဝန်ကြီးလည်း ရာထူးကနေ ထုတ်ပယ်ခံလိုက်ရတာဖြစ်ပါတယ်။
တရုတ်ကာကွယ်ရေးဝန်ကြီး လီရှန်ဖူနဲ့ နိုင်ငံခြားရေးဝန်ကြီး ချင်ဂန်တို့ကို တရုတ်အမျိုးသားပြည်သူ့ကွန်ဂရက် အမြဲတမ်းကော်မတီက ရာထူးကနေ တရားဝင် ထုတ်ပယ်လိုက်ကြောင်း နိုင်ငံပိုင် စီစီတီဗီသတင်းဌာနက ဖော်ပြထားပါတယ်။
သူဟာ စစ်လက်နက်ပစ္စည်းတွေဝယ်ယူရေးနဲ့ ပတ်သက်ပြီး အကျင့်ပျက်ချစားမှုကြောင့် စုံးစမ်းစစ်ဆေးခံနေရကြောင်း ရိုက်တာသတင်းဌာနက လွန်ခဲ့တဲ့လက ဖော်ပြထားပါတယ်။
Ref:BBC
Photo:Reuters